ဗျူစောထီးဆိုသူကို ပစ်သတ်ပြီး နောက်တနေ့တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး နှုတ်ထွက်စာတင်

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်ရှိ “မရဲ့ ရွာသစ်” မှ စစ်ကောင်စီခန့်က အသစ်ခန့်ထားသည့် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းအောင်ဆိုသူ ထပ်မံ နုတ်ထွက်သွားသည်။

ဘိုကလေးမြို့နယ် အောက်လှည်းဆိပ် ကျေးရွာအုပ်စုက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင် နုတ်ထွက်သွားပြီးနောက် ဦးသန်းဝင်းအောင်သည် ဒုတိယမြောက် နုတ်ထွက်သူ ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၂၈ ရက်နေ့က ဒေသခံ ပြောက်ကျားတပ်ဖွဲ့ “ဧရာဗေဒါ”အဖွဲ့ ၏ ဖုန်းဆက် သတိပေးခြင်းကို ခံရပြီးနောက် အောက်တိုဘာလ ၂၉ ရက်နေ့တွင် အုပ်ချုပ်ရေးမှူး တာဝန်မှ နုတ်ထွက်သွားခြင်း ဖြစ်သည်ဟု အုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ ပြောပြချက်အရ သိရသည်။

“ပျူစောထီးလို့ပြောနေကြတဲ့ ချစ်စမ်းမောင် ပစ်သတ်ခံရတဲ့ နောက်တစ်နေ့ နုတ်ထွက်သွားတာပါ။ နုတ်ထွက်စာ ထဲမှာတော့ ကျန်းမာရေးမကောင်းလို့ဆိုပြီး အကြောင်းပြထားတာပဲ” ဟု အုပ်ချုပ်ရေး အဖွဲ့နှင့် နီးစပ်သူတစ်ဦး က ပြောသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းအောင်သည် ပျူစောထီးအဖွဲ့ဝင်များနှင့် ဆက်စပ်မှုများရှိနေပြီး စစ်ကောင်စီ အဖွဲ့က တောင်းသည့် ငွေကျပ်သိန်း ၅၀ ကျော်ကို ကောက်ခံပေးနေသော သတင်းများကြားသဖြင့် ပြောက်ကြားတပ်ဖွဲ့က သတိပေးခြင်း ဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးက ရှင်းပြသည်။

စစ်တပ်က အာဏာသိမ်းချိန် မှစ၍ ရဲတပ်ဖွဲ့ဝင်များ နှင့် စစ်သားက ရပ်ကွက်များ၊ ကျေးရွာများက အုပ်ချုပ်ရေး အဖွဲ့ဝင်များကို မထီမဲ့မြင် အမိန့်ပေးခြင်းများ၊ အနိုင်အထက် ပြုမူဆက်ဆံခြင်းများ ရှိနေသည့်အပြင် PDF များ ကလည်း သတိပေးလာသဖြင့် ထပ်မံနုတ်ထွက်လိုသူများ ရှိနေသည်ဟု အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဆိုသည်။

“ဧရာဗေဒါ”အဖွဲ့ဝင်တစ်ဦးက “ဘာပဲဖြစ်ဖြစ် စစ်ကောင်စီ ခိုင်းတာ လိုက်မလုပ်ကြဖို့လိုတယ်။ နုတ်ထွက်တာကို ကြိုဆိုပါတယ်။ ပြည်သူနဲ့ ပူးပေါင်းပါ” ဟု ပြောသည်။

စစ်ကောင်စီအား အထောက်အပံ့ပြုသူများနှင့် သတင်းပေး ဒလန်များကို ဆက်လက်သုတ်သင် သွားမည် ဖြစ်ပြီး အုပ်ချုပ်ရေးမှူးများ စစ်ကောင်စီ လက်အောက်မှ နုတ်ထွက်ကြရန် “ဧရာဗေဒါ” အဖွဲ့က အောက်တိုဘာလ ၁၆ ရက်နေ့ ကတည်းက သတိပေးချက်ထုတ် ပြန်ထားသည်။

*** ZAWGYI ***
ဗ်ဴေစာထီးဆိုသူကို ပစ္သတ္ၿပီး ေနာက္တေန႔တြင္ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ႏႈတ္ထြက္စာတင္

သတင္းႏွင့္ မီဒီယာကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၁ ရက္။

ဧရာဝတီတိုင္း၊ ဘိုကေလးၿမိဳ႕နယ္ရွိ “မရဲ႕ ႐ြာသစ္” မွ စစ္ေကာင္စီခန႔္က အသစ္ခန႔္ထားသည့္ အုပ္ခ်ဳပ္ေရးမႉး ဦးသန္းဝင္းေအာင္ဆိုသူ ထပ္မံ ႏုတ္ထြက္သြားသည္။

ဘိုကေလးၿမိဳ႕နယ္ ေအာက္လွည္းဆိပ္ ေက်း႐ြာအုပ္စုက စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉး ဦးစိုးမင္းေအာင္ ႏုတ္ ထြက္သြားၿပီးေနာက္ ဦးသန္းဝင္းေအာင္သည္ ဒုတိယေျမာက္ ႏုတ္ထြက္သူ ျဖစ္ေၾကာင္း သိရသည္။

ေအာက္တိုဘာလ ၂၈ ရက္ေန႔က ေဒသခံ ေျပာက္က်ားတပ္ဖြဲ႕ “ဧရာေဗဒါ”အဖြဲ႕ ၏ ဖုန္းဆက္ သတိေပးျခင္းကို ခံရၿပီးေနာက္ ေအာက္တိုဘာလ ၂၉ ရက္ေန႔တြင္ အုပ္ခ်ဳပ္ေရးမႉး တာဝန္မွ ႏုတ္ထြက္သြားျခင္း ျဖစ္သည္ဟု အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ား၏ ေျပာျပခ်က္အရ သိရသည္။

“ပ်ဴေစာထီးလို႔ေျပာေနၾကတဲ့ ခ်စ္စမ္းေမာင္ ပစ္သတ္ခံရတဲ့ ေနာက္တစ္ေန႔ ႏုတ္ထြက္သြားတာပါ။ ႏုတ္ထြက္စာ ထဲမွာေတာ့ က်န္းမာေရးမေကာင္းလို႔ဆိုၿပီး အေၾကာင္းျပထားတာပဲ” ဟု အုပ္ခ်ဳပ္ေရး အဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦး က ေျပာသည္။

စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉး ဦးသန္းဝင္းေအာင္သည္ ပ်ဴေစာထီးအဖြဲ႕ဝင္မ်ားႏွင့္ ဆက္စပ္မႈမ်ားရွိေနၿပီး စစ္ေကာင္စီ အဖြဲ႕က ေတာင္းသည့္ ေငြက်ပ္သိန္း ၅၀ ေက်ာ္ကို ေကာက္ခံေပးေနေသာ သတင္းမ်ားၾကားသျဖင့္ ေျပာက္ၾကားတပ္ဖြဲ႕က သတိေပးျခင္း ျဖစ္ႏိုင္ေၾကာင္း ေဒသခံတစ္ဦးက ရွင္းျပသည္။

စစ္တပ္က အာဏာသိမ္းခ်ိန္ မွစ၍ ရဲတပ္ဖြဲ႕ဝင္မ်ား ႏွင့္ စစ္သားက ရပ္ကြက္မ်ား၊ ေက်း႐ြာမ်ားက အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္မ်ားကို မထီမဲ့ျမင္ အမိန႔္ေပးျခင္းမ်ား၊ အႏိုင္အထက္ ျပဳမူဆက္ဆံျခင္းမ်ား ရွိေနသည့္အျပင္ PDF မ်ား ကလည္း သတိေပးလာသျဖင့္ ထပ္မံႏုတ္ထြက္လိုသူမ်ား ရွိေနသည္ဟု အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ားက ဆိုသည္။

“ဧရာေဗဒါ”အဖြဲ႕ဝင္တစ္ဦးက “ဘာပဲျဖစ္ျဖစ္ စစ္ေကာင္စီ ခိုင္းတာ လိုက္မလုပ္ၾကဖို႔လိုတယ္။ ႏုတ္ထြက္တာကို ႀကိဳဆိုပါတယ္။ ျပည္သူနဲ႔ ပူးေပါင္းပါ” ဟု ေျပာသည္။

စစ္ေကာင္စီအား အေထာက္အပံ့ျပဳသူမ်ားႏွင့္ သတင္းေပး ဒလန္မ်ားကို ဆက္လက္သုတ္သင္ သြားမည္ ျဖစ္ၿပီး အုပ္ခ်ဳပ္ေရးမႉးမ်ား စစ္ေကာင္စီ လက္ေအာက္မွ ႏုတ္ထြက္ၾကရန္ “ဧရာေဗဒါ” အဖြဲ႕က ေအာက္တိုဘာလ ၁၆ ရက္ေန႔ ကတည္းက သတိေပးခ်က္ထုတ္ ျပန္ထားသည္။