တနင်္သာရီ မြို့နယ်အတွင်း အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်။
တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်ကုန်ကြသည်ဟု ဒေသခံများ က ပြောသည်။
တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီ မြို့နယ်အတွင်း အောက်တိုဘာလထဲတွင် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ နေအိမ် ဗုံးပစ်ခံရခြင်း၊ သေနတ်ပစ် ခံရခြင်း၊ အိမ်မီးရှို့ခံရခြင်းများ ခပ်စိပ်စိပ်ဖြစ်လာပြီးသည့် နောက်ပိုင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး အချို့ နုတ်ထွက် ကြခြင်းဖြစ်သည်ဟု သိရသည်။
နှုတ်ထွက်သွားသည့် အုပ်ချုပ်ရေးမှူးများမှာ တကူ၊ အရှေ့မော်တုန်း၊ အနောက်မော်တုန်း၊ သာရဘွင်နှင့် ချောင်းလမု စသည့် ကျေးရွာများကဖြစ်ကြသည်။
အောက်တိုဘာ ၂၉ ရက်နေ့ နံနက်ပိုင်း ဖြစ်ပွားခဲ့သည့် ပဝကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဌေး နေအိမ်မီးရှို့ခံရကာ မီးခိုးမွှန် သေဆုံးသွားသည့်နေ့မှ စတင်၍ အထက်ပါကျေးရွာများက အုပ်ချုပ်ရေးမှူးများ ဆက်တိုက် နှုတ်ထွက်စာ တင်ကြခြင်းဖြစ်သည်ဟု တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်သူ တစ်ဦးကပြောသည်။
တနင်္သာရီ မြို့နယ်အတွင်းမှ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးလည်းဖြစ် စစ်ကောင်စီ သတင်းပေးဟု နာမည်ထွက် ခဲ့သည့် ပဝရွာမကြီးမှ အုပ်ချုပ်ရေးမှူး ဦးမြင့်ဌေး၏ အိမ်ကို မျက်နှာဖုံးစွပ်ထားသည့် အဖွဲ့တစ်ဖွဲ့က လာဝိုင်းကာ အိမ်အပြင်ထွက်လာပြီး အဖမ်းခံရန်ပြောဆိုခဲ့ရာ ထွက်မလာသည့်အတွက် မီးရှို့ခံလိုက်ရခြင်းဖြစ်သည်။
ထိုသို့ နေအိမ်မီးရှို့ခံခဲ့ရသည့်အတွက် ဦးမြင့်ဌေးအပါအဝင် မိသားစုဝင် ၄ ဦး မီးခိုးမွှန် သေဆုံးခဲ့ပြီး တစ်ဦး ဒဏ် ရာရခဲ့သည်ဟု ဒေသခံများက ပြောသည်။ အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ယခုကဲ့သို့ ကျေးရွာအုပ်ချုပ်ရေး မှူးများ နှုတ်ဆက်စာတင်နေကြခြင်း ဖြစ်သည်ဟု ဒေသခံများ၊ အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်သူများက ဆိုသည်။
အလားတူ မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ရွှေပြည်တန်ရပ်ကွက်က ရာအိမ်မှူး ဦးသန်းထွန်းကလည်း အောက်တိုဘာလ ၃၁ ရက်နေ့တွင် နုတ်ထွက်စာတင်ထားသည်ဟု သိရသည်။
အုပ်ချုပ်ရေးမှူးအများစုက ကျန်းမာရေးအကြောင်းပြကာ နုတ်ထွက်စာ တင်ထားကြသော်လည်း စစ်ကောင်စီက နုတ်ထွက်ခွင့် ပြုမပြုကိုမူ မသိရသေးပေ။
*** ZAWGYI ***
တနသၤာရီ ၿမိဳ႕နယ္အတြင္း အုပ္ခ်ဳပ္ေရးမႉးမ်ား ႏႈတ္ထြက္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၂ ရက္။
တနသၤာရီၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာအခ်ိဳ႕မွ စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉးမ်ား ႏႈတ္ထြက္ကုန္ၾကသည္ဟု ေဒသခံမ်ား က ေျပာသည္။
တနသၤာရီတိုင္း ၿမိတ္ခ႐ိုင္ တနသၤာရီ ၿမိဳ႕နယ္အတြင္း ေအာက္တိုဘာလထဲတြင္ စစ္ေကာင္စီခန႔္ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးမ်ား၏ ေနအိမ္ ဗုံးပစ္ခံရျခင္း၊ ေသနတ္ပစ္ ခံရျခင္း၊ အိမ္မီးရႈိ႕ခံရျခင္းမ်ား ခပ္စိပ္စိပ္ျဖစ္လာၿပီးသည့္ ေနာက္ပိုင္း ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉး အခ်ိဳ႕ ႏုတ္ထြက္ ၾကျခင္းျဖစ္သည္ဟု သိရသည္။
ႏႈတ္ထြက္သြားသည့္ အုပ္ခ်ဳပ္ေရးမႉးမ်ားမွာ တကူ၊ အေရွ႕ေမာ္တုန္း၊ အေနာက္ေမာ္တုန္း၊ သာရဘြင္ႏွင့္ ေခ်ာင္းလမု စသည့္ ေက်း႐ြာမ်ားကျဖစ္ၾကသည္။
ေအာက္တိုဘာ ၂၉ ရက္ေန႔ နံနက္ပိုင္း ျဖစ္ပြားခဲ့သည့္ ပဝေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးျမင့္ေဌး ေနအိမ္မီးရႈိ႕ခံရကာ မီးခိုးမႊန္ ေသဆုံးသြားသည့္ေန႔မွ စတင္၍ အထက္ပါေက်း႐ြာမ်ားက အုပ္ခ်ဳပ္ေရးမႉးမ်ား ဆက္တိုက္ ႏႈတ္ထြက္စာ တင္ၾကျခင္းျဖစ္သည္ဟု တနသၤာရီၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး႐ုံးႏွင့္ နီးစပ္သူ တစ္ဦးကေျပာသည္။
တနသၤာရီ ၿမိဳ႕နယ္အတြင္းမွ ျပည္သူ႔စစ္ေခါင္းေဆာင္တစ္ဦးလည္းျဖစ္ စစ္ေကာင္စီ သတင္းေပးဟု နာမည္ထြက္ ခဲ့သည့္ ပဝ႐ြာမႀကီးမွ အုပ္ခ်ဳပ္ေရးမႉး ဦးျမင့္ေဌး၏ အိမ္ကို မ်က္ႏွာဖုံးစြပ္ထားသည့္ အဖြဲ႕တစ္ဖြဲ႕က လာဝိုင္းကာ အိမ္အျပင္ထြက္လာၿပီး အဖမ္းခံရန္ေျပာဆိုခဲ့ရာ ထြက္မလာသည့္အတြက္ မီးရႈိ႕ခံလိုက္ရျခင္းျဖစ္သည္။
ထိုသို႔ ေနအိမ္မီးရႈိ႕ခံခဲ့ရသည့္အတြက္ ဦးျမင့္ေဌးအပါအဝင္ မိသားစုဝင္ ၄ ဦး မီးခိုးမႊန္ ေသဆုံးခဲ့ၿပီး တစ္ဦး ဒဏ္ ရာရခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။ အဆိုပါ ျဖစ္စဥ္ျဖစ္ပြားၿပီးေနာက္ ယခုကဲ့သို႔ ေက်း႐ြာအုပ္ခ်ဳပ္ေရး မႉးမ်ား ႏႈတ္ဆက္စာတင္ေနၾကျခင္း ျဖစ္သည္ဟု ေဒသခံမ်ား၊ အုပ္ခ်ဳပ္ေရးမႉး႐ုံးႏွင့္ နီးစပ္သူမ်ားက ဆိုသည္။
အလားတူ ၿမိတ္ၿမိဳ႕နယ္၊ ၿမိတ္ေတာင္ေက်း႐ြာအုပ္စု၊ ေ႐ႊျပည္တန္ရပ္ကြက္က ရာအိမ္မႉး ဦးသန္းထြန္းကလည္း ေအာက္တိုဘာလ ၃၁ ရက္ေန႔တြင္ ႏုတ္ထြက္စာတင္ထားသည္ဟု သိရသည္။
အုပ္ခ်ဳပ္ေရးမႉးအမ်ားစုက က်န္းမာေရးအေၾကာင္းျပကာ ႏုတ္ထြက္စာ တင္ထားၾကေသာ္လည္း စစ္ေကာင္စီက ႏုတ္ထြက္ခြင့္ ျပဳမျပဳကိုမူ မသိရေသးေပ။