မော်လမြိုင်တွင် အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အောက်ကျင်းရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလှရီသည် အောက်တိုဘာ ၃၀ ရက် နေ့ ညက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်။
အောက်ကျင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှရီသည် ယမန်နေ့ ည ၇ နာရီဝန်းကျင် အချိန်ခန့်က အုပ်ချုပ်ရေးမှူး ရုံးသွားရာလမ်းတွင် သေနတ်သမားနှစ်ဦးက လာရောက် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။
“အပစ်ခံရတာက လမ်းမှာ ဒဏ်ရာ ၅ ချက် ရသွားပြီးတော့ အပစ်ခံရတဲ့နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရတယ်” ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးလှရီသည် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦးနှင့် မိတ်ဖက်အဖွဲ့အစည်းတို့က ဦးလှရီ ကို ၎င်းတို့ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ဦးလှရီသည် မော်လမြိုင်မြို့နေ ပြည်သူများအား စိတ်ရောကိုယ်ပါ ဒုက္ခပေးနေသောကြောင့် ယခုကဲ့သို့ လုပ် ဆောင်ရခြင်းဖြစ်သည်ဟု မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦးနှင့် မိတ်ဖက်အဖွဲ့အစည်းတို့က ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
အောက်ကျင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှရီ ပစ်သတ်ခံရပြီးနောက် မော်လမြိုင်မြို့ပေါ်ရှိ လမ်းအတော် များ များတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ က ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည့် အပြင် နေအိမ် အချို့တို့ကိုလည်း ဝင်ရောက်ရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့ကလည်း မောင်ငံရပ်ကွက်က ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံထားရပြီး အောက်ကျင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှရီက ဒုတိယမြောက် ပစ်သတ်ခံရသည့် ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ ဝင် ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြိးနောက်ပိုင်း မော်လမြိုင်မြို့ပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်စဥ်များ မကြာခဏ ဖြစ်ပွား လေ့ရှိသည့်အပြင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပစ်သတ်ခံရသည့် ဖြစ်စဥ်လည်း ရှိလာနေသည်။
ဓါတ်ပုံ – ဝတ်ရည်
*** ZAWGYI ***
ေမာ္လၿမိဳင္တြင္ အုပ္ခ်ဳပ္ေရးမႉး တစ္ဦး ပစ္သတ္ခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၁ ရက္။
မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕ ေအာက္က်င္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးလွရီသည္ ေအာက္တိုဘာ ၃၀ ရက္ ေန႔ ညက ေသနတ္ျဖင့္ ပစ္ခတ္ခံရၿပီး ေသဆုံးသြားသည္။
ေအာက္က်င္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးလွရီသည္ ယမန္ေန႔ ည ၇ နာရီဝန္းက်င္ အခ်ိန္ခန႔္က အုပ္ခ်ဳပ္ေရးမႉး ႐ုံးသြားရာလမ္းတြင္ ေသနတ္သမားႏွစ္ဦးက လာေရာက္ ပစ္ခတ္သြားခဲ့ျခင္း ျဖစ္သည္။
“အပစ္ခံရတာက လမ္းမွာ ဒဏ္ရာ ၅ ခ်က္ ရသြားၿပီးေတာ့ အပစ္ခံရတဲ့ေနရာမွာပဲ ေသဆုံးသြားတယ္လို႔ သိရ တယ္” ဟု ရပ္ကြက္ေန ျပည္သူတစ္ဦးက ေျပာသည္။
ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ဦးလွရီသည္ ဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ပြားရာ ေနရာ၌ပင္ ေသဆုံးသြားခဲ့ျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။
အဆိုပါ ပစ္ခတ္မႈႏွင့္ ပတ္သက္၍ မြန္ျပည္နယ္ ေႏြဦးေတာ္လွန္ေရးတပ္ဦးႏွင့္ မိတ္ဖက္အဖြဲ႕အစည္းတို႔က ဦးလွရီ ကို ၎တို႔ ပစ္သတ္ခဲ့ျခင္းျဖစ္သည္ဟု ထုတ္ျပန္ထားသည္။
ဦးလွရီသည္ ေမာ္လၿမိဳင္ၿမိဳ႕ေန ျပည္သူမ်ားအား စိတ္ေရာကိုယ္ပါ ဒုကၡေပးေနေသာေၾကာင့္ ယခုကဲ့သို႔ လုပ္ ေဆာင္ရျခင္းျဖစ္သည္ဟု မြန္ျပည္နယ္ ေႏြဦးေတာ္လွန္ေရးတပ္ဦးႏွင့္ မိတ္ဖက္အဖြဲ႕အစည္းတို႔က ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထား သည္။
ေအာက္က်င္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးလွရီ ပစ္သတ္ခံရၿပီးေနာက္ ေမာ္လၿမိဳင္ၿမိဳ႕ေပၚရွိ လမ္းအေတာ္ မ်ား မ်ားတြင္ အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား က ပိတ္ဆို႔ စစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့သည့္ အျပင္ ေနအိမ္ အခ်ိဳ႕တို႔ကိုလည္း ဝင္ေရာက္ရွာေဖြမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၈ ရက္ေန႔ကလည္း ေမာင္ငံရပ္ကြက္က ရာအိမ္မႉးတစ္ဦး ပစ္သတ္ခံထားရၿပီး ေအာက္က်င္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးလွရီက ဒုတိယေျမာက္ ပစ္သတ္ခံရသည့္ ရပ္ေက်းအုပ္ခ်ဳပ္ေရး အဖြဲ႕ ဝင္ ျဖစ္သည္။
စစ္တပ္က အာဏာသိမ္းၿပိးေနာက္ပိုင္း ေမာ္လၿမိဳင္ၿမိဳ႕ေပၚတြင္ ဗုံးေပါက္ကြဲမႈျဖစ္စဥ္မ်ား မၾကာခဏ ျဖစ္ပြား ေလ့ရွိသည့္အျပင္ ရပ္ေက်းအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ား ပစ္သတ္ခံရသည့္ ျဖစ္စဥ္လည္း ရွိလာေနသည္။
ဓါတ္ပုံ – ဝတ္ရည္