မန်းဂျော်နီ နေအိမ်ကို ချိပ်ပိတ်၊ အိမ်သားများ ညတွင်းချင်း ပြောင်းပေးရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်။

ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၏ နေအိမ်ကို အာဏာသိမ်း စစ်ကောင်စီ က ချိပ် ပိတ်သိမ်းဆည်းလိုက်သည်။

နေအိမ်အတွင်းရှိ ပရိဘောဂများ အားလုံးကို ယူဆောင်ခွင့် မပေးပဲ အောက်တိုဘာ ၃၁ ရက်နေ့က ချိပ်ပိတ် သိမ်းဆည်းကာ မန်းဂျော်နီ၏ ကိုယ်ပိုင်ကား မဟုတ်သည့် မိသားစုဝင်တစ်ဦး၏ အိမ်စီးကားကိုလည်း သိမ်းယူသွားသည်ဟု မိသားစုနှင့် နီးစပ်သူများ က ပြောသည်။

“မိသားစုတွေကို ကျုံပျော်မြို့ အတွင်းကလွဲပြီး အခြားနေရာကို သွားလာတာ ကန့်သတ်ထားတယ်။ အမျိုးတွေ ကိုပါ စစ်တပ်နဲ့ ရဲကစောင့်ကြည့်နေတာ” ဟု မိသားစု နှင့် နီးစပ်သူ တစ်ဦး ကပြောသည်။

ချိပ်ပိတ်ခံရသည့် ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၏ အိမ်မှာ မိဘဘိုးဘွား စဉ်ဆက်နေ ထိုင်ခဲ့သည့် ဘိုးဘွားစဉ် ဆက် ပိုင်ဆိုင်နေထိုင်ခဲ့ကြသည့် အိမ်ခြံမြေ ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်ရှိနေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခံလိုက်သည့်အတွက် အိမ်တွင် နေထိုင်နေသော မန်းဂျော်နီ၏ သားမိသားစုနှစ်စုမှ မိသားစုဝင်များ ညတွင်းချင်း ပြောင်းရွှေ့ပေးလိုက်ရပြီး ကျုံပျော်မြို့ ညောင်ပင်သာ ရပ်ကွက်တွင် အိမ်ငှားရမ်း နေထိုင်ကြရသည်ဟု သိရ သည်။

“ဩဂုတ်လတုန်းက ဆရာမန်းရဲ့ တောတွင်းမှာ သေနတ်ကိုင်ထားတဲ့ ဓာတ်ပုံ ထွက်လာတော့ သူ့ အိမ်အနားက ခရစ်ယာန်ဘုရား ရှိခိုးကျောင်းကို စစ်တပ်က ဝင်ရှာသေးတယ်” ဟု ဒေသခံတစ်ဦး က ပြောသည်။

ပညာရေးမှူးဟောင်းလည်းဖြစ်၊ ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်သည့် မန်းဂျော်နီသည် ၁၉၈၈ ခုနှစ်က ရှစ်လေးလုံး အရေးတော်ပုံတွင် ပါဝင်ခဲ့ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင်တစ်ဦး ဖြစ်လာခဲ့သည်။

၁၉၉၀ ခုနှစ်တွင် ကျုံပျော်မြို့နယ်မှ ရွေးကောက်ခံ လွတ်တော်ကိုယ်စားလှယ်၊ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက် ပွဲတွင် မြောင်းမြမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ်အဖြစ် ရွေးကောက်ခံသည်။

၂၀၁၅ ခုနှစ်တွင် ကျုံပျော်မြို့နယ်မှ ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အဖြစ်တင်မြောက်ခံရ ကာ ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၉ရက်နေ့ အထိ ဧရာဝတီတိုင်း ဝန်ကြီးချုပ် အဖြစ်တာ ဝန်ထမ်းဆောင်ခဲ့သည်။

NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုနာယက အဖွဲ့ဝင် ဖြစ်လာပြီး ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ဧရာဝတီ တိုင်း ကျုံပျော် မဲဆန္ဒနယ် အမှတ် ၂ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်တင်မြှောက် ခြင်း ခံထားရသူဖြစ်သည်။

စစ်ကောင်စီက အောက်တိုဘာလအတွင်း စစ်ကိုင်းတိုင်း အမျိုးသမီးလွှတ်တော်အမတ် ဒေါ်သန့်ဝေကျော်၏ နေအိမ်၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CHPH ၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်၏ ရန်ကုန်မြို့က နေအိမ်၊ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ၏ ဖက်ဒရယ် ပြည် ထောင်စုရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင် ၏ ဟားခါးမြို့က နေအိမ်တို့ကိုလည်း ချိပ်ပိတ်သိမ်းဆည်း လိုက်သည်။

*** ZAWGYI ***
မန္းေဂ်ာ္နီ ေနအိမ္ကို ခ်ိပ္ပိတ္၊ အိမ္သားမ်ား ညတြင္းခ်င္း ေျပာင္းေပးရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၃ ရက္။

ဧရာဝတီတိုင္း ဝန္ႀကီးခ်ဳပ္ေဟာင္း မန္းေဂ်ာ္နီ၏ ေနအိမ္ကို အာဏာသိမ္း စစ္ေကာင္စီ က ခ်ိပ္ ပိတ္သိမ္းဆည္းလိုက္သည္။

ေနအိမ္အတြင္းရွိ ပရိေဘာဂမ်ား အားလုံးကို ယူေဆာင္ခြင့္ မေပးပဲ ေအာက္တိုဘာ ၃၁ ရက္ေန႔က ခ်ိပ္ပိတ္ သိမ္းဆည္းကာ မန္းေဂ်ာ္နီ၏ ကိုယ္ပိုင္ကား မဟုတ္သည့္ မိသားစုဝင္တစ္ဦး၏ အိမ္စီးကားကိုလည္း သိမ္းယူသြားသည္ဟု မိသားစုႏွင့္ နီးစပ္သူမ်ား က ေျပာသည္။

“မိသားစုေတြကို က်ဳံေပ်ာ္ၿမိဳ႕ အတြင္းကလြဲၿပီး အျခားေနရာကို သြားလာတာ ကန႔္သတ္ထားတယ္။ အမ်ိဳးေတြ ကိုပါ စစ္တပ္နဲ႔ ရဲကေစာင့္ၾကည့္ေနတာ” ဟု မိသားစု ႏွင့္ နီးစပ္သူ တစ္ဦး ကေျပာသည္။

ခ်ိပ္ပိတ္ခံရသည့္ ဝန္ႀကီးခ်ဳပ္ေဟာင္း မန္းေဂ်ာ္နီ၏ အိမ္မွာ မိဘဘိုးဘြား စဥ္ဆက္ေန ထိုင္ခဲ့သည့္ ဘိုးဘြားစဥ္ ဆက္ ပိုင္ဆိုင္ေနထိုင္ခဲ့ၾကသည့္ အိမ္ၿခံေျမ ျဖစ္သည္ဟု မိသားစုႏွင့္ နီးစပ္သူမ်ားက ေျပာသည္။

က်ဳံေပ်ာ္ၿမိဳ႕၊ ေအာင္ဆန္းရပ္ကြက္ရွိေနအိမ္ကို စစ္ေကာင္စီက ခ်ိပ္ပိတ္သိမ္းဆည္းခံလိုက္သည့္အတြက္ အိမ္တြင္ ေနထိုင္ေနေသာ မန္းေဂ်ာ္နီ၏ သားမိသားစုႏွစ္စုမွ မိသားစုဝင္မ်ား ညတြင္းခ်င္း ေျပာင္းေ႐ႊ႕ေပးလိုက္ရၿပီး က်ဳံေပ်ာ္ၿမိဳ႕ ေညာင္ပင္သာ ရပ္ကြက္တြင္ အိမ္ငွားရမ္း ေနထိုင္ၾကရသည္ဟု သိရ သည္။

“ဩဂုတ္လတုန္းက ဆရာမန္းရဲ႕ ေတာတြင္းမွာ ေသနတ္ကိုင္ထားတဲ့ ဓာတ္ပုံ ထြက္လာေတာ့ သူ႔ အိမ္အနားက ခရစ္ယာန္ဘုရား ရွိခိုးေက်ာင္းကို စစ္တပ္က ဝင္ရွာေသးတယ္” ဟု ေဒသခံတစ္ဦး က ေျပာသည္။

ပညာေရးမႉးေဟာင္းလည္းျဖစ္၊ ဝန္ႀကီးခ်ဳပ္ေဟာင္းလည္းျဖစ္သည့္ မန္းေဂ်ာ္နီသည္ ၁၉၈၈ ခုႏွစ္က ရွစ္ေလးလုံး အေရးေတာ္ပုံတြင္ ပါဝင္ခဲ့ၿပီးေနာက္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ပါတီဝင္တစ္ဦး ျဖစ္လာခဲ့သည္။

၁၉၉၀ ခုႏွစ္တြင္ က်ဳံေပ်ာ္ၿမိဳ႕နယ္မွ ေ႐ြးေကာက္ခံ လြတ္ေတာ္ကိုယ္စားလွယ္၊ ၂၀၁၂ခုႏွစ္ ၾကားျဖတ္ေ႐ြးေကာက္ ပြဲတြင္ ေျမာင္းျမၿမိဳ႕ နယ္ ျပည္သူ႔ လႊတ္ေတာ္ကိုယ္ စားလွယ္အျဖစ္ ေ႐ြးေကာက္ခံသည္။

၂၀၁၅ ခုႏွစ္တြင္ က်ဳံေပ်ာ္ၿမိဳ႕နယ္မွ ဧရာဝတီတိုင္း ေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ အျဖစ္တင္ေျမာက္ခံရ ကာ ၂၀၁၆ ခုႏွစ္၊ မတ္လ ၃၀ ရက္ေန႔မွ ၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလ ၉ရက္ေန႔ အထိ ဧရာဝတီတိုင္း ဝန္ႀကီးခ်ဳပ္ အျဖစ္တာ ဝန္ထမ္းေဆာင္ခဲ့သည္။

NLD ပါတီ၏ ဗဟိုအလုပ္အမႈေဆာင္၊ ဗဟိုနာယက အဖြဲ႕ဝင္ ျဖစ္လာၿပီး ၂၀၂၀ ခုႏွစ္ ေ႐ြးေကာက္ပြဲတြင္ ဧရာဝတီ တိုင္း က်ဳံေပ်ာ္ မဲဆႏၵနယ္ အမွတ္ ၂ မွ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ အျဖစ္ ေ႐ြးခ်ယ္တင္ေျမႇာက္ ျခင္း ခံထားရသူျဖစ္သည္။

စစ္ေကာင္စီက ေအာက္တိုဘာလအတြင္း စစ္ကိုင္းတိုင္း အမ်ိဳးသမီးလႊတ္ေတာ္အမတ္ ေဒၚသန႔္ေဝေက်ာ္၏ ေနအိမ္၊ ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္မတီ CHPH ၏ အတြင္းေရးမႉးအဖြဲ႕ဝင္ ဦးထြန္းျမင့္၏ ရန္ကုန္ၿမိဳ႕က ေနအိမ္၊ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG ၏ ဖက္ဒရယ္ ျပည္ ေထာင္စုေရးရာဝန္ႀကီး ေဒါက္တာလ်န္မႈန္းဆာေခါင္ ၏ ဟားခါးၿမိဳ႕က ေနအိမ္တို႔ကိုလည္း ခ်ိပ္ပိတ္သိမ္းဆည္း လိုက္သည္။