ထွက်ပြေးနေသော ရွာသားများအား နှစ်ရက်အတွင်း အိမ်ပြန်လာရန် စစ်ကောင်စီ အမိန့်ထုတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်။

စစ်ကောင်စီကို ကြောက်၍ ရွာလုံးကျွတ်ထွက်ပြေးနေသော မကွေးတိုင်း သရက်မြို့နယ်အတွင်းရှိ ပုဏ္ဏား ရွာသားများအား နှစ်ရက်အတွင်း ပြန်မလာပါက အိမ်ရှိ ပစ္စည်းများ သိမ်းယူမည်ဟု စစ်ကောင်စီက ကြေညာထားသည်။

ပုဏ္ဏားကျေးရွာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်တပ်က ကြေညာခြင်း ဖြစ် သည်ဟု ဒေသခံများက ပြောသည်။

ပုဏ္ဏားကျေးရွာက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီတွင် ပါဝင်ခဲ့ဖူးသူလူငယ်များ၊ ဒီမိုကရေစီအရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ သူ လူငယ်များ အယောက် ၂၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်နေသဖြင့် လူငယ်များအပါအဝင် ရွာသူ/သားများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။

အောက်တိုဘာလဆန်းပိုင်းက ပုဏ္ဏားကျေးရွာအနီးရှိ သရက်နှင့်ကံမ PDF က ကင်းလှည့်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ကို ခြုံခိုတိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးကာ ဒဏ်ရာရသူအချို့ရှိခဲ့၍ လက်တုန့်ပြန်နေခြင်း ဖြစ်သည်ဟု ဒေသ ခံများက ဆိုသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ပုဏ္ဏားကျေးရွာကို ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။

”ပုဏ္ဏားကျေးရွာက လုပ်တာမဟုတ်ဘဲ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ နီးတာမို့ ရမ်းခံနေကြရတာ။ PDF က လည်း သူတို့ လုပ်တာ ဝန်ခံထားတာဘဲ” ဟု အသက် ၅၀ အရွယ် ပုဏ္ဏားကျေးရွာက ဒေသခံတစ်ဦး က ပြောသည်။

သရက်မြို့နယ်၊ ပုဏ္ဏားကျေးရွာ သည် ဖက်ဆစ်ဂျပန်များကို ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် စစ်ကြေညာခဲ့သည့် ကျေးရွာဖြစ်ပြီး မော်ကွန်းကျောက်စာတိုင်လည်းရှိသည်။

*** ZAWGYI ***
ထြက္ေျပးေနေသာ ႐ြာသားမ်ားအား ႏွစ္ရက္အတြင္း အိမ္ျပန္လာရန္ စစ္ေကာင္စီ အမိန႔္ထုတ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၉ ရက္။

စစ္ေကာင္စီကို ေၾကာက္၍ ႐ြာလုံးကြၽတ္ထြက္ေျပးေနေသာ မေကြးတိုင္း သရက္ၿမိဳ႕နယ္အတြင္းရွိ ပုဏၰား ႐ြာသားမ်ားအား ႏွစ္ရက္အတြင္း ျပန္မလာပါက အိမ္ရွိ ပစၥည္းမ်ား သိမ္းယူမည္ဟု စစ္ေကာင္စီက ေၾကညာထားသည္။

ပုဏၰားေက်း႐ြာ ဘုန္းႀကီးေက်ာင္းႏွင့္ စာသင္ေက်ာင္းတြင္ တပ္စြဲထားသည့္ စစ္တပ္က ေၾကညာျခင္း ျဖစ္ သည္ဟု ေဒသခံမ်ားက ေျပာသည္။

ပုဏၰားေက်း႐ြာက အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ပါတီတြင္ ပါဝင္ခဲ့ဖူးသူလူငယ္မ်ား၊ ဒီမိုကေရစီအေရး ဆႏၵျပပြဲမ်ားတြင္ ပါဝင္ခဲ့ သူ လူငယ္မ်ား အေယာက္ ၂၀ ေက်ာ္ကို စစ္ေကာင္စီတပ္က ဖမ္းဆီးႏွိပ္စက္ေနသျဖင့္ လူငယ္မ်ားအပါအဝင္ ႐ြာသူ/သားမ်ား ႐ြာလုံးကြၽတ္ ထြက္ေျပးတိမ္းေရွာင္ေနၾကျခင္းျဖစ္သည္။

ေအာက္တိုဘာလဆန္းပိုင္းက ပုဏၰားေက်း႐ြာအနီးရွိ သရက္ႏွင့္ကံမ PDF က ကင္းလွည့္လာသည့္ စစ္ေကာင္စီ တပ္ဖြဲ႕ကို ၿခဳံခိုတိုက္ခိုက္ခဲ့ရာ ၃ ဦး ေသဆုံးကာ ဒဏ္ရာရသူအခ်ိဳ႕ရွိခဲ့၍ လက္တုန႔္ျပန္ေနျခင္း ျဖစ္သည္ဟု ေဒသ ခံမ်ားက ဆိုသည္။

ထိုသို႔ တိုက္ခိုက္ခံရၿပီးေနာက္ စစ္ေကာင္စီတပ္က ပုဏၰားေက်း႐ြာကို ရမ္းသမ္းပစ္ခတ္မႈေၾကာင့္ ျပည္သူႏွစ္ဦး ေသဆုံးခဲ့ရၿပီးျဖစ္သည္။

”ပုဏၰားေက်း႐ြာက လုပ္တာမဟုတ္ဘဲ တိုက္ပြဲျဖစ္တဲ့ေနရာနဲ႔ နီးတာမို႔ ရမ္းခံေနၾကရတာ။ PDF က လည္း သူတို႔ လုပ္တာ ဝန္ခံထားတာဘဲ” ဟု အသက္ ၅၀ အ႐ြယ္ ပုဏၰားေက်း႐ြာက ေဒသခံတစ္ဦး က ေျပာသည္။

သရက္ၿမိဳ႕နယ္၊ ပုဏၰားေက်း႐ြာ သည္ ဖက္ဆစ္ဂ်ပန္မ်ားကို ဗိုလ္ခ်ဳပ္ေအာင္ဆန္း ကိုယ္တိုင္ စစ္ေၾကညာခဲ့သည့္ ေက်း႐ြာျဖစ္ၿပီး ေမာ္ကြန္းေက်ာက္စာတိုင္လည္းရွိသည္။