Mytel တာဝါတိုင် ၃ တိုင် ဆက်တိုက်ဖောက်ခွဲခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်။
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်အတွင်းရှိ အာဏာသိမ်း စစ်အုပ်စုပိုင် Mytel ဖုန်းတာဝါတိုင် ၃ တိုင် အောက်တို ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ဆက်တိုက် ဖောက်ခွဲဖျက်ဆီး ခံရသည်။
ငပုတောမြို့နယ် ငရုတ်ကောင်းမြို့၊ သံပါတ်ကွင်းကျေးရွာတွင် နံနက် ၇ နာရီ ၄၅ မိနစ် အချိန်ခန့် တွင် ပေါက်ကွဲပြီး နောက် ၁၅ မိနစ် အကြာတွင် ပိတောက်ကုန်းကျေးရွာ၌ ပေါက်ကွဲကာ၊ ကနစိုးကုန်းကျေးရွာ တွင် နံနက် ၈ နာရီ ခွဲခန့်တွင် ထပ်မံ ပေါက်ကွဲခဲ့သည်ဟု မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ဝင်များထံက သိရသည်။
ငပုတောမြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦး က “တိုင်အောက်ခြေက စက်တွေ ဝါယာကြိုးတွေ အကုန်ပျက်စီး ကုန်တယ်။ လူထိခိုက်တာတော့ မရှိဘူး” ဟု ပြောသည်။
ငပုတောမြို့နယ် ပြောက်ကျားအဖွဲ့ နှင့် Area -14 အဖွဲ့ က အဆိုပါ ဖောက်ခွဲမှု ၃ ခုအား ပြည်သူများ ထိခိုက်မှု မရှိအောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ပြောကြားထားသည်။
ပေါက်ကွဲမှု ဖြစ်ပွားသည့် ကျေးရွာများသို့ စစ်တပ်နှင့် ရဲများ ရောက်ရှိပြီး ပိတ်ဆို့စစ်ဆေးနေသည့်အတွက် ဒေသခံများက မသက်ဆိုင်သူများကို ဖမ်းဆီးနှိပ်စက် စစ်ဆေးမည်ကို စိုးရိမ်လျှက်ရှိသည်ဟု ဒေသခံအချို့ က ပြောသည်။
“စစ်တပ်နဲ့ ရဲက ကြွက်မနိုင် ကျီမီးရှို့ လုပ်ကြမှာ။ တွေ့ရာလူကို ရမ်းသမ်းဖမ်းကြတော့ ရွာကလူတွေက လန့်နေ ကြတယ်” ဟု ငပုတော ဒေသခံတစ်ဦးက ပြောသည်။
ဧရာဝတီတိုင်းအတွင်း မိုင်တဲဖုန်း တာဝါတိုင်များ မကြာခဏ မိုင်းခွဲမီးရှိုး ဖျက်ဆီးခံနေရပြီး မိုင်တဲဖုန်း တာဝါတိုင် ၂၀ ခန့်ကို ဖျက်ဆီးနိုင်ခဲ့ပြီး ကာလတန်းဖိုအားဖြင့် ကျပ်သိန်းပေါင်း ၄ သောင်းနီးပါခန့်ရှိနိုင်သည်ဟု PDF အဖွဲ့များ ၏ သတင်းထုတ်ပြန်ချက်များ အရ သိရသည်။
ဖုန်းတာဝါတိုင် တစ်တိုင်ကုန်ကျစားရိတ်မှာ အနိမ့်ဆုံး ကျပ်သိန်း ၁၅၀၀ မှ ၂၀၀၀ ခန့်အထိ ရှိသည်။
*** ZAWGYI ***
Mytel တာဝါတိုင္ ၃ တိုင္ ဆက္တိုက္ေဖာက္ခြဲခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၃၁ ရက္။
ဧရာဝတီတိုင္း၊ ငပုေတာၿမိဳ႕နယ္အတြင္းရွိ အာဏာသိမ္း စစ္အုပ္စုပိုင္ Mytel ဖုန္းတာဝါတိုင္ ၃ တိုင္ ေအာက္တို ဘာလ ၃၀ ရက္ေန႔ နံနက္ပိုင္းက ဆက္တိုက္ ေဖာက္ခြဲဖ်က္ဆီး ခံရသည္။
ငပုေတာၿမိဳ႕နယ္ င႐ုတ္ေကာင္းၿမိဳ႕၊ သံပါတ္ကြင္းေက်း႐ြာတြင္ နံနက္ ၇ နာရီ ၄၅ မိနစ္ အခ်ိန္ခန႔္ တြင္ ေပါက္ကြဲၿပီး ေနာက္ ၁၅ မိနစ္ အၾကာတြင္ ပိေတာက္ကုန္းေက်း႐ြာ၌ ေပါက္ကြဲကာ၊ ကနစိုးကုန္းေက်း႐ြာ တြင္ နံနက္ ၈ နာရီ ခြဲခန႔္တြင္ ထပ္မံ ေပါက္ကြဲခဲ့သည္ဟု ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္မ်ားထံက သိရသည္။
ငပုေတာၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္တစ္ဦး က “တိုင္ေအာက္ေျခက စက္ေတြ ဝါယာႀကိဳးေတြ အကုန္ပ်က္စီး ကုန္တယ္။ လူထိခိုက္တာေတာ့ မရွိဘူး” ဟု ေျပာသည္။
ငပုေတာၿမိဳ႕နယ္ ေျပာက္က်ားအဖြဲ႕ ႏွင့္ Area -14 အဖြဲ႕ က အဆိုပါ ေဖာက္ခြဲမႈ ၃ ခုအား ျပည္သူမ်ား ထိခိုက္မႈ မရွိေအာင္ လုပ္ေဆာင္ႏိုင္ခဲ့ေၾကာင္း ထုတ္ျပန္ေျပာၾကားထားသည္။
ေပါက္ကြဲမႈ ျဖစ္ပြားသည့္ ေက်း႐ြာမ်ားသို႔ စစ္တပ္ႏွင့္ ရဲမ်ား ေရာက္ရွိၿပီး ပိတ္ဆို႔စစ္ေဆးေနသည့္အတြက္ ေဒသခံမ်ားက မသက္ဆိုင္သူမ်ားကို ဖမ္းဆီးႏွိပ္စက္ စစ္ေဆးမည္ကို စိုးရိမ္လွ်က္ရွိသည္ဟု ေဒသခံအခ်ိဳ႕ က ေျပာသည္။
“စစ္တပ္နဲ႔ ရဲက ႂကြက္မႏိုင္ က်ီမီးရႈိ႕ လုပ္ၾကမွာ။ ေတြ႕ရာလူကို ရမ္းသမ္းဖမ္းၾကေတာ့ ႐ြာကလူေတြက လန႔္ေန ၾကတယ္” ဟု ငပုေတာ ေဒသခံတစ္ဦးက ေျပာသည္။
ဧရာဝတီတိုင္းအတြင္း မိုင္တဲဖုန္း တာဝါတိုင္မ်ား မၾကာခဏ မိုင္းခြဲမီးရႈိး ဖ်က္ဆီးခံေနရၿပီး မိုင္တဲဖုန္း တာဝါတိုင္ ၂၀ ခန႔္ကို ဖ်က္ဆီးႏိုင္ခဲ့ၿပီး ကာလတန္းဖိုအားျဖင့္ က်ပ္သိန္းေပါင္း ၄ ေသာင္းနီးပါခန႔္ရွိႏိုင္သည္ဟု PDF အဖြဲ႕မ်ား ၏ သတင္းထုတ္ျပန္ခ်က္မ်ား အရ သိရသည္။
ဖုန္းတာဝါတိုင္ တစ္တိုင္ကုန္က်စားရိတ္မွာ အနိမ့္ဆုံး က်ပ္သိန္း ၁၅၀၀ မွ ၂၀၀၀ ခန႔္အထိ ရွိသည္။