စစ်ကောင်စီ တပ်များ ကင်းပုန်းဝတ်လေ့ရှိသည့်နေရာတွင် ဗုံးနှစ်လုံး ဆက်တိုက် ပေါက်ကွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်။

ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏ ကင်းပုန်းဝတ်လေ့ရှိသည့် မြို့အဝင် တံတား အဆင်း နေရာတွင် အောက်တိုဘာ ၃၁ ရက်နေ့ နံနက်ပိုင်းက ဗုံးနှစ်လုံး ဆက်တိုက် ပေါက်ကွဲခဲ့သည်။

မအူပင်တံတားအဆင်းရှိ “မိုးယံ” ဆိုင်ကယ်နှင့် လယ်ယာသုံး ပစ္စည်းများ အရောင်းဆိုင် အနီးတွင် ပေါက်ကွဲခဲ့ ခြင်း ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ မရှိ ဟု ဒေသခံများက ပြောသည်။

“ကင်းပုန်းဝပ်နေကျ နေရာမှာကွဲတာ PDF ခွဲတာလား သူတို့ (စစ်တပ်)ကပဲ ခွဲတာလား မသိဘူး။ စစ်တပ်က ထွက်သွားပြီး မကြာဘူးတန်းကွဲတာ” ဟု မအူပင်မြို့ခံ ကိုဇော်ကြီး က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီ သတင်းပေး မဘသအဖွဲ့ဝင် စစ်မှုဟောင်းတစ်ဦး ပစ်သတ်ခံပြီးနောက် မြို့ခံ လူငယ် ၁၀ ဦးကျော်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု မြို့ခံအချို့က ပြောသည်။

ထို့အပြင် ရပ်ကွက်များအတွင်း ဝင်ရောက်စီးနင်းပြီး သေနတ်များ ပစ်ဖောက်ခြင်း၊ ပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ မပြစ်မရှိအပြစ်ရှာ ငွေညှစ်တောင်းယူခြင်း၊ ဆဲဆိုရမ်းကားခြင်းများကို ပိုမိုပြုလုပ်လာကြောင်း ဒေသခံများက ဆိုသည်။

“ဆဲဆိုတာများ မိုက်ရိုင်းချက်က ကမ်းကုန်တယ်။ စစ်တပ်နဲ့ ရဲ ရပ်ကွက်ထဲ ဝင်လာတာနဲ့ သမီးပျိုလေးတွေ ကလေးငယ်တွေ လူငယ်လေးတွေကို ကိုယ်အိမ်ထဲ ခြံထဲ အမြန်ဝင်ကြဖို့ ပြောထားရတယ်” ဟု အသက် ၆၀ ကျော်ရှိ မြို့ခံ ဦးမောင်လေး က ပြောသည်။

မအူပင်မြို့နယ်အတွင်းရှိ နေရာအနှံ့တွင် ဗုံးပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားနေပြီး အောက်တိုဘာလ ၂၆ ရက် နေ့က စစ်ကောင်စီ၏ သတင်းပေး မဘသအဖွဲ့ဝင် စစ်မှုဟောင်း ဦးလှဝင်း ပစ်သတ်ခံခဲ့ရသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ကလည်း အမှတ် ၆ ရပ်ကွက်က စစ်ကောင်စီ သတင်းပေး ဒလန် ဟုတ် နာမည်ကြီး နေသည့် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရသည်။

ထို့အပြင် စက်တင်ဘာလ ၈ ရက်နေ့ ကလည်း အမှတ် ၉ ရပ်ကွက်တွင် နေထိုင်သူ ဒလန်တစ်ဦး၎င်း၏ နေအိမ် ရှေ့တွင် ပစ်ခတ်ခံခဲ့ရသော်လည်း ၎င်းမှာ ထိခိုက် သေဆုံးခြင်း မရှိခဲ့ပေ။

*** ZAWGYI ***
စစ္ေကာင္စီ တပ္မ်ား ကင္းပုန္းဝတ္ေလ့ရွိသည့္ေနရာတြင္ ဗုံးႏွစ္လုံး ဆက္တိုက္ ေပါက္ကြဲ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၁ ရက္။

ဧရာဝတီတိုင္း၊ မအူပင္ၿမိဳ႕တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား မၾကာခဏ ကင္းပုန္းဝတ္ေလ့ရွိသည့္ ၿမိဳ႕အဝင္ တံတား အဆင္း ေနရာတြင္ ေအာက္တိုဘာ ၃၁ ရက္ေန႔ နံနက္ပိုင္းက ဗုံးႏွစ္လုံး ဆက္တိုက္ ေပါက္ကြဲခဲ့သည္။

မအူပင္တံတားအဆင္းရွိ “မိုးယံ” ဆိုင္ကယ္ႏွင့္ လယ္ယာသုံး ပစၥည္းမ်ား အေရာင္းဆိုင္ အနီးတြင္ ေပါက္ကြဲခဲ့ ျခင္း ျဖစ္ၿပီး ထိခိုက္ဒဏ္ရာရသူ မရွိ ဟု ေဒသခံမ်ားက ေျပာသည္။

“ကင္းပုန္းဝပ္ေနက် ေနရာမွာကြဲတာ PDF ခြဲတာလား သူတို႔ (စစ္တပ္)ကပဲ ခြဲတာလား မသိဘူး။ စစ္တပ္က ထြက္သြားၿပီး မၾကာဘူးတန္းကြဲတာ” ဟု မအူပင္ၿမိဳ႕ခံ ကိုေဇာ္ႀကီး က ေျပာသည္။

ၿပီးခဲ့သည့္ ရက္ပိုင္းက စစ္ေကာင္စီ သတင္းေပး မဘသအဖြဲ႕ဝင္ စစ္မႈေဟာင္းတစ္ဦး ပစ္သတ္ခံၿပီးေနာက္ ၿမိဳ႕ခံ လူငယ္ ၁၀ ဦးေက်ာ္ကိုလည္း စစ္ေကာင္စီက ဖမ္းဆီးထားသည္ဟု ၿမိဳ႕ခံအခ်ိဳ႕က ေျပာသည္။

ထို႔အျပင္ ရပ္ကြက္မ်ားအတြင္း ဝင္ေရာက္စီးနင္းၿပီး ေသနတ္မ်ား ပစ္ေဖာက္ျခင္း၊ ျပည္သူမ်ားအား အေၾကာင္းမဲ့ ဖမ္းဆီးျခင္း၊ မျပစ္မရွိအျပစ္ရွာ ေငြညႇစ္ေတာင္းယူျခင္း၊ ဆဲဆိုရမ္းကားျခင္းမ်ားကို ပိုမိုျပဳလုပ္လာေၾကာင္း ေဒသခံမ်ားက ဆိုသည္။

“ဆဲဆိုတာမ်ား မိုက္႐ိုင္းခ်က္က ကမ္းကုန္တယ္။ စစ္တပ္နဲ႔ ရဲ ရပ္ကြက္ထဲ ဝင္လာတာနဲ႔ သမီးပ်ိဳေလးေတြ ကေလးငယ္ေတြ လူငယ္ေလးေတြကို ကိုယ္အိမ္ထဲ ၿခံထဲ အျမန္ဝင္ၾကဖို႔ ေျပာထားရတယ္” ဟု အသက္ ၆၀ ေက်ာ္ရွိ ၿမိဳ႕ခံ ဦးေမာင္ေလး က ေျပာသည္။

မအူပင္ၿမိဳ႕နယ္အတြင္းရွိ ေနရာအႏွံ႔တြင္ ဗုံးေပါက္ကြဲမႈမ်ား မၾကာခဏ ျဖစ္ပြားေနၿပီး ေအာက္တိုဘာလ ၂၆ ရက္ ေန႔က စစ္ေကာင္စီ၏ သတင္းေပး မဘသအဖြဲ႕ဝင္ စစ္မႈေဟာင္း ဦးလွဝင္း ပစ္သတ္ခံခဲ့ရသည္။

ေအာက္တိုဘာလ ၂၂ ရက္ေန႔ကလည္း အမွတ္ ၆ ရပ္ကြက္က စစ္ေကာင္စီ သတင္းေပး ဒလန္ ဟုတ္ နာမည္ႀကီး ေနသည့္ ရာအိမ္မႉးတစ္ဦး ပစ္သတ္ခံရသည္။

ထို႔အျပင္ စက္တင္ဘာလ ၈ ရက္ေန႔ ကလည္း အမွတ္ ၉ ရပ္ကြက္တြင္ ေနထိုင္သူ ဒလန္တစ္ဦး၎၏ ေနအိမ္ ေရွ႕တြင္ ပစ္ခတ္ခံခဲ့ရေသာ္လည္း ၎မွာ ထိခိုက္ ေသဆုံးျခင္း မရွိခဲ့ေပ။