လှိုင်မြို့မ ရဲစခန်းကို 44st-UG အဖွဲ့က လက်နက်ကြီးဖြင့်ပစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်။

အင်းစိန်လမ်းမပေါ်ရှိ လှိုင်မြို့မရဲစခန်းကို အောက်တိုဘာလ ၃၁ ရက်(ယနေ့) နေ့လည် ၁၂ နာရီ ဝန်းကျင်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု 44st-UG က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို 44st-UG အဖွဲ့နှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ခိုက် မှုအပြီး အန္တရာယ် ကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းကိုလည်းထည့်သွင်းဖော်ပြထားသည်။

လှိုင်မြို့မရဲစခန်းကို လက်နက်ကြီးဖြင့် ၄ ချက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၃ ချက်မှာ စခန်းထဲတွင် ပေါက်ကွဲခဲ့ သော် လည်း နောက်ဆုံးတစ်ချက်မှာ ပေါက်ကွဲမှုမရှိခဲ့ဘူးဟု 44st-UG အဖွဲ့က ဆိုသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ “ရဲတွေဖက်က လမ်းတွေ လိုက်ပိတ်နေတာပဲ။ ဗဟိုလမ်းဖက်မှာဆို ကားကြီး နှစ်စီး အပြည့်ပဲ။ လူတော့ မထိဘူး ကြားတယ်” ဟု လှိုင်မြို့ နယ်ဗဟိုလမ်းအနီးနေထိုင်သည့် အမျိုးသားတစ်ဦး က ပြောသည်။

လှိုင်မြို့မ ရဲစခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသော်လည်း မည်သည့် လက်နက်ဖြင့် တိုက်ခိုက်ခဲ့သည်ကို ဖော်ပြခဲ့ခြင်းမရှိသလို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိ၊ မရှိလည်း မသိရသေးဟု 44st-UG အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထို့အပြင် အောက်တိုဘာလ ၃၁ ရက်နေ့ ယနေ့ နံနက်ပိုင်းက ဦးနေဝင်း၏ မြေး ဦးကျော်နေဝင်း ပိုင်ဆိုင်သည့် Omni focus ကုမ္ပဏီ YBS 20 ယာဥ်လိုင်းက ခရီးသည် တင်ယာဉ်တစ်စီးလည်း ဆင်မလိုက်မှတ်တိုင်တွင် မီးရှို့ ခံခဲ့ ရသည်။

*** ZAWGYI ***
လႈိင္ၿမိဳ႕မ ရဲစခန္းကို 44st-UG အဖြဲ႕က လက္နက္ႀကီးျဖင့္ပစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၁ ရက္။

အင္းစိန္လမ္းမေပၚရွိ လႈိင္ၿမိဳ႕မရဲစခန္းကို ေအာက္တိုဘာလ ၃၁ ရက္(ယေန႔) ေန႔လည္ ၁၂ နာရီ ဝန္းက်င္က လက္နက္ႀကီးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သည္ဟု 44st-UG က သတင္းထုတ္ျပန္သည္။

အဆိုပါ တိုက္ခိုက္မႈကို 44st-UG အဖြဲ႕ႏွင့္ မဟာမိတ္အဖြဲ႕အစည္းမ်ား ပူးေပါင္းတိုက္ခိုက္ခဲ့ျခင္း ျဖစ္ၿပီး တိုက္ခိုက္ မႈအၿပီး အႏၲရာယ္ ကင္းစြာျပန္လည္ဆုတ္ခြာႏိုင္ခဲ့ေၾကာင္းကိုလည္းထည့္သြင္းေဖာ္ျပထားသည္။

လႈိင္ၿမိဳ႕မရဲစခန္းကို လက္နက္ႀကီးျဖင့္ ၄ ခ်က္ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး ၃ ခ်က္မွာ စခန္းထဲတြင္ ေပါက္ကြဲခဲ့ ေသာ္ လည္း ေနာက္ဆုံးတစ္ခ်က္မွာ ေပါက္ကြဲမႈမရွိခဲ့ဘူးဟု 44st-UG အဖြဲ႕က ဆိုသည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္၍ “ရဲေတြဖက္က လမ္းေတြ လိုက္ပိတ္ေနတာပဲ။ ဗဟိုလမ္းဖက္မွာဆို ကားႀကီး ႏွစ္စီး အျပည့္ပဲ။ လူေတာ့ မထိဘူး ၾကားတယ္” ဟု လႈိင္ၿမိဳ႕ နယ္ဗဟိုလမ္းအနီးေနထိုင္သည့္ အမ်ိဳးသားတစ္ဦး က ေျပာသည္။

လႈိင္ၿမိဳ႕မ ရဲစခန္းအား လက္နက္ႀကီးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သည္ဟု ဆိုေသာ္လည္း မည္သည့္ လက္နက္ျဖင့္ တိုက္ခိုက္ခဲ့သည္ကို ေဖာ္ျပခဲ့ျခင္းမရွိသလို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ထိခိုက္မႈရွိ၊ မရွိလည္း မသိရေသးဟု 44st-UG အဖြဲ႕က ထုတ္ျပန္ခဲ့သည္။

ထို႔အျပင္ ေအာက္တိုဘာလ ၃၁ ရက္ေန႔ ယေန႔ နံနက္ပိုင္းက ဦးေနဝင္း၏ ေျမး ဦးေက်ာ္ေနဝင္း ပိုင္ဆိုင္သည့္ Omni focus ကုမၸဏီ YBS 20 ယာဥ္လိုင္းက ခရီးသည္ တင္ယာဥ္တစ္စီးလည္း ဆင္မလိုက္မွတ္တိုင္တြင္ မီးရႈိ႕ ခံခဲ့ ရသည္။