ထားဝယ်တွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးကျည်ထိမှန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်။

ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့သည့် အတွက် အသက် ၃၀ အရွယ်ခန့် အမျိုးသမီးတစ်ဦး ရင်ညွန့် ကျည်ဆံထိမှန်ခဲ့ရာ အသက်အန္တရာယ် စိုးရိမ်နေရ သည်ဟု ဒေသခံ ရွာသားများက ပြောသည်။

အောက်တိုဘာလ ၃၁ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ် ဝင်းကဖော်ကျေးရွာအတွင်း အောက်တိုဘာ ၃၁ ရက်နေ့က ဝင်ရောက်ခဲ့စဉ် ဥယျာဉ်ခြံများတွင် ရှိသည့်အိမ်များကို ဝင်ရောက်ရှာဖွေခဲ့ပြီး ပစ်ခတ်ခဲ့ခြင်း ဖြစ်သည် ဟု အသက် ၄၀ အရွယ် ရွာသားတစ်ဦး က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညနေပိုင်း ပြန်လည်ထွက်ခွာချိန် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဝင်းကဖော် ကျေးရွာက အသက် ၃၀ ဝန်းကျင် အရွယ် ဒေါ်ခင်ခင်ခိုင်၏ ရင်ညွန့် ကျည်ဆံထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ရွာ သားက ပြောသည်။

ထို့အပြင် သရက်ချောင်းမြို့နယ် အခြေစိုက် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးကလည်း “အသက်အန္တရာယ်ရှိတဲ့ နေရာမှာ ကျည်ထိတာဆိုတော့ စိုးရိမ်ရတယ်။ လူနာအခြေအနေ သိပ်မကောင်းဘူး“ ဟု ပြောသည်။

တောင်ပျောက်တိုက်နယ်ထဲက ကျေးရွာများကိုဝင်၍ မကြာခဏ သေနတ်များဖြင့် ပစ်ခတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများကို ဖမ်းဆီးစစ်ဆေးခြင်း၊ နေအိမ်များထဲရှိ ပစ္စည်းများကို ခိုးယူခြင်းစသည့် လူထု ကိုအနိုင်ကျင့်သည့် လုပ်ရပ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုပ်ဆောင်နေကြသည်ဟု ဒေသခံ ရွာသားများ က ပြောသည်။

တောင်ပျောက်တိုက်နယ်တွင် ကျေးရွာ ဆယ်ရွာရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက သဲချောင်းကြီးကျေးရွာတွင် အထိုင်ချတပ်စွဲထားသည်မှာ တစ်လကျော်ခန့်ရှိနေပြီဖြစ်သည်။

အဝင်အထွက် လူသွားလမ်းများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ဆို့ကင်းချထားသည့် အတွက် ဒေသခံ ရွာသားများ စားနပ်ရိက္ခာနှင့် ဆေးဝါးများ ဝယ်ယူရန်အတွက် အခက်အခဲများနှင့်လည်း ကြုံတွေ့နေကြရသည်ဟု ဆိုကြသည်။

*** ZAWGYI ***
ထားဝယ္တြင္ စစ္ေကာင္စီပစ္ခတ္မႈေၾကာင့္ အမ်ိဳးသမီးတစ္ဦးက်ည္ထိမွန္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၂ ရက္။

ထားဝယ္ခ႐ိုင္အတြင္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ပစ္ခတ္ခဲ့သည့္ အတြက္ အသက္ ၃၀ အ႐ြယ္ခန႔္ အမ်ိဳးသမီးတစ္ဦး ရင္ၫြန႔္ က်ည္ဆံထိမွန္ခဲ့ရာ အသက္အႏၲရာယ္ စိုးရိမ္ေနရ သည္ဟု ေဒသခံ ႐ြာသားမ်ားက ေျပာသည္။

ေအာက္တိုဘာလ ၃၁ ရက္ေန႔တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား သရက္ေခ်ာင္းၿမိဳ႕နယ္၊ ေတာင္ေပ်ာက္တိုက္နယ္ ဝင္းကေဖာ္ေက်း႐ြာအတြင္း ေအာက္တိုဘာ ၃၁ ရက္ေန႔က ဝင္ေရာက္ခဲ့စဥ္ ဥယ်ာဥ္ၿခံမ်ားတြင္ ရွိသည့္အိမ္မ်ားကို ဝင္ေရာက္ရွာေဖြခဲ့ၿပီး ပစ္ခတ္ခဲ့ျခင္း ျဖစ္သည္ ဟု အသက္ ၄၀ အ႐ြယ္ ႐ြာသားတစ္ဦး က ေျပာသည္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ညေနပိုင္း ျပန္လည္ထြက္ခြာခ်ိန္ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့သည့္အတြက္ ဝင္းကေဖာ္ ေက်း႐ြာက အသက္ ၃၀ ဝန္းက်င္ အ႐ြယ္ ေဒၚခင္ခင္ခိုင္၏ ရင္ၫြန႔္ က်ည္ဆံထိမွန္ခဲ့ျခင္း ျဖစ္သည္ဟု အဆိုပါ ႐ြာ သားက ေျပာသည္။

ထို႔အျပင္ သရက္ေခ်ာင္းၿမိဳ႕နယ္ အေျခစိုက္ ေဒါင္းမင္းစစ္ဆင္ေရးအဖြဲ႕ ျပန္ၾကားေရးတာဝန္ရွိသူ တစ္ဦးကလည္း “အသက္အႏၲရာယ္ရွိတဲ့ ေနရာမွာ က်ည္ထိတာဆိုေတာ့ စိုးရိမ္ရတယ္။ လူနာအေျခအေန သိပ္မေကာင္းဘူး“ ဟု ေျပာသည္။

ေတာင္ေပ်ာက္တိုက္နယ္ထဲက ေက်း႐ြာမ်ားကိုဝင္၍ မၾကာခဏ ေသနတ္မ်ားျဖင့္ ပစ္ခတ္ျခင္း၊ ေနအိမ္မ်ားကို မီးရႈိ႕ဖ်က္ဆီးျခင္း၊ ေဒသခံမ်ားကို ဖမ္းဆီးစစ္ေဆးျခင္း၊ ေနအိမ္မ်ားထဲရွိ ပစၥည္းမ်ားကို ခိုးယူျခင္းစသည့္ လူထု ကိုအႏိုင္က်င့္သည့္ လုပ္ရပ္မ်ားကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက လုပ္ေဆာင္ေနၾကသည္ဟု ေဒသခံ ႐ြာသားမ်ား က ေျပာသည္။

ေတာင္ေပ်ာက္တိုက္နယ္တြင္ ေက်း႐ြာ ဆယ္႐ြာရွိၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက သဲေခ်ာင္းႀကီးေက်း႐ြာတြင္ အထိုင္ခ်တပ္စြဲထားသည္မွာ တစ္လေက်ာ္ခန႔္ရွိေနၿပီျဖစ္သည္။

အဝင္အထြက္ လူသြားလမ္းမ်ားတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ပိတ္ဆို႔ကင္းခ်ထားသည့္ အတြက္ ေဒသခံ ႐ြာသားမ်ား စားနပ္ရိကၡာႏွင့္ ေဆးဝါးမ်ား ဝယ္ယူရန္အတြက္ အခက္အခဲမ်ားႏွင့္လည္း ႀကဳံေတြ႕ေနၾကရသည္ဟု ဆိုၾကသည္။