တိုင်းရင်းသားဘာသာ သတင်းအစီအစဉ် ( ၂ – ၁၁ – ၂၁ )
ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် MNDAA တို့အကြား အောက်တိုဘာလ ၂၈ ရက်နေ့ နေ့လည်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး လက်နက်တချို့ကိုလည်း သိမ်းယူရရှိခဲ့တယ်လို့ MNDAA က ပြောပါတယ်။
ကရင်နီဒေသတွေဖြစ်တဲ့ မိုးဗြဲနဲ့ ဒီးမော့ဆိုတို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေ ရမ်းသန်းပစ်ခတ်ခဲ့တဲ့အတွက် လူသေဆုံးမှု ရှိခဲ့သလို ဘုရားကျောင်းတစ်ခုလည်း ပျက်စီးခဲ့ပါတယ်။
ကရင်နီက ခြေတစ်ဖက်မရှိတော့ပေမဲ့ တော်လှန်ရေး ဆက်လုပ်သွားမယ်ဆိုတဲ့ KNDF ရဲဘော်တစ်ယောက်အကြောင်းကိုလည်း နောက်ပိုင်းမှာ တင်ဆက်ထားပါတယ်။
*** ZAWGYI ***