မွန်ပြည်နယ်အတွင်း ဈေးများ ပြန်ဖွင့်၊ ကာကွယ်ဆေးပြီးသူသာ ဈေးဆိုင်ထိုင်ခွင့်ပြု
သတင်းနှင့် မီဒိယကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘ ၃၁ ရက်။
မွန်ပြည်နယ်အတွင်း စည်ပင်သာယာစျေးများ ပြန်လည်ဖွင့်လှစ်နေပြီး ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးထားပြီးသူ များ၏ စျေးဆိုင်များသာ ရောင်းချခွင့်ပြုသည်ဟု စျေးတာဝန်ခံနှင့် စျေးသူစျေးသားများက ပြောသည်။
ဆိုင်ရှင်များအနေဖြင့် စျေးရောင်းသူနှင့် အလုပ်သမားများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားပြီး ဖြစ်ကြောင်း အထောက်အထား ဆေးလက်မှတ်ကို သက်ဆိုင်ရာ စျေးတာဝန်ခံရုံးထံ တင်ပြနိုင်မှသာ ဆိုင်ပြန်လည် ရောင်းချခွင့် ရရှိမည်ဖြစ်သည်။
“ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးပြီဆိုတဲ့အကြောင်း ဆေးစာရွက်ကို စျေးတာဝန်ခံရုံးမှာ တင်ပြရတယ်။ အဲ့ဒါ ပြနိုင်မှ ဆိုင်ပေးဖွင့်တယ်။ ဆိုင်ရှင်ရော အလုပ်သမားရှိရင် အလုပ်သမားတွေရော ဆေးထိုးထားရမယ်။ ကာ ကွယ် ဆေးမထိုးရသေးရင် ဖွင့်လို့မရသေးဘူးပေါ့” ဟု စျေးဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။
မော်လမြိုင် အမှတ်(၁) စျေးနှင့် မြိုင်ရတနာလေးထပ်စျေးတို့ အပါအဝင် ပြည်နယ်အတွင်းရှိ စည်ပင်သာယာ စျေး များ အောက်တိုဘာ ၂၅ ရက်နေ့မှစတင်ကာ ပြန်လည်ဖွင့်လှစ်နေပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ် (သို့မ ဟုတ်) နှစ်ကြိမ် ထိုးထားပြီးသည့် စျေးဆိုင်ပိုင်ရှင်များကို ဖွင့်လှစ် ရောင်းချခွင့်ပြုခြင်း ဖြစ်သည်။
ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးရသေးသည့် ဆိုင်ခန်းများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနိုင်ရေး စီစဉ် ဆောင်ရွက်ပေးထားပြီး ကာကွယ်ဆေးထိုးနိုင်ရေး သက်ဆိုင်ရာ စျေးတာဝန်ခံရုံးတို့တွင် စာရင်းပေးသွင်းနိုင်သည်ဟု မော်လမြိုင်အမှတ်(၁)စျေး၏ တာဝန်ခံအဖွဲ့ထံမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း မြင့်တက်ခဲ့သည့် ဇူလိုင်လဆန်း နောက်ပိုင်းတွင် ပြည်နယ်အတွင်းရှိ စည်ပင်သာ ယာ စျေးများတွင် ဆေးဝါးနှင့် အခြေခံစားသောက်ကုန်ဆိုင်များကလွဲ၍ ကျန်စျေးဆိုင်များ အားလုံးကို ရောင်းချ ခွင့် ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် စျေးဆိုင်များ ပြန်လည်ရောင်းချခွင့် ပြုလိုက်သော်လည်း စျေးဆိုင်အများစုက ဖွင့်လှစ်နိုင်ခြင်း မရှိ သေးဘူးဟု စျေးဆိုင်ပိုင်ရှင်များက ပြောသည်။
“ဆိုင်တွေက ဖွင့်တဲ့ဆိုင်က ဖွင့်တယ်။ မဖွင့်ရသေးတာလည်း အများကြီးပဲ။ ပိတ်ထားထာလဲ ကြာပြီးဆိုတော့ ချက်ချင်းမဖွင့်နိုင်သေးတာလဲရှိတယ်။ တချို့ကလည်း ကာကွယ်ဆေး မထိုးရသေးလို့ မဖွင့်နိုင်တာလဲရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ပြန်ဖွင့်လာကြမှာပါ” ဟု မော်လမြိုင်အမှတ်(၁) စျေးက အထည်ဆိုင်ရှင် မဝေမာ က ပြော သည်။
မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့ကျလာသည့်နောက် အောက်တိုဘာ လဆန်းပိုင်းမှ စတင် ကာ နေအိမ်တွင် နေထိုင်ရန် (Stay at Home) သတ်မှတ်ထားသည့် မုဒုံ၊ ရေး၊ ကျိုက်မရော၊ ပေါင်နှင့် ကျိုက်ထို မြို့နယ်အတွင်းရှိ စျေးဆိုင်များအားလုံးကိုလည်း သက်ဆိုင်ရာက ပြန်လည်ဖွင့်လှစ် ရောင်းချခွင့် ပြုလိုက်ပြီ ဖြစ်သည်။
*** ZAWGYI ***
မွန်ပြည်နယ်အတွင်း စည်ပင်သာယာဈေးများ ပြန်လည်ဖွင့်လှစ်နေပြီး ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးထားပြီးသူ များ၏ ဈေးဆိုင်များသာ ရောင်းချခွင့်ပြုသည်ဟု ဈေးတာဝန်ခံနှင့် ဈေးသူဈေးသားများက ပြောသည်။
ဆိုင်ရှင်များအနေဖြင့် ဈေးရောင်းသူနှင့် အလုပ်သမားများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားပြီး ဖြစ် ကြောင်း အထောက်အထား ဆေးလက်မှတ်ကို သက်ဆိုင်ရာ ဈေးတာဝန်ခံရုံးထံ တင်ပြနိုင်မှသာ ဆိုင်ပြန် လည် ရောင်းချခွင့် ရရှိမည်ဖြစ်သည်။
မော်လမြိုင် အမှတ်(၁) ဈေးနှင့် မြိုင်ရတနာလေးထပ်ဈေးတို့ အပါအဝင် ပြည်နယ်အတွင်းရှိ စည်ပင်သာယာ ဈေး များ အောက်တိုဘာ ၂၅ ရက်နေ့မှစတင်ကာ ပြန်လည်ဖွင့်လှစ်နေပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ် (သို့မ ဟုတ်) နှစ်ကြိမ် ထိုးထားပြီးသည့် ဈေးဆိုင်ပိုင်ရှင်များကို ဖွင့်လှစ် ရောင်းချခွင့်ပြုခြင်း ဖြစ်သည်။
ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးရသေးသည့် ဆိုင်ခန်းများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနိုင်ရေး စီစဉ် ဆောင်ရွက်ပေးထားပြီး ကာကွယ်ဆေးထိုးနိုင်ရေး သက်ဆိုင်ရာ ဈေးတာဝန်ခံရုံးတို့တွင် စာရင်းပေးသွင်း နိုင် သည်ဟု မော်လမြိုင်အမှတ်(၁)ဈေး၏ တာဝန်ခံအဖွဲ့ထံမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း မြင့်တက်ခဲ့သည့် ဇူလိုင်လဆန်း နောက်ပိုင်းတွင် ပြည်နယ်အတွင်းရှိ စည်ပင်သာ ယာ ဈေးများတွင် ဆေးဝါးနှင့် အခြေခံစားသောက်ကုန်ဆိုင်များကလွဲ၍ ကျန်ဈေးဆိုင်များ အားလုံးကို ရောင်းချ ခွင့် ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ဈေးဆိုင်များ ပြန်လည်ရောင်းချခွင့် ပြုလိုက်သော်လည်း ဈေးဆိုင်အများစုက ဖွင့်လှစ်နိုင်ခြင်း မရှိ သေးဘူးဟု ဈေးဆိုင်ပိုင်ရှင်များက ပြောသည်။
မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့ကျလာသည့်နောက် အောက်တိုဘာ လဆန်းပိုင်းမှ စတင် ကာ နေအိမ်တွင် နေထိုင်ရန် (Stay at Home) သတ်မှတ်ထားသည့် မုဒုံ၊ ရေး၊ ကျိုက်မရော၊ ပေါင်နှင့် ကျိုက်ထို မြို့နယ်အတွင်းရှိ ဈေးဆိုင်များအားလုံးကိုလည်း သက်ဆိုင်ရာက ပြန်လည်ဖွင့်လှစ် ရောင်းချခွင့် ပြုလိုက်ပြီ ဖြစ်သည်။