တပ်ထောက်ခံပွဲတွင် တော်လှန်ရေး သီချင်း ဖွင့်မိသူ ရိုက်နှက်ဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်။

စစ်ကောင်စီ စီစဉ်သည့် တပ်ထောက်ခံပွဲတွင် “သွေးသစ္စာ”သီချင်း မှားဖွင့်မိသူကို စစ်သားများက ရိုက်နှက် ဖမ်းဆီးသွားသည်။

ဧရာဝတီတိုင်း မအူပင်မြို့သစ် ၂ လမ်းတွင် နေထိုင်သည့် ကားပိုင်ရှင် ဦးလှဌေး၏ သားဖြစ်သူသည် ကိုညီညီသည် နိုဝင်ဘာလ ၂ ရက်နေ့ နံနက်က တပ်ထောက်ခံ ပွဲတွင် သီချင်း မှားဖွင့်မိရာ တပ်ထောက်ခံပွဲ လုံခြုံရေး ဆောင်ရွက်ပေးနေသည့် စစ်သားများက ရိုက်နှက် ဖမ်းဆီး လိုက်ခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူ အချို့ကပြောသည်။

“အော်ဟစ်ကြွေးကြော်နေတုန်း အရေးကြီးပြီ ညီနောင် အပေါင်းတို့ သီချင်းသံက စပီကာက နေထွက်လာတာ ချက်ချင်းပဲ စက်ပိတ်ခိုင်းပြီး ဝိုင်းရိုက်ကြတာ” ဟု မျက်မြင်တွေ့ရှိ တစ်ဦး က ပြောသည်။

ကားကို မအူပင်ရဲစခန်းတွင် သိမ်းယူထားပြီး သီချင်းမှားဖွင့်သူ ကိုညီညီ ကို မည်သည့်နေရာသို့ ခေါ်ဆောင် သွား သည်ကို မသိရသေးဘူးဟု မိသားစုဝင်များက ပြောသည်။

“သွေးသစွာ”သီချင်းသည် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံ ဖြစ်ပြီးနောက် တေးရေးဆရာ အဆိုတော် ထူး အိမ်သင် က ရေးစပ်သီကုံးပြီး အဆိုတော် မွန်းအောင် က သီဆိုထားသည့် သီချင်းဖြစ်သည်။

စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်သူများက သံပြိုင် သီဆိုကြရာ ယခုနှစ် ၂၀၂၀ ခုနှစ် စစ်တပ်က အာဏာသိမ်း လိုက်သည့်အတွက် ဖြစ်ပေါ်လာသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတိုင်းတွင်လည်း သီဆိုနေကြသည့် သီချင်း တစ်ပုဒ် ဖြစ်သည်။

“သီချင်းမှားဖွင့်တာပါ။ တကယ်တမ်း ဒီလိုအခြေအနေမျိုးမှာ ဘယ်သူဖွင့်ရဲမလဲ။ အခုတော့ အဓမ္မချောဆွဲပြီး ခိုင်း တယ်။ စာနာမှုမရှိဘူး။ ကားလည်း သိမ်းခံရအုန်းမယ်ထင်တယ်” ဟု ဒေသခံ ဦးသိန်းဝင်း က ပြောသည်။

နိုဝင်ဘာလ ၂ ရက်နေ့က ပြုလုပ်သည့် မအူပင်မြို့က တပ်ထောက်ခံပွဲတွင် လူအင်အား ၃၀၀ ကျော်ခန့်ရှိပြီး ကန ဦး သတ်မှတ်ခဲ့သည့် တပ်ထောက်ခံပွဲပြုလုပ်မည့် မအူပင်မြို့ အဝင်ကွင်းနေရာကို မအူပင် ဒေသခံ ပြောက်ကျား များက ဗုံးခွဲမည်ဟု သတိပေးခဲ့သဖြင့် ဗိုလ်ချုပ်ကြေးရုပ် လမ်းဆုံတွင် ပြောင်းလဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

*** ZAWGYI ***
တပ္ေထာက္ခံပြဲတြင္ ေတာ္လွန္ေရး သီခ်င္း ဖြင့္မိသူ ႐ိုက္ႏွက္ဖမ္းဆီးခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၃ ရက္။

စစ္ေကာင္စီ စီစဥ္သည့္ တပ္ေထာက္ခံပြဲတြင္ “ေသြးသစၥာ”သီခ်င္း မွားဖြင့္မိသူကို စစ္သားမ်ားက ႐ိုက္ႏွက္ ဖမ္းဆီးသြားသည္။

ဧရာဝတီတိုင္း မအူပင္ၿမိဳ႕သစ္ ၂ လမ္းတြင္ ေနထိုင္သည့္ ကားပိုင္ရွင္ ဦးလွေဌး၏ သားျဖစ္သူသည္ ကိုညီညီသည္ ႏိုဝင္ဘာလ ၂ ရက္ေန႔ နံနက္က တပ္ေထာက္ခံ ပြဲတြင္ သီခ်င္း မွားဖြင့္မိရာ တပ္ေထာက္ခံပြဲ လုံၿခဳံေရး ေဆာင္႐ြက္ေပးေနသည့္ စစ္သားမ်ားက ႐ိုက္ႏွက္ ဖမ္းဆီး လိုက္ျခင္း ျဖစ္သည္ဟု မ်က္ျမင္ေတြ႕ရွိသူ အခ်ိဳ႕ကေျပာသည္။

“ေအာ္ဟစ္ေႂကြးေၾကာ္ေနတုန္း အေရးႀကီးၿပီ ညီေနာင္ အေပါင္းတို႔ သီခ်င္းသံက စပီကာက ေနထြက္လာတာ ခ်က္ခ်င္းပဲ စက္ပိတ္ခိုင္းၿပီး ဝိုင္း႐ိုက္ၾကတာ” ဟု မ်က္ျမင္ေတြ႕ရွိ တစ္ဦး က ေျပာသည္။

ကားကို မအူပင္ရဲစခန္းတြင္ သိမ္းယူထားၿပီး သီခ်င္းမွားဖြင့္သူ ကိုညီညီ ကို မည္သည့္ေနရာသို႔ ေခၚေဆာင္ သြား သည္ကို မသိရေသးဘူးဟု မိသားစုဝင္မ်ားက ေျပာသည္။

“ေသြးသစြာ”သီခ်င္းသည္ ၁၉၈၈ ခုႏွစ္ ရွစ္ေလးလုံး အေရးေတာ္ပုံ ျဖစ္ၿပီးေနာက္ ေတးေရးဆရာ အဆိုေတာ္ ထူး အိမ္သင္ က ေရးစပ္သီကုံးၿပီး အဆိုေတာ္ မြန္းေအာင္ က သီဆိုထားသည့္ သီခ်င္းျဖစ္သည္။

စစ္အာဏာရွင္ကို ဆန႔္က်င္ေတာ္လွန္သူမ်ားက သံၿပိဳင္ သီဆိုၾကရာ ယခုႏွစ္ ၂၀၂၀ ခုႏွစ္ စစ္တပ္က အာဏာသိမ္း လိုက္သည့္အတြက္ ျဖစ္ေပၚလာသည့္ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပပြဲတိုင္းတြင္လည္း သီဆိုေနၾကသည့္ သီခ်င္း တစ္ပုဒ္ ျဖစ္သည္။

“သီခ်င္းမွားဖြင့္တာပါ။ တကယ္တမ္း ဒီလိုအေျခအေနမ်ိဳးမွာ ဘယ္သူဖြင့္ရဲမလဲ။ အခုေတာ့ အဓမၼေခ်ာဆြဲၿပီး ခိုင္း တယ္။ စာနာမႈမရွိဘူး။ ကားလည္း သိမ္းခံရအုန္းမယ္ထင္တယ္” ဟု ေဒသခံ ဦးသိန္းဝင္း က ေျပာသည္။

ႏိုဝင္ဘာလ ၂ ရက္ေန႔က ျပဳလုပ္သည့္ မအူပင္ၿမိဳ႕က တပ္ေထာက္ခံပြဲတြင္ လူအင္အား ၃၀၀ ေက်ာ္ခန႔္ရွိၿပီး ကန ဦး သတ္မွတ္ခဲ့သည့္ တပ္ေထာက္ခံပြဲျပဳလုပ္မည့္ မအူပင္ၿမိဳ႕ အဝင္ကြင္းေနရာကို မအူပင္ ေဒသခံ ေျပာက္က်ား မ်ားက ဗုံးခြဲမည္ဟု သတိေပးခဲ့သျဖင့္ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ လမ္းဆုံတြင္ ေျပာင္းလဲ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။