စစ်ကောင်စီ တပ်မှ ဖမ်းထားသူများ ပြန်လွတ်ရန် သိန်း ၂၀ စီ ပေးရမည်ဟု အုပ်ချုပ်ရေးမှူးကတောင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်။
ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးလိုပါက တစ်ဦးလျှင် သိန်း ၂၀ စီပေးရမည်ဟု အုပ်ချုပ်ရေးမှူးက တောင်းခံလျက်ရှိကြောင်း ဖမ်းဆီးခံရသူများ၏ ရွာသားများက ပြောသည်။
စစ်ကောင်စီတပ်၏ တပ်ရင်း-၂၈၅ က လာရောက်ဖမ်းဆီးသွားသည့် ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာသား ၄ ဦး အတွက် စစ်ကောင်စီခန့် ဇရပ်ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးပါကုန်း ကိုယ်တိုင် မိသားစုဝင်များထံ တစ်ဦးလျှင် သိန်း ၂၀ စီ ဖြင့် စုစုပေါင်း သိန်း ၈၀ တောင်းနေခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။
“လွတ်ချင်ရင် တစ်ယောက်ကို သိန်း၂၀ပေးရမယ်။ စစ်တပ်ကတောင်းတာ၊ ပြေလည်အောင် တိုင်းဗဟိုအထိ ငါသွားရအုံးမှာ ပေးနိုင် မပေးနိုင်ရင် စဉ်းစားကြပေါ့ဆိုပြီး ဦးပါကုန်း ကိုယ်တိုင်ပြောတာ“ ဟု အသက် ၅၀ အရွယ်ခန့်ရှိသူ ရွာသားတစ်ဦး က ပြောသည်။
အုပ်ချုပ်ရေးမှူး ဦးပါကုန်းက ၎င်းအနေဖြင့် ဖမ်းဆီးခံထားရသူ လေးဦး လွတ်မြောက်လာအောင် အကူအညီပေး၍ ရသည်ဟု ပြောဆိုလာခဲ့သည်။
စစ်တပ်က အမှန်တကယ် တောင်းမတောင်း မသိရဟု ရွာသားများက ပြောသည်။ ဦးပါကုန်းမှာ ကျေးရွာထဲတွင် အခွန်အကောက် ကောက်သည့်နေရာတွင် နာမည်ကြီး တစ်ယောက် ဖြစ်သည် ဟု ဒေသခံများက ဆိုသည်။
ဇရပ်ဆိပ်ကျေး ရွာမှ ပန်းပဲနောင်ပု၊ ဖိုးတီးကုန်း၊ ဆရာ ကြည်သိန်း နှင့် ဦးကြယ်နီတို့ လေးဦးကို အောက်တိုဘာလ ၂၇ ရက်နေ့ ည ၉နာရီခွဲ အချိန်ခန့်တွင် တပ်ရင်း-၂၈၅ က စစ်သားများသည် အကြောင်းပြချက်မပေးဘဲ လာရောက် ဖမ်းဆီးခေါ် ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
ဇရပ်ဆိပ်ကျေးရွာသည် မြိတ်-ပုလော လမ်းမကြီးပေါ်တွင် တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး အဆိုပါ ကျေးရွာ နှင့် ကပ်လျက်ရှိသည့် တပိုကျေးရွာ ဘုရားကုန်းနေရာတွင်လည်း အောက်တိုဘာ ၂၆ ရက်နေ့၊ နံနက်ပိုင်းက စစ် ယာဉ်တန်း မိုင်းခွဲခံရမှု ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ သေးသည်။
ယင်းမိုင်းခွဲခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဇရပ်ဆိပ်ကျေးရွာက ရွာသား ၄ ဦးကို ဖမ်းဆီးခြင်းဖြစ်နိုင်သည်ဟု ဒေသခံရွာသားများက ပြောဆိုနေကြသည်။
*** ZAWGYI ***
စစ္ေကာင္စီ တပ္မွ ဖမ္းထားသူမ်ား ျပန္လြတ္ရန္ သိန္း ၂၀ စီ ေပးရမည္ဟု အုပ္ခ်ဳပ္ေရးမႉးကေတာင္း
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၂ ရက္။
ဖမ္းဆီးထားသူမ်ား ျပန္လႊတ္ေပးလိုပါက တစ္ဦးလွ်င္ သိန္း ၂၀ စီေပးရမည္ဟု အုပ္ခ်ဳပ္ေရးမႉးက ေတာင္းခံလ်က္ရွိေၾကာင္း ဖမ္းဆီးခံရသူမ်ား၏ ႐ြာသားမ်ားက ေျပာသည္။
စစ္ေကာင္စီတပ္၏ တပ္ရင္း-၂၈၅ က လာေရာက္ဖမ္းဆီးသြားသည့္ ပုေလာၿမိဳ႕နယ္ ဇရပ္ဆိပ္ေက်း႐ြာသား ၄ ဦး အတြက္ စစ္ေကာင္စီခန႔္ ဇရပ္ဆိပ္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးပါကုန္း ကိုယ္တိုင္ မိသားစုဝင္မ်ားထံ တစ္ဦးလွ်င္ သိန္း ၂၀ စီ ျဖင့္ စုစုေပါင္း သိန္း ၈၀ ေတာင္းေနျခင္း ျဖစ္သည္ဟု ႐ြာသားမ်ားက ေျပာသည္။
“လြတ္ခ်င္ရင္ တစ္ေယာက္ကို သိန္း၂၀ေပးရမယ္။ စစ္တပ္ကေတာင္းတာ၊ ေျပလည္ေအာင္ တိုင္းဗဟိုအထိ ငါသြားရအုံးမွာ ေပးႏိုင္ မေပးႏိုင္ရင္ စဥ္းစားၾကေပါ့ဆိုၿပီး ဦးပါကုန္း ကိုယ္တိုင္ေျပာတာ“ ဟု အသက္ ၅၀ အ႐ြယ္ခန႔္ရွိသူ ႐ြာသားတစ္ဦး က ေျပာသည္။
အုပ္ခ်ဳပ္ေရးမႉး ဦးပါကုန္းက ၎အေနျဖင့္ ဖမ္းဆီးခံထားရသူ ေလးဦး လြတ္ေျမာက္လာေအာင္ အကူအညီေပး၍ ရသည္ဟု ေျပာဆိုလာခဲ့သည္။
စစ္တပ္က အမွန္တကယ္ ေတာင္းမေတာင္း မသိရဟု ႐ြာသားမ်ားက ေျပာသည္။ ဦးပါကုန္းမွာ ေက်း႐ြာထဲတြင္ အခြန္အေကာက္ ေကာက္သည့္ေနရာတြင္ နာမည္ႀကီး တစ္ေယာက္ ျဖစ္သည္ ဟု ေဒသခံမ်ားက ဆိုသည္။
ဇရပ္ဆိပ္ေက်း ႐ြာမွ ပန္းပဲေနာင္ပု၊ ဖိုးတီးကုန္း၊ ဆရာ ၾကည္သိန္း ႏွင့္ ဦးၾကယ္နီတို႔ ေလးဦးကို ေအာက္တိုဘာလ ၂၇ ရက္ေန႔ ည ၉နာရီခြဲ အခ်ိန္ခန႔္တြင္ တပ္ရင္း-၂၈၅ က စစ္သားမ်ားသည္ အေၾကာင္းျပခ်က္မေပးဘဲ လာေရာက္ ဖမ္းဆီးေခၚ ေဆာင္သြားခဲ့ျခင္း ျဖစ္သည္။
ဇရပ္ဆိပ္ေက်း႐ြာသည္ ၿမိတ္-ပုေလာ လမ္းမႀကီးေပၚတြင္ တည္ရွိသည့္ ေက်း႐ြာတစ္႐ြာျဖစ္ၿပီး အဆိုပါ ေက်း႐ြာ ႏွင့္ ကပ္လ်က္ရွိသည့္ တပိုေက်း႐ြာ ဘုရားကုန္းေနရာတြင္လည္း ေအာက္တိုဘာ ၂၆ ရက္ေန႔၊ နံနက္ပိုင္းက စစ္ ယာဥ္တန္း မိုင္းခြဲခံရမႈ ျဖစ္စဥ္တစ္ခုျဖစ္ပြားခဲ့ ေသးသည္။
ယင္းမိုင္းခြဲခံရမႈျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဇရပ္ဆိပ္ေက်း႐ြာက ႐ြာသား ၄ ဦးကို ဖမ္းဆီးျခင္းျဖစ္ႏိုင္သည္ဟု ေဒသခံ႐ြာသားမ်ားက ေျပာဆိုေနၾကသည္။