ဆိုင်ကယ်ပေါက်ကွဲ၍ လူနှစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်။

ဧရာဝတီတိုင်းအတွင်း ဆိုင် ကယ် ပေါက်ကွဲ၍ စီးလာသူ လူငယ် ၂ ဦး သေဆုံးသွားသည်ဟု ဒေသခံများ ပြော သည်။

မအူပင်မြိုနယ် ရွှေတောင်မှော် ကျေးရွာတွင် နေထိုင်ကြသော အသက် ၂၀ နှစ်အရွယ်ရှိ ကိုညီညီ နှင့် အသက် ၃၅ နှစ်အရွယ်ရှိ စိုင်းဝသန်တို့နှစ်ဦးသည် ကျားပျံခြောက် ရွာလမ်းတွင် ဆိုင်ကယ်စီးလာစဉ် Tool Box အတွင်းမှပေါက်ကွဲမှု ဖြစ်ပွားပြီး သေဆုံးသွားခြင်း ဖြစ် သည်ဟု ဒေသခံအချို့က ပြောသည်။

“စစ်တပ် နဲ့ ရဲတွေ လာစစ်တယ်။ လက်လုပ်မိုင်း ပေါက်လို့ သေတာလို့ ပြောတယ်။ သူတို့ ဘယ်အဖွဲ့ကလဲ ဘယ် သူလုပ်လို့ သေတာလဲတော့မသိဘူး” ဟု ရွှေတောင်မှော် ရွာသား တစ်ဦး က ပြောသည်။

နိုဝင်ဘာလ ၁ ရက်နေ့၊ ည ၇ နာရီအချိန်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဒေသခံ PDF ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူကလည်း ထိုပေါက်ကွဲမှုတွင် သေဆုံးသွားသူ နှစ်ဦးမှာ ၎င်းတို့၏ အဖွဲ့ဝင်များ မဟုတ်ဘူးဟု ပြောသည်။

“လက်လုပ်မိုင်း လုပ်တတ်သူများလာတယ်။ တစ်ယောက်နဲ့ တစ်ယောက် မတည့်လို့ ဒီလိုလုပ်တာ ဖြစ်နိုင်သလို စစ်တပ်ကလည်း PDF တွေကို နာမည်ဖျက်ချင်လို့ လုပ်တာလည်း ဖြစ်နိုင်တယ်” ဟု ဒေသခံ အသက် ၅၀ ကျော်အရွယ်ခန့်ရှိသူ ဦးခင်မောင် က ပြောသည်။

သေဆုံးသွားသူ လူငယ် နှစ်ဦးမှာ သာမန်လူငယ်များသာ ဖြစ်ပြီး မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းဝင်မှ မဟုတ် ဟုလည်း ဒေသခံများက ပြောသည်။

ဒေသခံ ပြောက်ကျား အဖွဲ့တစ်ဖွဲ့က နိုဝင်ဘာလ ၁ ရက်နေ့၊ နံနက်ပိုင်းက မြို့နယ် စည်ပင်သာယာရုံးရှေ့တွင် လူ ထိခိုက် သေဆုံးမှုမရှိစေဘဲ ဗုံးဖေါက်ခွဲခဲ့ပြီး စည်ပင်ဝန်ထမ်းများကို သတိပေးခဲ့ကြောင်း သတင်း ထုတ်ပြန်ထား သည်။

မအူပင်မြို့ပေါ်တွင် ဗုံးပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားနေပြီး အောက်တိုဘာလအတွင်း ဗုံးပေါက်ကွဲမှုများ ၁၈ ကြိမ်ခန့် ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။

*** ZAWGYI ***
ဆိုင္ကယ္ေပါက္ကြဲ၍ လူႏွစ္ဦး ေသဆုံး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၃ ရက္။

ဧရာဝတီတိုင္းအတြင္း ဆိုင္ ကယ္ ေပါက္ကြဲ၍ စီးလာသူ လူငယ္ ၂ ဦး ေသဆုံးသြားသည္ဟု ေဒသခံမ်ား ေျပာ သည္။

မအူပင္ၿမိဳနယ္ ေ႐ႊေတာင္ေမွာ္ ေက်း႐ြာတြင္ ေနထိုင္ၾကေသာ အသက္ ၂၀ ႏွစ္အ႐ြယ္ရွိ ကိုညီညီ ႏွင့္ အသက္ ၃၅ ႏွစ္အ႐ြယ္ရွိ စိုင္းဝသန္တို႔ႏွစ္ဦးသည္ က်ားပ်ံေျခာက္ ႐ြာလမ္းတြင္ ဆိုင္ကယ္စီးလာစဥ္ Tool Box အတြင္းမွေပါက္ကြဲမႈ ျဖစ္ပြားၿပီး ေသဆုံးသြားျခင္း ျဖစ္ သည္ဟု ေဒသခံအခ်ိဳ႕က ေျပာသည္။

“စစ္တပ္ နဲ႔ ရဲေတြ လာစစ္တယ္။ လက္လုပ္မိုင္း ေပါက္လို႔ ေသတာလို႔ ေျပာတယ္။ သူတို႔ ဘယ္အဖြဲ႕ကလဲ ဘယ္ သူလုပ္လို႔ ေသတာလဲေတာ့မသိဘူး” ဟု ေ႐ႊေတာင္ေမွာ္ ႐ြာသား တစ္ဦး က ေျပာသည္။

ႏိုဝင္ဘာလ ၁ ရက္ေန႔၊ ည ၇ နာရီအခ်ိန္ခန႔္က ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

ေဒသခံ PDF ေျပာက္က်ားတပ္ဖြဲ႕ တာဝန္ရွိသူကလည္း ထိုေပါက္ကြဲမႈတြင္ ေသဆုံးသြားသူ ႏွစ္ဦးမွာ ၎တို႔၏ အဖြဲ႕ဝင္မ်ား မဟုတ္ဘူးဟု ေျပာသည္။

“လက္လုပ္မိုင္း လုပ္တတ္သူမ်ားလာတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ မတည့္လို႔ ဒီလိုလုပ္တာ ျဖစ္ႏိုင္သလို စစ္တပ္ကလည္း PDF ေတြကို နာမည္ဖ်က္ခ်င္လို႔ လုပ္တာလည္း ျဖစ္ႏိုင္တယ္” ဟု ေဒသခံ အသက္ ၅၀ ေက်ာ္အ႐ြယ္ခန႔္ရွိသူ ဦးခင္ေမာင္ က ေျပာသည္။

ေသဆုံးသြားသူ လူငယ္ ႏွစ္ဦးမွာ သာမန္လူငယ္မ်ားသာ ျဖစ္ၿပီး မည္သည့္ပါတီ၊ မည္သည့္အဖြဲ႕အစည္းဝင္မွ မဟုတ္ ဟုလည္း ေဒသခံမ်ားက ေျပာသည္။

ေဒသခံ ေျပာက္က်ား အဖြဲ႕တစ္ဖြဲ႕က ႏိုဝင္ဘာလ ၁ ရက္ေန႔၊ နံနက္ပိုင္းက ၿမိဳ႕နယ္ စည္ပင္သာယာ႐ုံးေရွ႕တြင္ လူ ထိခိုက္ ေသဆုံးမႈမရွိေစဘဲ ဗုံးေဖါက္ခြဲခဲ့ၿပီး စည္ပင္ဝန္ထမ္းမ်ားကို သတိေပးခဲ့ေၾကာင္း သတင္း ထုတ္ျပန္ထား သည္။

မအူပင္ၿမိဳ႕ေပၚတြင္ ဗုံးေပါက္ကြဲမႈမ်ား မၾကာခဏျဖစ္ပြားေနၿပီး ေအာက္တိုဘာလအတြင္း ဗုံးေပါက္ကြဲမႈမ်ား ၁၈ ႀကိမ္ခန႔္ ျဖစ္ပြားခဲ့သည္ဟု ေဒသခံမ်ားက ဆိုသည္။