ပြည်သူ့စစ်ခေါင်းဆောင်အိမ် မီးရှို့ခံရ၊ လူ ၄ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်။
တနင်္သာရီ မြို့နယ်အတွင်းမှ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး၏ နေအိမ်မီးရှို့ခံရပြီး ထိုသူ အပါအဝင် မိသားစုဝင် ၄ ဦး မီးခိုးမွှန် သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ပြောသည်။
အောက်တိုဘာ ၂၉ ရက်နေ့၊ ယနေ့ နံနက် ၄ နာရီအချိန်ခန့်တွင် စစ်ကောင်စီ သတင်းပေးဟု နာမည်ထွက်နေခဲ့သော ပဝရွာမကြီးမှ ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ဌေး၏ အိမ်ကို မျက်နှာဖုံးစွပ်ထားသည့် အဖွဲ့တစ်ဖွဲ့က လာ ဝိုင်းကာ အိမ်အပြင်ထွက်လာပြီး အဖမ်းခံရန်ပြောဆိုခဲ့ရာ ထွက်မလာသည့်အတွက် မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။
ပဝရွာမကြီး က ဒေသခံ အမျိုးသားတစ်ဦး က “ဦးမြင့်ဌေးက ထွက်မလာဘဲ သေနတ်နဲ့ ပြန်ပြီး ပစ်ခတ်ခုခံခဲ့လို့ မျက်နှာဖုံးစွပ်ထားတဲ့အဖွဲ့က အိမ်ကို ဓာတ်ဆီလောင်းပြီးမီးရှို့လိုက်တာ” ဟု ပြောသည်။
နေအိမ်မီးလောင်သဖြင့် ဦးမြင့်ဌေး၊ ၎င်း၏ဇနီးဖြစ်သူနှင့် ဆယ်ကျော်သက် ၎င်းတို့၏ သမီးဖြစ်သူအပါအဝင် ညလာအိပ်သည့် သမီးဖြစ်သူ၏ သူငယ်ချင်း စုစုပေါင်း လေးဦး သေဆုံးခဲ့သည်ဟု ပဝရွာမကြီးက ရွာခံများက ပြောသည်။
ဦးမြင့်ဌေးသည် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ပြီး ပြည်သူ့ စစ်ခေါင်းဆောင် တာဝန်ယူထားသူလည်း ဖြစ်သည်။
ထို့အပြင် ဦးမြင့်ဌေးသည် ကျေးရွာအတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင်များနှင့် CDM ဝန်ထမ်း များကို ဖိအားပေးခြိမ်းခြောက်ခြင်း၊ PDF များ၏ လှုပ်ရှားမှုများကို စစ်ကောင်စီတပ်ထံ သတင်းပေးပို့ခြင်းများ လုပ်ဆောင်နေသူ ဖြစ်သည်ဟု ဒေသခံများက စွပ်စွဲထားသည်။
၎င်းတို့၏ နေအိမ်ကို လာဝိုင်းခံရသည့်အချိန် အိမ်ထဲမှ ထွက်ပြေးလွတ်မြောက်သွားသူ ဦးထွန်းလှ ဆိုသည့် ပြည် သူ့ စစ်တစ်ဦးလည်း သေနတ်ဒဏ်ရာအပြင်းအထန် ရရှိခဲ့ရာ ယခုခါ တနင်္သာရီမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထား ရသည်ဟု ရွာသားများက ပြောသည်။
မီးလောင်မှု ဖြစ်ပွားပြီးနောက် နံနက် ၉ နာရီ အချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားများဖြင့် ရောက်ရှိ လာပြီး ကျေးရွာအတွင်း စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေသည်ဟု ဆိုသည်။
ထို့ကြောင့် ကျေးရွာထဲက အမျိုးသားအချို့က စိုးရိမ်ကြောက်ရွံ့ပြီး ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသ ခံများက ပြောသည်။
ပဝကျေးရွာသည် တနင်္သာရီမြစ်ကမ်းဘေးတွင် တည်ရှိပြီး အိမ်ခြေ ၆၀၀ နီးပါး ရှိသည့် ကျေးရွာကြီး တစ်ရွာ ဖြစ်သည်။
*** ZAWGYI ***
ျပည္သူ႔စစ္ေခါင္းေဆာင္အိမ္ မီးရႈိ႕ခံရ၊ လူ ၄ ဦး ေသဆုံး
သတင္းႏွင့္ မီဒီယာ ကြန္ရက္
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၉ ရက္။
တနသၤာရီ ၿမိဳ႕နယ္အတြင္းမွ ျပည္သူ႔စစ္ေခါင္းေဆာင္တစ္ဦး၏ ေနအိမ္မီးရႈိ႕ခံရၿပီး ထိုသူ အပါအဝင္ မိသားစုဝင္ ၄ ဦး မီးခိုးမႊန္ ေသဆုံးခဲ့ၿပီး တစ္ဦး ဒဏ္ရာရခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။
ေအာက္တိုဘာ ၂၉ ရက္ေန႔၊ ယေန႔ နံနက္ ၄ နာရီအခ်ိန္ခန႔္တြင္ စစ္ေကာင္စီ သတင္းေပးဟု နာမည္ထြက္ေနခဲ့ေသာ ပဝ႐ြာမႀကီးမွ ျပည္သူ႔စစ္ေခါင္းေဆာင္ ဦးျမင့္ေဌး၏ အိမ္ကို မ်က္ႏွာဖုံးစြပ္ထားသည့္ အဖြဲ႕တစ္ဖြဲ႕က လာ ဝိုင္းကာ အိမ္အျပင္ထြက္လာၿပီး အဖမ္းခံရန္ေျပာဆိုခဲ့ရာ ထြက္မလာသည့္အတြက္ မီးရႈိ႕ခဲ့ျခင္းျဖစ္သည္ဟု ႐ြာသားမ်ားက ေျပာသည္။
ပဝ႐ြာမႀကီး က ေဒသခံ အမ်ိဳးသားတစ္ဦး က “ဦးျမင့္ေဌးက ထြက္မလာဘဲ ေသနတ္နဲ႔ ျပန္ၿပီး ပစ္ခတ္ခုခံခဲ့လို႔ မ်က္ႏွာဖုံးစြပ္ထားတဲ့အဖြဲ႕က အိမ္ကို ဓာတ္ဆီေလာင္းၿပီးမီးရႈိ႕လိုက္တာ” ဟု ေျပာသည္။
ေနအိမ္မီးေလာင္သျဖင့္ ဦးျမင့္ေဌး၊ ၎၏ဇနီးျဖစ္သူႏွင့္ ဆယ္ေက်ာ္သက္ ၎တို႔၏ သမီးျဖစ္သူအပါအဝင္ ညလာအိပ္သည့္ သမီးျဖစ္သူ၏ သူငယ္ခ်င္း စုစုေပါင္း ေလးဦး ေသဆုံးခဲ့သည္ဟု ပဝ႐ြာမႀကီးက ႐ြာခံမ်ားက ေျပာသည္။
ဦးျမင့္ေဌးသည္ စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉးတစ္ဦးျဖစ္ၿပီး ျပည္သူ႔ စစ္ေခါင္းေဆာင္ တာဝန္ယူထားသူလည္း ျဖစ္သည္။
ထို႔အျပင္ ဦးျမင့္ေဌးသည္ ေက်း႐ြာအတြင္းရွိ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD အဖြဲ႕ဝင္မ်ားႏွင့္ CDM ဝန္ထမ္း မ်ားကို ဖိအားေပးၿခိမ္းေျခာက္ျခင္း၊ PDF မ်ား၏ လႈပ္ရွားမႈမ်ားကို စစ္ေကာင္စီတပ္ထံ သတင္းေပးပို႔ျခင္းမ်ား လုပ္ေဆာင္ေနသူ ျဖစ္သည္ဟု ေဒသခံမ်ားက စြပ္စြဲထားသည္။
၎တို႔၏ ေနအိမ္ကို လာဝိုင္းခံရသည့္အခ်ိန္ အိမ္ထဲမွ ထြက္ေျပးလြတ္ေျမာက္သြားသူ ဦးထြန္းလွ ဆိုသည့္ ျပည္ သူ႔ စစ္တစ္ဦးလည္း ေသနတ္ဒဏ္ရာအျပင္းအထန္ ရရွိခဲ့ရာ ယခုခါ တနသၤာရီၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထား ရသည္ဟု ႐ြာသားမ်ားက ေျပာသည္။
မီးေလာင္မႈ ျဖစ္ပြားၿပီးေနာက္ နံနက္ ၉ နာရီ အခ်ိန္ခန႔္တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ကားမ်ားျဖင့္ ေရာက္ရွိ လာၿပီး ေက်း႐ြာအတြင္း စစ္ေဆးေမးျမန္းမႈမ်ား လုပ္ေဆာင္ေနသည္ဟု ဆိုသည္။
ထို႔ေၾကာင့္ ေက်း႐ြာထဲက အမ်ိဳးသားအခ်ိဳ႕က စိုးရိမ္ေၾကာက္႐ြံ႕ၿပီး ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္ဟု ေဒသ ခံမ်ားက ေျပာသည္။
ပဝေက်း႐ြာသည္ တနသၤာရီျမစ္ကမ္းေဘးတြင္ တည္ရွိၿပီး အိမ္ေျခ ၆၀၀ နီးပါး ရွိသည့္ ေက်း႐ြာႀကီး တစ္႐ြာ ျဖစ္သည္။