တပ်ထောက်ခံပွဲအတွက် လူစုနေစဉ် Mytel တာဝါ နှစ်ခု ဖျက်စီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်။

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တွင် စစ်ကောင်စီ တပ်ထောက်ခံပွဲ ပြုလုပ်ရန် လူစုနေစဉ် Mytel ဖုန်းတာဝါတိုင်နှစ်တိုင် ဆက်တိုက် ပေါက်ကွဲခဲ့သည်။

အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်က အမှတ် ၁၆ ရပ်ကွက် တံခွန်တိုင် ဘုန်းကြီးကျောင်း အနီး ရှိ Mytel ဖုန်းတာဝါတိုင်နှင့် မြစ်တမ်းကျေးရွာအတွင်းရှိ Mytel ဖုန်းတာဝါတိုင်တို့ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။

“စစ်ကောင်စီက စီစဉ်တဲ့ တပ်ထောက်ခံပွဲကို မဘသတွေနဲ့ အုပ်ကြီးအချို့က လူစုနေချိန်မှာ ပေါက်တာ ၅ မိနစ် လောက်ပဲခြားတယ်” ဟု ဖျာပုံမြို့ခံ တစ်ဦးက ပြောသည်။

ယင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ ဒေသခံပြောက်ကျားတပ်ဖွဲ့ ဖြစ်သည့် “ဧရာဗေဒါ” အဖွဲ့က စစ်အုပ်စု၏ Mytel ဖုန်းတာဝါတိုင်ကို အများပြည်သူအား ထိခိုက်မှုမရှိစေပဲ ဖောက်ခွဲ ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ထုတ်ဖော် ပြောကြားထားသည်။

မကြာသေးမီ ရက်များအတွင်းကလည်း မြောင်းမြမြို့နယ်အတွင်း Mytel ဖုန်း တာဝါတိုင် နှစ်ခု မိုင်းခွဲဖျက်ဆီး ခံခဲ့ရသေးသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ က မြောင်းမြမြို့နယ်၊ မဒေါ့ချောင်းကျေးရွာရှိ စစ်အုပ်စုပိုင် Mytel ဖုန်းတာဝါတိုင် ကို မိုင်းခွဲကာ ဓါတ် ဆီလောင်း မီးရှို့ဖျက်ဆီးခံရပြီး ကျောင်းကုန်းမြို့ ကျူတောကုန်းရွာထိပ်ရှိ Mytel ဖုန်းတာဝါ တိုင်ကို အောက်တို ဘာလ ၂၇ ရက်နေ့ ညကမိုင်းခွဲ ဖျက်ဆီးခံခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဒေသခံ ဦးတင်မြင့် က “စစ်အုပ်စုကို အထောက်အပံ့ ဖြစ်စေတယ် ဆိုပြီးတော့ မိုင်တဲတာဝါတိုင်တွေ ဖောက်ခွဲ ဖျက်ဆီးကြတာ အခုနောက်ပိုင်းခပ်စိပ်စိပ် ဖြစ်လာတယ်” ဟု ပြောသည်။

Mytel ဖုန်းတာဝါတိုင် ပေါက်ကွဲမှုများတွင် ဆက်စပ်သည့် စက်ပစ္စည်းများ ပျက်စီးခဲ့သော်လည်း လူထိခိုက်မှု မရှိခဲ့ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်းအတွင်း Mytel တာဝါတိုင် မိုင်းခွဲ မီးရှို့ဖျက်ဆီးခံမှု ၁၅ ကြိမ်ခန့်ထက်မနည်း ရှိနေပြီဖြစ်ပြီး စစ်ကောင်စီက ဖုန်းတာဝါတိုင်များ ပေါက်ကွဲမှုနှင့် ပတ်သက်၍ ဖမ်းဆီးထားသူ ၄၀ ကျော်ရှိသည်။

*** ZAWGYI ***
တပ္ေထာက္ခံပြဲအတြက္ လူစုေနစဥ္ Mytel တာဝါ ႏွစ္ခု ဖ်က္စီးခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၃၁ ရက္။

ဧရာဝတီတိုင္း၊ ဖ်ာပုံၿမိဳ႕နယ္တြင္ စစ္ေကာင္စီ တပ္ေထာက္ခံပြဲ ျပဳလုပ္ရန္ လူစုေနစဥ္ Mytel ဖုန္းတာဝါတိုင္ႏွစ္တိုင္ ဆက္တိုက္ ေပါက္ကြဲခဲ့သည္။

ေအာက္တိုဘာလ ၂၉ ရက္ေန႔ နံနက္ ၈ နာရီေက်ာ္ခန႔္က အမွတ္ ၁၆ ရပ္ကြက္ တံခြန္တိုင္ ဘုန္းႀကီးေက်ာင္း အနီး ရွိ Mytel ဖုန္းတာဝါတိုင္ႏွင့္ ျမစ္တမ္းေက်း႐ြာအတြင္းရွိ Mytel ဖုန္းတာဝါတိုင္တို႔ ေပါက္ကြဲခဲ့ျခင္း ျဖစ္သည္ဟု ေဒသခံမ်ား က ေျပာသည္။

“စစ္ေကာင္စီက စီစဥ္တဲ့ တပ္ေထာက္ခံပြဲကို မဘသေတြနဲ႔ အုပ္ႀကီးအခ်ိဳ႕က လူစုေနခ်ိန္မွာ ေပါက္တာ ၅ မိနစ္ ေလာက္ပဲျခားတယ္” ဟု ဖ်ာပုံၿမိဳ႕ခံ တစ္ဦးက ေျပာသည္။

ယင္းေပါက္ကြဲမႈႏွင့္ပတ္သက္၍ ေဒသခံေျပာက္က်ားတပ္ဖြဲ႕ ျဖစ္သည့္ “ဧရာေဗဒါ” အဖြဲ႕က စစ္အုပ္စု၏ Mytel ဖုန္းတာဝါတိုင္ကို အမ်ားျပည္သူအား ထိခိုက္မႈမရွိေစပဲ ေဖာက္ခြဲ ဖ်က္ဆီးလိုက္ျခင္းျဖစ္သည္ဟု ထုတ္ေဖာ္ ေျပာၾကားထားသည္။

မၾကာေသးမီ ရက္မ်ားအတြင္းကလည္း ေျမာင္းျမၿမိဳ႕နယ္အတြင္း Mytel ဖုန္း တာဝါတိုင္ ႏွစ္ခု မိုင္းခြဲဖ်က္ဆီး ခံခဲ့ရေသးသည္။

ေအာက္တိုဘာလ ၂၈ ရက္ေန႔ က ေျမာင္းျမၿမိဳ႕နယ္၊ မေဒါ့ေခ်ာင္းေက်း႐ြာရွိ စစ္အုပ္စုပိုင္ Mytel ဖုန္းတာဝါတိုင္ ကို မိုင္းခြဲကာ ဓါတ္ ဆီေလာင္း မီးရႈိ႕ဖ်က္ဆီးခံရၿပီး ေက်ာင္းကုန္းၿမိဳ႕ က်ဴေတာကုန္း႐ြာထိပ္ရွိ Mytel ဖုန္းတာဝါ တိုင္ကို ေအာက္တို ဘာလ ၂၇ ရက္ေန႔ ညကမိုင္းခြဲ ဖ်က္ဆီးခံခဲ့ေၾကာင္း ေဒသခံမ်ားထံက သိရသည္။

ေဒသခံ ဦးတင္ျမင့္ က “စစ္အုပ္စုကို အေထာက္အပံ့ ျဖစ္ေစတယ္ ဆိုၿပီးေတာ့ မိုင္တဲတာဝါတိုင္ေတြ ေဖာက္ခြဲ ဖ်က္ဆီးၾကတာ အခုေနာက္ပိုင္းခပ္စိပ္စိပ္ ျဖစ္လာတယ္” ဟု ေျပာသည္။

Mytel ဖုန္းတာဝါတိုင္ ေပါက္ကြဲမႈမ်ားတြင္ ဆက္စပ္သည့္ စက္ပစၥည္းမ်ား ပ်က္စီးခဲ့ေသာ္လည္း လူထိခိုက္မႈ မရွိခဲ့ဟု ေဒသခံမ်ားက ေျပာသည္။

ဧရာဝတီတိုင္းအတြင္း Mytel တာဝါတိုင္ မိုင္းခြဲ မီးရႈိ႕ဖ်က္ဆီးခံမႈ ၁၅ ႀကိမ္ခန႔္ထက္မနည္း ရွိေနၿပီျဖစ္ၿပီး စစ္ေကာင္စီက ဖုန္းတာဝါတိုင္မ်ား ေပါက္ကြဲမႈႏွင့္ ပတ္သက္၍ ဖမ္းဆီးထားသူ ၄၀ ေက်ာ္ရွိသည္။