“ကမ္ဘာမကြေဘူး” တက်တူးကြောင့် လူငယ်တစ်ဦး ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်။
ဖမ်းခံထားရသူ မိတ်ဆွေအားလာကြည့်သော၊ ရင်ဘတ်တွင် “ကမ္ဘာမကြေဘူး” စာတန်းထိုးထားသည့် လူငယ်တစ်ဦးအား စစ်ကောင်စီ တပ်ဖွဲ့က ဖမ်းဆီးသွားသည် ပုသိမ် ဒေသခံများက ပြော သည်။
“ဘယ်သူမှမလာနဲ့လို့ စစ်သားကပြောတယ်။ ကိုဖိုးဇော်က အင်္ကျီချွတ်နဲ့ သွားကြည့်တယ်။ စစ်သားက သူရင် ဘတ် ကထိုးတာကို ကြည့်ပြီး မင်းက ဘယ်သူ့ကို ကမ္ဘာမကြေတာလဲ မေးပြီးဖမ်းထားလိုက်တာ” ဟု ဒေသခံ တစ်ဦး က ပြောသည်။
ပုသိမ်မြို့နယ် ပုသိမ်-ငပုတော ကားလမ်းဘေးရှိ အုတ်စီကုန်းရွာနေ အသက် ၃၀ အရွယ် ကိုဖိုးဇော်သည် ၎င်းနှင့် ရွာချင်းကပ်တွင် နေထိုင်သူ ဘုရားကြီးကုန်းရွာသားတစ်ဦး အသိမိတ်ဆွေ တစ်ဦးခြံဝန်း အတွင်း အဖမ်းခံထားရသည်ကို သွားရောက်ကြည့်ရှုရာ စစ်ကောင်စီတပ်ဖွဲ့ က တွေ့ရှိသွားပြီး ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဘုရားကုန်းကျေးရွာမှ အဖမ်းခံထားရသူ ကိုထိုက်ကြီး ၏ ဝန်ခံထွက်ဆိုချက် အရ ၎င်း၏ခြံဝန်းထဲရှိ ဝက်ခြံ အတွင်းမှ လုပ်လက်စ သေနတ် ၈ လက်ကို သိမ်းဆည်း ရမိခဲ့သည်ဟု စစ်ကောင်စီ တပ်ဖွဲ့ နှင့် နီးစပ်သူများ၏ ပြောပြသည်။
အောက်တိုဘာ ၃၁ ရက်နေ့က ပုသိမ်မြို့နယ် အုတ်စီကုန်းကျေးရွာ နှင့် ကပ်လျှက်ရှိသည့် ကန်ကြီးထောင့် မြို့နယ် အပိုင် ဆင်ခေါင်းကြီးကျေးရွာက အသက် ၄၀ အရွယ် ဦးမျိုးသန့် ဆိုသူကိုလည်း စစ်တပ် နှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု ဒေသခံအချို့က ပြောသည်။
ပုသိမ်မြို့နယ်အတွင်းရှိ ဘုရားကြီးကုန်းရွာ၊ အုတ်စီကုန်းရွာ၊ ကန်ကြီးထောင့်မြို့နယ်အတွင်း မှ ဆင်ခေါင်းကြီး ကျေးရွာတို့သည် ပုသိမ်-ငပုတော ကားလမ်း ပေါ်တွင်ရှိပြီး နယ်မြေ နီးကပ်ထိစပ်နေကြသည့် ရွာများဖြစ်သည်။
ပုသိမ်မြို့နယ် နှင့် ကန်ကြီးထောင့်မြို့နယ်တွင် Mytel ဖုန်းတာဝါတိုင် နှင့် စစ်ကောင်စီ၏ ဌာနဆိုင်ရာ ရုံးပတ် ဝန်းကျင်များတွင်လည်း ဗုံးပေါက်ကွဲမှု မကြာခဏ ဖြစ်ပေါ်နေပြီး ရဲစခန်း၊ စစ်တပ်ယာယီ ကင်းစခန်း၊ စစ်ကား နှင့် ယာဉ်ထိန်းရုံးတို့လည်း PDF ပြောက်ကြားတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကို ခံခဲ့ရသည်။
ယင်းတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီ၏ စစ်သား ၃ ဦး၊ ယာဉ်ထိန်းရဲ ၂ ဦး သေဆုံးခဲ့ပြီး စစ်သား ၅ ဦး ဒဏ်ရာ ရရှိခဲ့ကြသည်။
ထို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ က မသင်္ကာသူများ ဟု သတ်မှတ်ပြီး ဒေသခံပြည်သူ ၁၀၀ ကျော်ခန့်ကို ဖမ်းဆီး ထားသည်ဟု ဒေသခံများက ပြောသည်။
*** ZAWGYI ***
“ကမာၻမေၾကဘူး” တက္တူးေၾကာင့္ လူငယ္တစ္ဦး ဖမ္းခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၃ ရက္။
ဖမ္းခံထားရသူ မိတ္ေဆြအားလာၾကည့္ေသာ၊ ရင္ဘတ္တြင္ “ကမာၻမေၾကဘူး” စာတန္းထိုးထားသည့္ လူငယ္တစ္ဦးအား စစ္ေကာင္စီ တပ္ဖြဲ႕က ဖမ္းဆီးသြားသည္ ပုသိမ္ ေဒသခံမ်ားက ေျပာ သည္။
“ဘယ္သူမွမလာနဲ႔လို႔ စစ္သားကေျပာတယ္။ ကိုဖိုးေဇာ္က အက်ႌခြၽတ္နဲ႔ သြားၾကည့္တယ္။ စစ္သားက သူရင္ ဘတ္ ကထိုးတာကို ၾကည့္ၿပီး မင္းက ဘယ္သူ႔ကို ကမာၻမေၾကတာလဲ ေမးၿပီးဖမ္းထားလိုက္တာ” ဟု ေဒသခံ တစ္ဦး က ေျပာသည္။
ပုသိမ္ၿမိဳ႕နယ္ ပုသိမ္-ငပုေတာ ကားလမ္းေဘးရွိ အုတ္စီကုန္း႐ြာေန အသက္ ၃၀ အ႐ြယ္ ကိုဖိုးေဇာ္သည္ ၎ႏွင့္ ႐ြာခ်င္းကပ္တြင္ ေနထိုင္သူ ဘုရားႀကီးကုန္း႐ြာသားတစ္ဦး အသိမိတ္ေဆြ တစ္ဦးၿခံဝန္း အတြင္း အဖမ္းခံထားရသည္ကို သြားေရာက္ၾကည့္ရႈရာ စစ္ေကာင္စီတပ္ဖြဲ႕ က ေတြ႕ရွိသြားၿပီး ဖမ္းဆီးခံခဲ့ရျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။
ၿပီးခဲ့သည့္ သီတင္းပတ္အတြင္းက ဘုရားကုန္းေက်း႐ြာမွ အဖမ္းခံထားရသူ ကိုထိုက္ႀကီး ၏ ဝန္ခံထြက္ဆိုခ်က္ အရ ၎၏ၿခံဝန္းထဲရွိ ဝက္ၿခံ အတြင္းမွ လုပ္လက္စ ေသနတ္ ၈ လက္ကို သိမ္းဆည္း ရမိခဲ့သည္ဟု စစ္ေကာင္စီ တပ္ဖြဲ႕ ႏွင့္ နီးစပ္သူမ်ား၏ ေျပာျပသည္။
ေအာက္တိုဘာ ၃၁ ရက္ေန႔က ပုသိမ္ၿမိဳ႕နယ္ အုတ္စီကုန္းေက်း႐ြာ ႏွင့္ ကပ္လွ်က္ရွိသည့္ ကန္ႀကီးေထာင့္ ၿမိဳ႕နယ္ အပိုင္ ဆင္ေခါင္းႀကီးေက်း႐ြာက အသက္ ၄၀ အ႐ြယ္ ဦးမ်ိဳးသန႔္ ဆိုသူကိုလည္း စစ္တပ္ ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးသြားသည္ဟု ေဒသခံအခ်ိဳ႕က ေျပာသည္။
ပုသိမ္ၿမိဳ႕နယ္အတြင္းရွိ ဘုရားႀကီးကုန္း႐ြာ၊ အုတ္စီကုန္း႐ြာ၊ ကန္ႀကီးေထာင့္ၿမိဳ႕နယ္အတြင္း မွ ဆင္ေခါင္းႀကီး ေက်း႐ြာတို႔သည္ ပုသိမ္-ငပုေတာ ကားလမ္း ေပၚတြင္ရွိၿပီး နယ္ေျမ နီးကပ္ထိစပ္ေနၾကသည့္ ႐ြာမ်ားျဖစ္သည္။
ပုသိမ္ၿမိဳ႕နယ္ ႏွင့္ ကန္ႀကီးေထာင့္ၿမိဳ႕နယ္တြင္ Mytel ဖုန္းတာဝါတိုင္ ႏွင့္ စစ္ေကာင္စီ၏ ဌာနဆိုင္ရာ ႐ုံးပတ္ ဝန္းက်င္မ်ားတြင္လည္း ဗုံးေပါက္ကြဲမႈ မၾကာခဏ ျဖစ္ေပၚေနၿပီး ရဲစခန္း၊ စစ္တပ္ယာယီ ကင္းစခန္း၊ စစ္ကား ႏွင့္ ယာဥ္ထိန္း႐ုံးတို႔လည္း PDF ေျပာက္ၾကားတပ္ဖြဲ႕မ်ား၏ တိုက္ခိုက္မႈမ်ားကို ခံခဲ့ရသည္။
ယင္းတိုက္ခိုက္မႈမ်ားေၾကာင့္ စစ္ေကာင္စီ၏ စစ္သား ၃ ဦး၊ ယာဥ္ထိန္းရဲ ၂ ဦး ေသဆုံးခဲ့ၿပီး စစ္သား ၅ ဦး ဒဏ္ရာ ရရွိခဲ့ၾကသည္။
ထို႔ေၾကာင့္ စစ္ေကာင္စီတပ္ဖြဲ႕ က မသကၤာသူမ်ား ဟု သတ္မွတ္ၿပီး ေဒသခံျပည္သူ ၁၀၀ ေက်ာ္ခန႔္ကို ဖမ္းဆီး ထားသည္ဟု ေဒသခံမ်ားက ေျပာသည္။