မော်လမြိုင်မှ NLD အဖွဲ့ဝင် အမျိုးသမီးတစ်ဦး ဖမ်းခံရ

သတင်းနှင့် မီဒီယာကွန်ရက်
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်။

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါ်နွယ်နွယ်အောင်ကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု NLD ပါတီအသိုင်းအဝိုင်းထံမှ သိရ သည်။

ဒေါ်နွယ်နွယ်အောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အောက်တိုဘာ ၂၇ ရက်နေ့၊ ည ၁၁ နာရီဝန်းကျင် အချိန်ခန့် က မော်လမြိုင်မြို့ စျေးကြိုရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် လာရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။

NLD ပါတီနှင့် နီးစပ်သည့် မြို့ခံတစ်ဦးက “ဒေါ်နွယ်နွယ်အောင် ညက အဖမ်းခံရတယ်လို့ ကြားတယ်။ သူ့ရဲ့အိမ်မှာ ပဲ လာဖမ်းသွားတယ်လို့ ပြောတယ်။ အကြောင်းအရင်းကိုတော့ ကျနော်တို့လည်း သေချာမသိသေးဘူး” ဟု ပြောသည်။

ဒေါ်နွယ်နွယ်အောင် ဖမ်းဆီးခံရသည့် အကြောင်းအရင်းကိုလည်း မသိရှိသေးဘူးဟု NLD ပါတီဝင်များ က ပြော သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်းက NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် အခြားသော ပါတီများမှ ပါတီဝင်အချို့ ဖမ်းဆီးခံရမှုရှိနေသည့်အပြင် အများစုက ထွက်ပြေးတိမ်းရှောင်နေကြ ရသည်။

ပြည်နယ်အတွင်းက လွှတ်တော်ကိုယ်စားလှယ်အချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ နှင့် ပတ်သက်မှုမရှိကြောင်း စစ်ကောင်စီထံ ခံဝန်လက်မှတ် ရေးထိုး ပြီး နေအိမ်တွင် နေထိုင်နေကြသည်လည်းရှိသည်ဟု သိရသည်။

ထိုသို့ ခံဝန်လက်မှတ်ရေးထိုးပြီး နေသူများထဲတွင် ဒေါ်နွယ်နွယ်အောင်လည်း ပါဝင်ကြောင်း သတင်းများ ထွက် နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

ယခုဖမ်းဆီးခံလိုက်ရသည့် ဒေါ်နွယ်နွယ်အောင်သည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲက မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး အနိုင်ရရှိထားသည့် ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။

ဒေါ်နွယ်နွယ်အောင်သည် ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူဖြစ်ပြီး မော်လမြိုင်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ လည်း ဖြစ်သည်။

*** ZAWGYI ***
ေမာ္လၿမိဳင္မွ NLD အဖြဲ႕ဝင္ အမ်ိဳးသမီးတစ္ဦး ဖမ္းခံရ

သတင္းႏွင့္ မီဒီယာကြန္ရက္
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၈ ရက္။

မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (NLD) ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ တစ္ဦးျဖစ္သူ ေဒၚႏြယ္ႏြယ္ေအာင္ကို စစ္ေကာင္စီက ဖမ္းဆီးသြားသည္ဟု NLD ပါတီအသိုင္းအဝိုင္းထံမွ သိရ သည္။

ေဒၚႏြယ္ႏြယ္ေအာင္ကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ေအာက္တိုဘာ ၂၇ ရက္ေန႔၊ ည ၁၁ နာရီဝန္းက်င္ အခ်ိန္ခန႔္ က ေမာ္လၿမိဳင္ၿမိဳ႕ ေစ်းႀကိဳရပ္ကြက္ရွိ ၎၏ေနအိမ္တြင္ လာေရာက္ ဖမ္းဆီးသြားခဲ့ျခင္းျဖစ္သည္ဟု ၿမိဳ႕ခံမ်ားက ေျပာသည္။

NLD ပါတီႏွင့္ နီးစပ္သည့္ ၿမိဳ႕ခံတစ္ဦးက “ေဒၚႏြယ္ႏြယ္ေအာင္ ညက အဖမ္းခံရတယ္လို႔ ၾကားတယ္။ သူ႔ရဲ႕အိမ္မွာ ပဲ လာဖမ္းသြားတယ္လို႔ ေျပာတယ္။ အေၾကာင္းအရင္းကိုေတာ့ က်ေနာ္တို႔လည္း ေသခ်ာမသိေသးဘူး” ဟု ေျပာသည္။

ေဒၚႏြယ္ႏြယ္ေအာင္ ဖမ္းဆီးခံရသည့္ အေၾကာင္းအရင္းကိုလည္း မသိရွိေသးဘူးဟု NLD ပါတီဝင္မ်ား က ေျပာ သည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ မြန္ျပည္နယ္အတြင္းက NLD ပါတီ လႊတ္ေတာ္ကိုယ္စားလွယ္အခ်ိဳ႕ႏွင့္ အျခားေသာ ပါတီမ်ားမွ ပါတီဝင္အခ်ိဳ႕ ဖမ္းဆီးခံရမႈရွိေနသည့္အျပင္ အမ်ားစုက ထြက္ေျပးတိမ္းေရွာင္ေနၾက ရသည္။

ျပည္နယ္အတြင္းက လႊတ္ေတာ္ကိုယ္စားလွယ္အခ်ိဳ႕က ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) ႏွင့္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) တို႔ ႏွင့္ ပတ္သက္မႈမရွိေၾကာင္း စစ္ေကာင္စီထံ ခံဝန္လက္မွတ္ ေရးထိုး ၿပီး ေနအိမ္တြင္ ေနထိုင္ေနၾကသည္လည္းရွိသည္ဟု သိရသည္။

ထိုသို႔ ခံဝန္လက္မွတ္ေရးထိုးၿပီး ေနသူမ်ားထဲတြင္ ေဒၚႏြယ္ႏြယ္ေအာင္လည္း ပါဝင္ေၾကာင္း သတင္းမ်ား ထြက္ ေနေသာ္လည္း သီးျခားအတည္ျပဳႏိုင္ျခင္းမရွိေပ။

ယခုဖမ္းဆီးခံလိုက္ရသည့္ ေဒၚႏြယ္ႏြယ္ေအာင္သည္ ၿပီးခဲ့သည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲက ေမာ္လၿမိဳင္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) ျပည္နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး အႏိုင္ရရွိထားသည့္ ကိုယ္စားလွယ္တစ္ဦးျဖစ္သည္။

ေဒၚႏြယ္ႏြယ္ေအာင္သည္ ၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းကလည္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (NLD) ၏ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္ ေ႐ြးေကာက္ခံခဲ့ရသူျဖစ္ၿပီး ေမာ္လၿမိဳင္ၿမိဳ႕နယ္ NLD ပါတီ ဥကၠ႒ လည္း ျဖစ္သည္။