ပန်းပျိုးလက် ပန်းချီသင်းတည်ထောင်သူ ဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်။

ဧရာဝတီတိုင်း၊ မြောင်းမြမြို့က ပန်းပျိုးလက် ပန်းချီအသင်း တည်ထောင်သူ ကိုဟိန်းဇော်အောင် (အာဒံ) ကို စစ်ကောင်စီတပ်ဖွဲ့ က PDF ဟု စွပ်စွဲပြီး ဖမ်းဆီးသွားသည်။

အောက်တိုဘာ ၂၈ ရက်နေ့၊ ည ၁၀ နာရီ အချိန်ခန့်က မြောင်းမြမြို့ တဘက်ကမ်း ကွယ်လွယ်ကျေးရွာရှိ ပရဟိ တလုပ်နေသူ ပန်းချီဆရာ ကိုဟိန်းဇော်အောင် ၏ အိမ်ကို စစ်ကောင်စီ၏ တပ်ဖွဲ့က အကြမ်းဖက် ဝင်ရောက် စီးနင်းပြီး ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု လမ်းအတွင်းနေထိုင်သူများက ပြောသည်။

“အိမ်တံခါးကို ကန်ကျောက် ဖွင့်သံကြားတယ်။ သေနတ်မောင်းတွေကို “ဗြောင်း”ကနဲ ဆွဲတင်ပြီး ဟိုချိန်ဒီချိန် လုပ်ပြီးဖမ်းတာ။ ခွေးတောင် ဟောင်ပြီး ထွက်ပြေးတယ်” ဟု လမ်းအတွင်း နေထိုင်သူတစ်ဦး က ပြောသည်။

အဖမ်းခံရသူသည် ရန်ကုန်ပညာရေး တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးဖြစ်ပြီး ပန်းချီပညာဖြင့် ပရဟိတလုပ်၍ အလှူပြုနေသူဖြစ်ပြီး ၎င်းသည် ခရီးသွား မှတ်တမ်းမရှိ၍ PDF မဟုတ်နိုင်ဘူးဟု ရပ်ကွက် အုပ် ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကိုဟိန်းဇော်အောင် သည် အနေအေးသူဖြစ်ပြီး ကျန်းမာရေး မကောင်းသဖြင့် မိသားစုဝင်များက အသက် အန္တရာယ်အတွက် စိုးရိမ်နေ ကြသည်။

ကိုဟိန်းဇော်အောင်၏ ဖခင်ဖြစ်သူနှင့် အစ်ကိုဖြစ်သူတို့လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည့်အတွက် အဖမ်းခံခဲ့ရသည်။

ကိုဟိန်းဇော်အောင် ၏ ဖခင်ဖြစ်သူက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အတွက် ဖမ်းဆီးခံရပြီး အောက်တို ဘာလ တတိယပတ်က လွတ်ငြိမ်းဖြင့် ပြန်လွတ်လာပြီး ဖြစ်သော်လည်း အစ်ကိုဖြစ်သူ CDM ကျောင်းဆရာက ဆက်လက် အဖမ်းခံ နေထားရဆဲဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီက မြောင်းမြမြို့တွင် ပရဟိတသမား ၄ ဦးကို စစ်အာဏာသိမ်းမှု ဆန့်ကျင်သည်ဟု ဆိုကာ ဖမ်းဆီး ထားပြီး စက်တင်ဘာလအတွင်း ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ပရဟိတ ဆရာတော် တစ်ပါးကိုလည်း PDF ဟု စွပ်စွဲကာ ဖမ်းဆီးထားသည်ဟု ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။

*** ZAWGYI ***
ပန္းပ်ိဳးလက္ ပန္းခ်ီသင္းတည္ေထာင္သူ ဖမ္းဆီးခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၉ ရက္။

ဧရာဝတီတိုင္း၊ ေျမာင္းျမၿမိဳ႕က ပန္းပ်ိဳးလက္ ပန္းခ်ီအသင္း တည္ေထာင္သူ ကိုဟိန္းေဇာ္ေအာင္ (အာဒံ) ကို စစ္ေကာင္စီတပ္ဖြဲ႕ က PDF ဟု စြပ္စြဲၿပီး ဖမ္းဆီးသြားသည္။

ေအာက္တိုဘာ ၂၈ ရက္ေန႔၊ ည ၁၀ နာရီ အခ်ိန္ခန႔္က ေျမာင္းျမၿမိဳ႕ တဘက္ကမ္း ကြယ္လြယ္ေက်း႐ြာရွိ ပရဟိ တလုပ္ေနသူ ပန္းခ်ီဆရာ ကိုဟိန္းေဇာ္ေအာင္ ၏ အိမ္ကို စစ္ေကာင္စီ၏ တပ္ဖြဲ႕က အၾကမ္းဖက္ ဝင္ေရာက္ စီးနင္းၿပီး ဖမ္းဆီးသြားခဲ့ျခင္းျဖစ္သည္ဟု လမ္းအတြင္းေနထိုင္သူမ်ားက ေျပာသည္။

“အိမ္တံခါးကို ကန္ေက်ာက္ ဖြင့္သံၾကားတယ္။ ေသနတ္ေမာင္းေတြကို “ေျဗာင္း”ကနဲ ဆြဲတင္ၿပီး ဟိုခ်ိန္ဒီခ်ိန္ လုပ္ၿပီးဖမ္းတာ။ ေခြးေတာင္ ေဟာင္ၿပီး ထြက္ေျပးတယ္” ဟု လမ္းအတြင္း ေနထိုင္သူတစ္ဦး က ေျပာသည္။

အဖမ္းခံရသူသည္ ရန္ကုန္ပညာေရး တကၠသိုလ္ ေနာက္ဆုံးႏွစ္ ေက်ာင္းသားတစ္ဦးျဖစ္ၿပီး ပန္းခ်ီပညာျဖင့္ ပရဟိတလုပ္၍ အလႉျပဳေနသူျဖစ္ၿပီး ၎သည္ ခရီးသြား မွတ္တမ္းမရွိ၍ PDF မဟုတ္ႏိုင္ဘူးဟု ရပ္ကြက္ အုပ္ ခ်ဳပ္ေရး အဖြဲ႕ဝင္တစ္ဦးက ေျပာသည္။

ကိုဟိန္းေဇာ္ေအာင္ သည္ အေနေအးသူျဖစ္ၿပီး က်န္းမာေရး မေကာင္းသျဖင့္ မိသားစုဝင္မ်ားက အသက္ အႏၲရာယ္အတြက္ စိုးရိမ္ေန ၾကသည္။

ကိုဟိန္းေဇာ္ေအာင္၏ ဖခင္ျဖစ္သူႏွင့္ အစ္ကိုျဖစ္သူတို႔လည္း စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ခဲ့ၾကသည့္အတြက္ အဖမ္းခံခဲ့ရသည္။

ကိုဟိန္းေဇာ္ေအာင္ ၏ ဖခင္ျဖစ္သူက စစ္အာဏာသိမ္းမႈကို ဆန႔္က်င္သည့္အတြက္ ဖမ္းဆီးခံရၿပီး ေအာက္တို ဘာလ တတိယပတ္က လြတ္ၿငိမ္းျဖင့္ ျပန္လြတ္လာၿပီး ျဖစ္ေသာ္လည္း အစ္ကိုျဖစ္သူ CDM ေက်ာင္းဆရာက ဆက္လက္ အဖမ္းခံ ေနထားရဆဲျဖစ္သည္ဟု ေဒသခံအခ်ိဳ႕က ေျပာသည္။

စစ္ေကာင္စီက ေျမာင္းျမၿမိဳ႕တြင္ ပရဟိတသမား ၄ ဦးကို စစ္အာဏာသိမ္းမႈ ဆန႔္က်င္သည္ဟု ဆိုကာ ဖမ္းဆီး ထားၿပီး စက္တင္ဘာလအတြင္း ဘာသာေပါင္းစုံ ၿငိမ္းခ်မ္းေရး ပရဟိတ ဆရာေတာ္ တစ္ပါးကိုလည္း PDF ဟု စြပ္စြဲကာ ဖမ္းဆီးထားသည္ဟု ေဒသခံမ်ား၏ ေျပာျပခ်က္မ်ားအရ သိရသည္။