စစ်ကောင်စီ၏ ရွေးကော်က လုပ်မည့် အချိုးကျ ကိုယ်စားပြုစနစ်ဆိုင်ရာ ဆွေးနွေးပွဲသို့ ရခိုင့် ဦးဆောင်ပါတီ တက်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်။

စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ပထမပတ်အတွင်း ရန်ကုန်မြို့တွင် ကျင်း ပမည့် အချိုးကျကိုယ်စားပြုစနစ် PR အပါအဝင် ရွေးကောက်ပွဲစနစ်များနှင့် ပတ်သက်သည့် ဆွေးနွေးပွဲအား ရခိုင့်ဦးဆောင်ပါတီ (AFP) က တက်ရောက်မည်ဟု ပါတီတာဝန်ရှိသူများက ပြောသည်။

ယင်းဆွေးနွေးပွဲသို့ တက်ရောက်မည့် ပါတီများက ပုဂ္ဂိုလ်များ၏ အမည်၊ ပါတီတာဝန် နှင့် ဖုန်းနံပတ်များကို နိုဝင် ဘာလ ၁ ရက်နေ့ နောက်ဆုံးစာရင်းပေးပို့ရန်နှင့် ပါတီတစ်ပါတီလျှင် နှစ်ဦးတက်ရောက်ပေးရန် နိုင်ငံရေးပါတီများ အား အကြောင်းကြားစာ ပေးပို့ထားကြောင်းသိရသည်။

ထိုဆွေးနွေးပွဲကို ရခိုင့်ဦးဆောင်ပါတီ(AFP)က တက်ရောက်မည်ဖြစ်ကြောင်း ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က အတည်ပြုပြောသည်။

“ဖိတ်စာအရ ကျနော်နဲ့အတူ အတွင်းရေးမှူး ဦးထွန်းသိန်းနဲ့ တက်မှာပါ။ စာရင်းပေးထားပြီးပါပြီ။ တက်ရောက် နားထောင်မယ့် သဘောပါ။ PR စနစ်နဲ့ ပတ်သက်လို့ ဆွေးနွေးရှင်းလင်းတာတွေကို နားထောင်ဖို့ပါပဲ“ ဟု AFP ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ပြောသည်။

သို့သော် အဆိုပါ ဆွေးနွေးပွဲကို ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် တက်မည်၊ မတက်ရောက်မည်ကို လတ် တလောတွင် ပါတီမှ မဆုံးဖြတ်ရသေးကြောင်းနှင့် ပါတီတွင်း အမှုဆောင်အဖွဲ့က ဆွေးနွေးနေဆဲ ဖြစ်သည်ဟု ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှ က ဆိုသည်။

ထို့အပြင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီသည် လက်ရှိအချိန်ထိ PR စနစ်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲ တက်ရောက်ရန်အတွက် ဖိတ်ကြားစာ မရောက်ရှိသေးကြောင်း၊ ဖိတ်ကြားလာခဲ့ပါကလည်း ဗဟို အလုပ်အမှုဆောင် ကော်မတီ CEC အစည်းအဝေးထိုင်ပြီးမှ တက်၊ မတက် ကို ဆုံးဖြတ်သွားမည်ဖြစ်သည်ဟု ပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ALD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးလှမြင့်က “ပါတီကို ဖိတ်ကြားစာ မရောက်လာသေးဘူး၊ သီးခြား မဖိတ်တာပဲ လား ဆိုတာ ပြောမတတ်ဘူး။ တခြားပါတီ တွေက ဖိတ်စာရပြီဆိုပေမယ့် ကျနော်တို့ ပါတီကတော့ မရသေး ဘူး” ဟု ပြောသည်။

ALD ပါတီအနေဖြင့် စစ်အာဏာရှင်စနစ်ကို သော်လည်းကောင်း၊ ဒီမိုကရေစီ အာဏာရှင်စနစ်ကို သော်လည်း ကောင်း လုံးဝလက်ခံသွားမည် မဟုတ်ကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့ က စစ်တပ်က အာဏာ သိမ်းပြီးနောက် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်တို့တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲများမှာ မဲများ သူ အနိုင်ရသည့် (First Past the Post- FPTP) ရွေးကောက်ပွဲ စနစ်ကိုသာ ကျင့်သုံးခဲ့သည်။

အချိုးကျ ကိုယ်စားပြုစနစ်မှာ ရွေးကောက်ပွဲများတွင် အနိုင်ရလေ့မရှိသော ပါတီများ လွှတ်တော်တွင် ပါဝင်လာစေခြင်းဖြင့် စစ်တပ် ထောက်ခံမဲများ တိုးပွားစေရန် ရည်ရွယ်ခြင်းဖြစ်နိုင်သည်ဟု သုံးသပ်သူများက ဆိုသည်။

*** ZAWGYI ***
စစ္ေကာင္စီ၏ ေ႐ြးေကာ္က လုပ္မည့္ အခ်ိဳးက် ကိုယ္စားျပဳစနစ္ဆိုင္ရာ ေဆြးေႏြးပြဲသို႔ ရခိုင့္ ဦးေဆာင္ပါတီ တက္မည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၃၁ ရက္။

စစ္ေကာင္စီ၏ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္က ႏိုဝင္ဘာလ ပထမပတ္အတြင္း ရန္ကုန္ၿမိဳ႕တြင္ က်င္း ပမည့္ အခ်ိဳးက်ကိုယ္စားျပဳစနစ္ PR အပါအဝင္ ေ႐ြးေကာက္ပြဲစနစ္မ်ားႏွင့္ ပတ္သက္သည့္ ေဆြးေႏြးပြဲအား ရခိုင့္ဦးေဆာင္ပါတီ (AFP) က တက္ေရာက္မည္ဟု ပါတီတာဝန္ရွိသူမ်ားက ေျပာသည္။

ယင္းေဆြးေႏြးပြဲသို႔ တက္ေရာက္မည့္ ပါတီမ်ားက ပုဂၢိဳလ္မ်ား၏ အမည္၊ ပါတီတာဝန္ ႏွင့္ ဖုန္းနံပတ္မ်ားကို ႏိုဝင္ ဘာလ ၁ ရက္ေန႔ ေနာက္ဆုံးစာရင္းေပးပို႔ရန္ႏွင့္ ပါတီတစ္ပါတီလွ်င္ ႏွစ္ဦးတက္ေရာက္ေပးရန္ ႏိုင္ငံေရးပါတီမ်ား အား အေၾကာင္းၾကားစာ ေပးပို႔ထားေၾကာင္းသိရသည္။

ထိုေဆြးေႏြးပြဲကို ရခိုင့္ဦးေဆာင္ပါတီ(AFP)က တက္ေရာက္မည္ျဖစ္ေၾကာင္း ပါတီ ဥကၠ႒ ေဒါက္တာေအးေမာင္ က အတည္ျပဳေျပာသည္။

“ဖိတ္စာအရ က်ေနာ္နဲ႔အတူ အတြင္းေရးမႉး ဦးထြန္းသိန္းနဲ႔ တက္မွာပါ။ စာရင္းေပးထားၿပီးပါၿပီ။ တက္ေရာက္ နားေထာင္မယ့္ သေဘာပါ။ PR စနစ္နဲ႔ ပတ္သက္လို႔ ေဆြးေႏြးရွင္းလင္းတာေတြကို နားေထာင္ဖို႔ပါပဲ“ ဟု AFP ပါတီ ဥကၠ႒ ေဒါက္တာေအးေမာင္ က ေျပာသည္။

သို႔ေသာ္ အဆိုပါ ေဆြးေႏြးပြဲကို ရခိုင္အမ်ိဳးသားပါတီ (ANP) အေနျဖင့္ တက္မည္၊ မတက္ေရာက္မည္ကို လတ္ တေလာတြင္ ပါတီမွ မဆုံးျဖတ္ရေသးေၾကာင္းႏွင့္ ပါတီတြင္း အမႈေဆာင္အဖြဲ႕က ေဆြးေႏြးေနဆဲ ျဖစ္သည္ဟု ပါတီ ဥကၠ႒ ဦးသာထြန္းလွ က ဆိုသည္။

ထို႔အျပင္ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (ALD) ပါတီသည္ လက္ရွိအခ်ိန္ထိ PR စနစ္ႏွင့္ ပတ္သက္သည့္ ေဆြးေႏြးပြဲ တက္ေရာက္ရန္အတြက္ ဖိတ္ၾကားစာ မေရာက္ရွိေသးေၾကာင္း၊ ဖိတ္ၾကားလာခဲ့ပါကလည္း ဗဟို အလုပ္အမႈေဆာင္ ေကာ္မတီ CEC အစည္းအေဝးထိုင္ၿပီးမွ တက္၊ မတက္ ကို ဆုံးျဖတ္သြားမည္ျဖစ္သည္ဟု ပါတီ ေျပာေရးဆိုခြင့္ရွိသူက ေျပာသည္။

ALD ပါတီ ေျပာေရးဆိုခြင့္ရွိသူ ဦးလွျမင့္က “ပါတီကို ဖိတ္ၾကားစာ မေရာက္လာေသးဘူး၊ သီးျခား မဖိတ္တာပဲ လား ဆိုတာ ေျပာမတတ္ဘူး။ တျခားပါတီ ေတြက ဖိတ္စာရၿပီဆိုေပမယ့္ က်ေနာ္တို႔ ပါတီကေတာ့ မရေသး ဘူး” ဟု ေျပာသည္။

ALD ပါတီအေနျဖင့္ စစ္အာဏာရွင္စနစ္ကို ေသာ္လည္းေကာင္း၊ ဒီမိုကေရစီ အာဏာရွင္စနစ္ကို ေသာ္လည္း ေကာင္း လုံးဝလက္ခံသြားမည္ မဟုတ္ေၾကာင္း ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ က စစ္တပ္က အာဏာ သိမ္းၿပီးေနာက္ ထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံတြင္ ၂၀၁၀၊ ၂၀၁၅ ခုႏွစ္ႏွင့္ ၂၀၂၀ ခုႏွစ္တို႔တြင္ က်င္းပခဲ့သည့္ အေထြေထြေ႐ြးေကာက္ပြဲမ်ားမွာ မဲမ်ား သူ အႏိုင္ရသည့္ (First Past the Post- FPTP) ေ႐ြးေကာက္ပြဲ စနစ္ကိုသာ က်င့္သုံးခဲ့သည္။

အခ်ိဳးက် ကိုယ္စားျပဳစနစ္မွာ ေ႐ြးေကာက္ပြဲမ်ားတြင္ အႏိုင္ရေလ့မရွိေသာ ပါတီမ်ား လႊတ္ေတာ္တြင္ ပါဝင္လာေစျခင္းျဖင့္ စစ္တပ္ ေထာက္ခံမဲမ်ား တိုးပြားေစရန္ ရည္႐ြယ္ျခင္းျဖစ္ႏိုင္သည္ဟု သုံးသပ္သူမ်ားက ဆိုသည္။