ကျောင်းဖွင့်ပါက လုံခြုံရေး စိုးရိမ်ရဟု ဧရာဝတီတိုင်း ဆရာ/မ များ ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်။

အခြေခံပညာ ကျောင်းများကို ဖိအားပေး ဖွင့်လှစ် ခိုင်း နေ၍ ဧရာဝတီတိုင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများက လုံခြုံရေး အတွက် စိုးရိမ်နေကြသည်။

အထူးသဖြင့် Non CDM ဆရာ၊ ဆရာမများသည် လူထုပူးပေါင်းကူညီမှုရှိနေသည့် PDF များ၏ မြို့ပြပြောက်ကျား စစ်ဆင်ရေးများကြောင့် စိုးရိမ်နေပြီး စစ်ကောင်စီ၏ တိုက်ခိုက်ခံရမှုပြီးမှ နီးစပ်ရာကောက်ဖမ်းသည့် လုံခြုံရေး အစီအမံများကိုလည်း စိတ်ပျက်သည်ဟု ပညာရေးဝန်ထမ်းအချို့က ပြောသည်။

“သူတို့တောင်ကြောက်လို့ လုံခြုံရေးအပြည့်နဲ့ နေကြပြီး ကျနော်တို့ကျတော့ ဘာ အကာအကွယ်မှ မပေးနိုင်ပဲ ကျောင်းဖွင့်ခိုင်းနေတာက အသလွတ်သေခိုင်း သလိုဖြစ်နေတယ်” ဟု ဧရာဝတီတိုင်းအတွင်းရှိ Non CDM မြို့နယ် ပညာရေးမှုး တစ်ဦး က ပြောသည်။

ကျောင်းတက်မည့် ကျောင်းသူ/ကျောင်းသားများ နှင့် ဆရာ/ဆရာမများအတွက် လုံခြုံရေး အစီအမံ အလွန်အား နည်းနေသည်ဟု စစ်ကောင်စီ လက်အောက်ခံ ပညာရေး ဝန်ထမ်းများ၏ ပြောပြချက်အရ သိရသည်။

လာမည့် နိုဝင်ဘာလ ၁ ရက်နေ့တွင် အခြေခံ ပညာကျောင်းများ ပြန်ဖွင့်ရန် နှင့် အဝေးသင်တက္ကသိုလ် ပထမနှစ် ကျောင်းသားများအား ကျောင်းအပ် လက်ခံရန် စစ်ကောင်စီက ဖိအားပေးခိုင်းစေနေသည်ဟု သိရသည်။

ဧရာဝတီတိုင်းအတွင်း၌ စစ်ကောင်စီ၏ သတင်းပေး ထောက်တိုင်များ၊ ရဲများ၊ စစ်သားများကို PDF ပြောက်ကျား များက နည်းမျိုးစုံဖြင့် တိုက်ခိုက်နေသဖြင့် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ အတွက် လုံခြုံမှုရှိရန် လို အပ်သည်ဟု အထက်ပါ Non CMD မြို့နယ်ပညာရေးမှူးက ဆက်ပြောသည်။

စစ်အာဏာသိမ်းခြင်း လက်မခံသည့် ကျောင်းသားများလည်း ရှိသည့်အတွက် ကျောင်းဖွင့်လျှင် လူစုခွင့်ပေး သလိုဖြစ်ပြီး ဆန္ဒပြပွဲများဖြစ်လာမည်ကို စိုးရိမ်းနေသကဲ့သို့ ကျောင်းတွင် အဓိကရုဏ်း တစ်ခုခု ဖြစ်လျှင်လည်း မိမိတို့၏ သားသမီးများကို လူသားခံတပ်အဖြစ် အသုံးချမည်ကို စိုးရိမ်သည်ဟုလည်း ကျောင်းသားမိဘ အချို့ က ပြောသည်။

“သူတို့က နိုင်ငံရေးအရ ဟန်ပြသက်သက် ကျောင်းအဖွင့်ပြချင်တာ။ ဘာမှပြင်ဆင်မထားဘူး။ သားသမီးတွေ ကျောင်းမပို့ကြဖို့ မိဘတွေကို အကြံပေး ချင်တယ်” ဟု CDM ဆရာမတစ်ဦး က ပြောသည်။

စစ်ကောင်စီ အနေဖြင့် ဧရာဝတီတိုင်းအပြင် နေရာဒေသအနှံအပြားတွင် ဖြစ်ပေါ်နေသည့် PDF များ၏ ပြောက် ကျား ထိုးစစ်များကြောင့် ၎င်းတို့၏ လက်အောက်ခံဝန်ထမ်းများ နှင့် ထောက်ခံသူအချို့ကိုပင် လုံခြုံရေးပေးရန် အင်အား လုံလောက်မှု မရှိသည့်အတွက် အခက်အခဲရှိနေသည်ဟု နတခ မှ အငြိမ်းစား ဗိုလ်ကြီးတစ်ဦးက ပြော သည်။

အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ အငြိမ်းစား ဗိုလ်ကြီးတစ်ဦး က “တကယ်တကယ်တော့ တပ်မတော်ရဲ့ အင်အားအမှန်ဆိုတာ ရိက္ခာထုတ်အင်အားပဲရှိတာ တကယ်ရှိတာမှမဟုတ်တာ“ ဟု ပြောသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့ က အခြေခံပညာသ် ကျောင်းများ နှင့် တက္ကသိုလ် အချို့ ပြန်ဖွင့်ခဲ့ပြီး နောက် တစ်လအကြာ ဇူလိုင်လ ၁ ရက်နေ့တွင် ကျောင်းများကို ရက်အကန့်အသတ် မရှိ ပြန်ပိတ်ခဲ့ရသည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။

*** ZAWGYI ***
ေက်ာင္းဖြင့္ပါက လုံၿခဳံေရး စိုးရိမ္ရဟု ဧရာဝတီတိုင္း ဆရာ/မ မ်ား ေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၃၁ ရက္။

အေျခခံပညာ ေက်ာင္းမ်ားကို ဖိအားေပး ဖြင့္လွစ္ ခိုင္း ေန၍ ဧရာဝတီတိုင္းရွိ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသားမိဘမ်ားက လုံၿခဳံေရး အတြက္ စိုးရိမ္ေနၾကသည္။

အထူးသျဖင့္ Non CDM ဆရာ၊ ဆရာမမ်ားသည္ လူထုပူးေပါင္းကူညီမႈရွိေနသည့္ PDF မ်ား၏ ၿမိဳ႕ျပေျပာက္က်ား စစ္ဆင္ေရးမ်ားေၾကာင့္ စိုးရိမ္ေနၿပီး စစ္ေကာင္စီ၏ တိုက္ခိုက္ခံရမႈၿပီးမွ နီးစပ္ရာေကာက္ဖမ္းသည့္ လုံၿခဳံေရး အစီအမံမ်ားကိုလည္း စိတ္ပ်က္သည္ဟု ပညာေရးဝန္ထမ္းအခ်ိဳ႕က ေျပာသည္။

“သူတို႔ေတာင္ေၾကာက္လို႔ လုံၿခဳံေရးအျပည့္နဲ႔ ေနၾကၿပီး က်ေနာ္တို႔က်ေတာ့ ဘာ အကာအကြယ္မွ မေပးႏိုင္ပဲ ေက်ာင္းဖြင့္ခိုင္းေနတာက အသလြတ္ေသခိုင္း သလိုျဖစ္ေနတယ္” ဟု ဧရာဝတီတိုင္းအတြင္းရွိ Non CDM ၿမိဳ႕နယ္ ပညာေရးမႈး တစ္ဦး က ေျပာသည္။

ေက်ာင္းတက္မည့္ ေက်ာင္းသူ/ေက်ာင္းသားမ်ား ႏွင့္ ဆရာ/ဆရာမမ်ားအတြက္ လုံၿခဳံေရး အစီအမံ အလြန္အား နည္းေနသည္ဟု စစ္ေကာင္စီ လက္ေအာက္ခံ ပညာေရး ဝန္ထမ္းမ်ား၏ ေျပာျပခ်က္အရ သိရသည္။

လာမည့္ ႏိုဝင္ဘာလ ၁ ရက္ေန႔တြင္ အေျခခံ ပညာေက်ာင္းမ်ား ျပန္ဖြင့္ရန္ ႏွင့္ အေဝးသင္တကၠသိုလ္ ပထမႏွစ္ ေက်ာင္းသားမ်ားအား ေက်ာင္းအပ္ လက္ခံရန္ စစ္ေကာင္စီက ဖိအားေပးခိုင္းေစေနသည္ဟု သိရသည္။

ဧရာဝတီတိုင္းအတြင္း၌ စစ္ေကာင္စီ၏ သတင္းေပး ေထာက္တိုင္မ်ား၊ ရဲမ်ား၊ စစ္သားမ်ားကို PDF ေျပာက္က်ား မ်ားက နည္းမ်ိဳးစုံျဖင့္ တိုက္ခိုက္ေနသျဖင့္ စစ္ေကာင္စီ လက္ေအာက္ခံ ဝန္ထမ္းမ်ား အတြက္ လုံၿခဳံမႈရွိရန္ လို အပ္သည္ဟု အထက္ပါ Non CMD ၿမိဳ႕နယ္ပညာေရးမႉးက ဆက္ေျပာသည္။

စစ္အာဏာသိမ္းျခင္း လက္မခံသည့္ ေက်ာင္းသားမ်ားလည္း ရွိသည့္အတြက္ ေက်ာင္းဖြင့္လွ်င္ လူစုခြင့္ေပး သလိုျဖစ္ၿပီး ဆႏၵျပပြဲမ်ားျဖစ္လာမည္ကို စိုးရိမ္းေနသကဲ့သို႔ ေက်ာင္းတြင္ အဓိက႐ုဏ္း တစ္ခုခု ျဖစ္လွ်င္လည္း မိမိတို႔၏ သားသမီးမ်ားကို လူသားခံတပ္အျဖစ္ အသုံးခ်မည္ကို စိုးရိမ္သည္ဟုလည္း ေက်ာင္းသားမိဘ အခ်ိဳ႕ က ေျပာသည္။

“သူတို႔က ႏိုင္ငံေရးအရ ဟန္ျပသက္သက္ ေက်ာင္းအဖြင့္ျပခ်င္တာ။ ဘာမွျပင္ဆင္မထားဘူး။ သားသမီးေတြ ေက်ာင္းမပို႔ၾကဖို႔ မိဘေတြကို အႀကံေပး ခ်င္တယ္” ဟု CDM ဆရာမတစ္ဦး က ေျပာသည္။

စစ္ေကာင္စီ အေနျဖင့္ ဧရာဝတီတိုင္းအျပင္ ေနရာေဒသအႏွံအျပားတြင္ ျဖစ္ေပၚေနသည့္ PDF မ်ား၏ ေျပာက္ က်ား ထိုးစစ္မ်ားေၾကာင့္ ၎တို႔၏ လက္ေအာက္ခံဝန္ထမ္းမ်ား ႏွင့္ ေထာက္ခံသူအခ်ိဳ႕ကိုပင္ လုံၿခဳံေရးေပးရန္ အင္အား လုံေလာက္မႈ မရွိသည့္အတြက္ အခက္အခဲရွိေနသည္ဟု နတခ မွ အၿငိမ္းစား ဗိုလ္ႀကီးတစ္ဦးက ေျပာ သည္။

အေနာက္ေတာင္တိုင္းစစ္ဌာနခ်ဳပ္မွ အၿငိမ္းစား ဗိုလ္ႀကီးတစ္ဦး က “တကယ္တကယ္ေတာ့ တပ္မေတာ္ရဲ႕ အင္အားအမွန္ဆိုတာ ရိကၡာထုတ္အင္အားပဲရွိတာ တကယ္ရွိတာမွမဟုတ္တာ“ ဟု ေျပာသည္။

စစ္ေကာင္စီက ၿပီးခဲ့သည့္ ဇြန္လ ၁ ရက္ေန႔ က အေျခခံပညာသ္ ေက်ာင္းမ်ား ႏွင့္ တကၠသိုလ္ အခ်ိဳ႕ ျပန္ဖြင့္ခဲ့ၿပီး ေနာက္ တစ္လအၾကာ ဇူလိုင္လ ၁ ရက္ေန႔တြင္ ေက်ာင္းမ်ားကို ရက္အကန႔္အသတ္ မရွိ ျပန္ပိတ္ခဲ့ရသည္မွာ ယေန႔အခ်ိန္ထိ ျဖစ္သည္။