ပုသိမ်ရှိ NLD ပါတီရုံး မိုင်းခွဲဖျက်ဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်။

ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ စစ်ကောင်စီ က ချိတ်ပိတ်ထားသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရုံး အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် အစောပိုင်း ၃ နာရီခန့်က မိုင်းခွဲ ဖျက်ဆီး ခံရသည်။

ပုသိမ်မြို့ အမှတ် ၅ ရပ်ကွက် ပုသိမ်နယ်မြေ ရဲစခန်းအနီး ဧရာဝတီ ဆေးရုံလမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ မြို့နယ်ရုံးတွင် မိုင်းကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ပေါက်ကွဲသံက NLD ရုံးနဲ့ ၁မိုင် လောက်ဝေးတဲ့ နေရာက တောင်ကြားရတယ်။ မနက်ကြတော့မှ NLD ရုံး မိုင်းခွဲ ခံရမှန်း သိတာ” ဟု ပုသိမ်တစ်ဘက်ကမ်းတွင် နေထိုင်သူ တစ်ဦး က ပြောသည်။

ပေါက်ကွဲမှုကြောင့် ရုံးအောက်ထပ်၊ အဝင်အထွက် သံဘာဂျာ တံခါး၊ ပရိဘောဂ ပစ္စည်းများ နှင့် အထပ် ၃ ထပ်ရှိ နေရောင်ကာမှန်များ ပျက်စီးသွားသည်ဟု ယင်းရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။

မိုင်းခွဲ ဖျက်ဆီးခံရသည့် NLD မြို့နယ်ရုံး၏ အနီးဝန်းကျင်တွင် ရဲစခန်း၊ အကျဉ်းထောင်၊ SB တပ်ဖွဲ့ရုံး၊ မီးသတ် တပ်ဖွဲ့များ ရှိနေသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း အချိန်ပြည့် စောင့်ကြည့်နေသည့် ကြားက ဖျက်ဆီး ခံရလိုက်ရခြင်း ဖြစ်သည်ဟု NLD ပါတီဝင် တစ်ဦးက ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ဒေသခံ ဦးခင်ဝင်း ကလည်း “သာမန်လူ အပြင် မထွက်ရ ၁၄၄ ထုတ်ထားတဲ့အချိန်မှာ ပေါက်ကွဲတာ။ ပတ်လည် မှာက စစ်သား၊ ရဲ ၊ မီးသတ်ရှိတယ်။ အဲတော့ ဒီဖောက်ခွဲမှုကို စစ်တပ်က မလုပ်ရင် ဘယ်သူကမှ မလုပ်နိုင်ဘူး” ဟု မှတ်ချက်ပြု ပြောဆိုသည်။

စစ်ကောင်စီက NLD ပါတီရုံးများကို တိတ်တဆိတ် မိုင်းခွဲဖျက်နေခြင်းနှင့် ဒလန်များ၊ ပျူစောထီးများ မွေး၍ အာ ဏာသိမ်းမှုဆန့်ကျင်သူများ ဖမ်းဆီးနေခြင်းမှာ ပြည်သူ အချင်းချင်း အပြန်အလှန်တိုက်ခိုက်မှု ပိုမိုကြီးထွားလာ စေရန် ရည်ရွယ်ပြီး လုပ်ဆောင်နေခြင်း ဖြစ်သည်ဟုလည်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အချို့က ပြော သည်။

ပုသိမ်မြို့တွင် အမှတ် ၂ ရပ်ကွက် ကမ်းနားလမ်းရှိ NLD တိုင်းရုံး၊ အမှတ် ၆ ရပ်ကွက် ဘန့်ဘွေးကုန်းလမ်းရှိ NLD ပုသိမ်ခရိုင်ရုံး နှင့် ယခုဖောက်ခွဲ ဖျက်ဆီးခံလိုက်ရသည့် မြို့နယ် NLD ရုံးတို့ကို အာဏာသိမ်း စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၁ ရက်နေ့ က ချိတ်ပိတ်ထားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

*** ZAWGYI ***
ပုသိမ္ရွိ NLD ပါတီ႐ုံး မိုင္းခြဲဖ်က္ဆီးခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၉ ရက္။

ဧရာဝတီတိုင္း ပုသိမ္ၿမိဳ႕ရွိ စစ္ေကာင္စီ က ခ်ိတ္ပိတ္ထားသည့္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ႐ုံး ေအာက္တိုဘာလ ၂၉ ရက္ေန႔ နံနက္ အေစာပိုင္း ၃ နာရီခန႔္က မိုင္းခြဲ ဖ်က္ဆီး ခံရသည္။

ပုသိမ္ၿမိဳ႕ အမွတ္ ၅ ရပ္ကြက္ ပုသိမ္နယ္ေျမ ရဲစခန္းအနီး ဧရာဝတီ ေဆး႐ုံလမ္းရွိ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ၏ ၿမိဳ႕နယ္႐ုံးတြင္ မိုင္းကြဲခဲ့ျခင္းျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

“ေပါက္ကြဲသံက NLD ႐ုံးနဲ႔ ၁မိုင္ ေလာက္ေဝးတဲ့ ေနရာက ေတာင္ၾကားရတယ္။ မနက္ၾကေတာ့မွ NLD ႐ုံး မိုင္းခြဲ ခံရမွန္း သိတာ” ဟု ပုသိမ္တစ္ဘက္ကမ္းတြင္ ေနထိုင္သူ တစ္ဦး က ေျပာသည္။

ေပါက္ကြဲမႈေၾကာင့္ ႐ုံးေအာက္ထပ္၊ အဝင္အထြက္ သံဘာဂ်ာ တံခါး၊ ပရိေဘာဂ ပစၥည္းမ်ား ႏွင့္ အထပ္ ၃ ထပ္ရွိ ေနေရာင္ကာမွန္မ်ား ပ်က္စီးသြားသည္ဟု ယင္းရပ္ကြက္အတြင္း ေနထိုင္သူမ်ားက ေျပာသည္။

မိုင္းခြဲ ဖ်က္ဆီးခံရသည့္ NLD ၿမိဳ႕နယ္႐ုံး၏ အနီးဝန္းက်င္တြင္ ရဲစခန္း၊ အက်ဥ္းေထာင္၊ SB တပ္ဖြဲ႕႐ုံး၊ မီးသတ္ တပ္ဖြဲ႕မ်ား ရွိေနသည့္အျပင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားလည္း အခ်ိန္ျပည့္ ေစာင့္ၾကည့္ေနသည့္ ၾကားက ဖ်က္ဆီး ခံရလိုက္ရျခင္း ျဖစ္သည္ဟု NLD ပါတီဝင္ တစ္ဦးက ေျပာသည္။

ထိုကိစၥႏွင့္ ပတ္သက္၍ ေဒသခံ ဦးခင္ဝင္း ကလည္း “သာမန္လူ အျပင္ မထြက္ရ ၁၄၄ ထုတ္ထားတဲ့အခ်ိန္မွာ ေပါက္ကြဲတာ။ ပတ္လည္ မွာက စစ္သား၊ ရဲ ၊ မီးသတ္ရွိတယ္။ အဲေတာ့ ဒီေဖာက္ခြဲမႈကို စစ္တပ္က မလုပ္ရင္ ဘယ္သူကမွ မလုပ္ႏိုင္ဘူး” ဟု မွတ္ခ်က္ျပဳ ေျပာဆိုသည္။

စစ္ေကာင္စီက NLD ပါတီ႐ုံးမ်ားကို တိတ္တဆိတ္ မိုင္းခြဲဖ်က္ေနျခင္းႏွင့္ ဒလန္မ်ား၊ ပ်ဴေစာထီးမ်ား ေမြး၍ အာ ဏာသိမ္းမႈဆန႔္က်င္သူမ်ား ဖမ္းဆီးေနျခင္းမွာ ျပည္သူ အခ်င္းခ်င္း အျပန္အလွန္တိုက္ခိုက္မႈ ပိုမိုႀကီးထြားလာ ေစရန္ ရည္႐ြယ္ၿပီး လုပ္ေဆာင္ေနျခင္း ျဖစ္သည္ဟုလည္း လူ႔အခြင့္အေရး တက္ႂကြလႈပ္ရွားသူ အခ်ိဳ႕က ေျပာ သည္။

ပုသိမ္ၿမိဳ႕တြင္ အမွတ္ ၂ ရပ္ကြက္ ကမ္းနားလမ္းရွိ NLD တိုင္း႐ုံး၊ အမွတ္ ၆ ရပ္ကြက္ ဘန႔္ေဘြးကုန္းလမ္းရွိ NLD ပုသိမ္ခ႐ိုင္႐ုံး ႏွင့္ ယခုေဖာက္ခြဲ ဖ်က္ဆီးခံလိုက္ရသည့္ ၿမိဳ႕နယ္ NLD ႐ုံးတို႔ကို အာဏာသိမ္း စစ္ေကာင္စီက ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔ က ခ်ိတ္ပိတ္ထားခဲ့ျခင္း ျဖစ္သည္ဟု သိရသည္။