အသားရောင်ရင့်ရင့် ရုပ်ကြမ်းကြမ်း PDF ကို ပုသိမ်တွင် ရှာဖွေ
သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်။
ပုသိမ်တွင် တိုင်းရင်းသား PDF များ စိမ့်ဝင်လာသည်ဟုဆိုကာ အသားအရောင်ရင့်ပြီး ရုပ်ကြမ်းသူများကို Mask မျက်နှာဖုံးများ ချွတ်ခိုင်းကာ လည်ပင်းတွင် ဒဏ်ရာရှိမရှိ ရှာဖွေ စစ်ဆေးနေသည်ဟု ဒေသခံများက ပြောသည်။
အောက်တိုဘာ ၃၁ ရက်နေ့၊ နေ့လည်ပိုင်း အချိန်ခန့်မှ စတင်ကာ ပုသိမ်မြို့၏ စစ်ဆေးနေကျ Check Point များ ဖြစ်သည့် ပုသိမ်ကြိုးတံတား၊ ပုသိမ်မြို့အဝင်အထွက်ဂိတ်များ၊ ပုသိမ်တံတားသစ်အောက် ကမ်းနားလမ်း၊ ကမ်မ ဆန်လမ်းဆုံတို့တွင် စစ်ဆေးနေသည်ဟု စစ်ဆေးရေးအဖွဲ့ နှင့် နီးစပ်သူ အချို့က ပြောသည်။
“အရင်က ဆိုင်ကယ်တွေကို စစ်ရင် တူးဘောက်ပဲ ဖွင့်ပြရတာ။ အခုတော့ Mask ချွတ်ပြရတယ်။ ဟက်လမက်ပါ ချွတ်ပြရတယ်” ဟု ပုသိမ်တံတားသစ်အောက်တွင် စစ်ဆေးခံခဲ့ရသည့် လူငယ်တစ်ဦး က ပြောသည်။
အသားရောင်ရင့်ပြီး ရုပ်ကြမ်းကြမ်း လူငယ်အချို့အား လည်ပင်းကိုပါ စစ်ဆေးနေသဖြင့် ဒဏ်ရာ သို့မဟုတ် အမှတ်အသား ပါသည့်သူများကို ရှာဖွေနေခြင်း ဖြစ်နိုင်သည်ဟု စစ်ဆေးခံသည့်သူများနှင့် နီးစပ်သူတစ်ဦး က ပြောသည်။
“တိုင်းရင်းသားဒေသဘက်က PDF တွေရောက်နေတယ် သတင်းအရ ရောက်နေတဲ့ သူထဲမှာ အသားမဲမဲ ရုပ် ကြမ်းကြမ်း သူတစ်ယောက်လည်းပါတယ်လို့ ပြောသံကြားတယ်” ဟု ၎င်းက ဆက်ပြောသည်။
ပုသိမ်မြို့တွင် စစ်ကောင်စီ သတင်းပေး ဒလန် ၄ ဦး အထိ ဒေသခံ ပြောက်ကျားတပ်ဖွဲ့က ပစ်သတ်ခဲ့သော်လည်း ပစ်သတ်သူများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ယနေ့အချိန်ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးဘဲ ရမ်းသမ်းကာ ဖမ်း ဆီးထားသူများသာရှိသည်ဟု ပုသိမ် မြို့ခံ ဦးဝင်းအောင် က ပြောသည်။
အောက်တိုဘာ ၂၈ ရက်နေ့ က CDM ရဲ နှင့် ပုသိမ် အနောက် ပြောက်ကျားတပ်ဖွဲ့တို့က မြကျွန်းသာမီးပွိုင့် မော် တော်ပီကယ်ရုံးကို ပစ်ခတ် တိုက်ခိုက်ရာ ယာဉ်ထိမ်းရဲ နှစ်ဦး သေဆုံးခဲ့သည်။
သို့သော် ပစ်ခတ် တိုက်ခိုက်ခဲ့သည့်သူများကို လက်ရဖမ်းဆီးနိုင်ခြင်း မရှိဘဲ အမှတ် ၇ ရပ်ကွက်ရှိ နေအိမ်တွင် နေထိုင်နေသည့် CDM ယာဉ်ထိမ်းရဲ လူငယ်တစ်ဦး နှင့် ၎င်း၏ အဖေကို အောက်တိုဘာ ၂၉ ရက်နေ့က ဖမ်းဆီး ထားသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
*** ZAWGYI ***
အသားေရာင္ရင့္ရင့္ ႐ုပ္ၾကမ္းၾကမ္း PDF ကို ပုသိမ္တြင္ ရွာေဖြ
သတင္းႏွင့္ မီဒီယာ ကြန္ရက္
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၁ ရက္။
ပုသိမ္တြင္ တိုင္းရင္းသား PDF မ်ား စိမ့္ဝင္လာသည္ဟုဆိုကာ အသားအေရာင္ရင့္ၿပီး ႐ုပ္ၾကမ္းသူမ်ားကို Mask မ်က္ႏွာဖုံးမ်ား ခြၽတ္ခိုင္းကာ လည္ပင္းတြင္ ဒဏ္ရာရွိမရွိ ရွာေဖြ စစ္ေဆးေနသည္ဟု ေဒသခံမ်ားက ေျပာသည္။
ေအာက္တိုဘာ ၃၁ ရက္ေန႔၊ ေန႔လည္ပိုင္း အခ်ိန္ခန႔္မွ စတင္ကာ ပုသိမ္ၿမိဳ႕၏ စစ္ေဆးေနက် Check Point မ်ား ျဖစ္သည့္ ပုသိမ္ႀကိဳးတံတား၊ ပုသိမ္ၿမိဳ႕အဝင္အထြက္ဂိတ္မ်ား၊ ပုသိမ္တံတားသစ္ေအာက္ ကမ္းနားလမ္း၊ ကမ္မ ဆန္လမ္းဆုံတို႔တြင္ စစ္ေဆးေနသည္ဟု စစ္ေဆးေရးအဖြဲ႕ ႏွင့္ နီးစပ္သူ အခ်ိဳ႕က ေျပာသည္။
“အရင္က ဆိုင္ကယ္ေတြကို စစ္ရင္ တူးေဘာက္ပဲ ဖြင့္ျပရတာ။ အခုေတာ့ Mask ခြၽတ္ျပရတယ္။ ဟက္လမက္ပါ ခြၽတ္ျပရတယ္” ဟု ပုသိမ္တံတားသစ္ေအာက္တြင္ စစ္ေဆးခံခဲ့ရသည့္ လူငယ္တစ္ဦး က ေျပာသည္။
အသားေရာင္ရင့္ၿပီး ႐ုပ္ၾကမ္းၾကမ္း လူငယ္အခ်ိဳ႕အား လည္ပင္းကိုပါ စစ္ေဆးေနသျဖင့္ ဒဏ္ရာ သို႔မဟုတ္ အမွတ္အသား ပါသည့္သူမ်ားကို ရွာေဖြေနျခင္း ျဖစ္ႏိုင္သည္ဟု စစ္ေဆးခံသည့္သူမ်ားႏွင့္ နီးစပ္သူတစ္ဦး က ေျပာသည္။
“တိုင္းရင္းသားေဒသဘက္က PDF ေတြေရာက္ေနတယ္ သတင္းအရ ေရာက္ေနတဲ့ သူထဲမွာ အသားမဲမဲ ႐ုပ္ ၾကမ္းၾကမ္း သူတစ္ေယာက္လည္းပါတယ္လို႔ ေျပာသံၾကားတယ္” ဟု ၎က ဆက္ေျပာသည္။
ပုသိမ္ၿမိဳ႕တြင္ စစ္ေကာင္စီ သတင္းေပး ဒလန္ ၄ ဦး အထိ ေဒသခံ ေျပာက္က်ားတပ္ဖြဲ႕က ပစ္သတ္ခဲ့ေသာ္လည္း ပစ္သတ္သူမ်ားကို စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ယေန႔အခ်ိန္ထိ ဖမ္းဆီးႏိုင္ျခင္း မရွိေသးဘဲ ရမ္းသမ္းကာ ဖမ္း ဆီးထားသူမ်ားသာရွိသည္ဟု ပုသိမ္ ၿမိဳ႕ခံ ဦးဝင္းေအာင္ က ေျပာသည္။
ေအာက္တိုဘာ ၂၈ ရက္ေန႔ က CDM ရဲ ႏွင့္ ပုသိမ္ အေနာက္ ေျပာက္က်ားတပ္ဖြဲ႕တို႔က ျမကြၽန္းသာမီးပြိဳင့္ ေမာ္ ေတာ္ပီကယ္႐ုံးကို ပစ္ခတ္ တိုက္ခိုက္ရာ ယာဥ္ထိမ္းရဲ ႏွစ္ဦး ေသဆုံးခဲ့သည္။
သို႔ေသာ္ ပစ္ခတ္ တိုက္ခိုက္ခဲ့သည့္သူမ်ားကို လက္ရဖမ္းဆီးႏိုင္ျခင္း မရွိဘဲ အမွတ္ ၇ ရပ္ကြက္ရွိ ေနအိမ္တြင္ ေနထိုင္ေနသည့္ CDM ယာဥ္ထိမ္းရဲ လူငယ္တစ္ဦး ႏွင့္ ၎၏ အေဖကို ေအာက္တိုဘာ ၂၉ ရက္ေန႔က ဖမ္းဆီး ထားသည္ဟု ေဒသခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။