သပိတ်ကော်မတီဝင်တစ်ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး၊ အခြားတစ်ဦး၏ မိခင်ကို ဖမ်းဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်။
ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုဝေယံစိုး၏ နေအိမ် ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ပြီး အခြားကော်မတီဝင်တစ်ဦးကို ဖမ်းမမိ သည့်အတွက် မိခင်ကို ဖမ်းဆီးသွားသည်ဟု ဒေသခံရွာသားများက ပြောသည်။
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာရှိ ကိုဝေယံစိုး ၏ နေအိမ်ကို နိုဝင်ဘာလ ၁ ရက်နေ့ည၊ ညဦးပိုင်း ၈ နာရီ အချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ က ဝင်ရောက်ရှာဖွေဖျက်ဆီးခဲ့ပြီးနောက် ည ၁၂ နာရီ အချိန်ခန့်တွင် စစ်ကောင်စီတပ်သား နှစ်ဆယ်ခန့် ထပ်မံ ရောက်ရှိလာပြီး နေအိမ်ကိုမီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု စစ်ပြဲကျေးရွာသားများ က ပြောသည်။
“ညဦးပိုင်း တခေါက်လာရှာတာ ကိုဝေယံစိုးတို့က ရှောင်နေလို့မမိဘူး။ ဖမ်းမမိတော့ အိမ်ထဲကပစ္စည်းတွေ ဖျက် စီးပြီး ဆိုင်ကယ်နှစ်စီးပါ ယူဆောင်သွားသေးတယ်။ အိမ်ကို မီးရှို့ပစ်မယ် ကြိမ်းမောင်းသွားတယ်။ ညနက်မှ ပြန် လာပြီး မီးရှို့တာ။ အိမ်မှာက လူတွေမရှိလို့ တော်သေးတယ်” ဟု အသက် ၄၀ ခန့် အရွယ် စစ်ပြဲကျေးရွာသား တစ်ဦး က ပြောသည်။
အလားတူ လောင်းလုံမြို့နယ်၊ ပြင်းထိန်ကျေးရွာမှ သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦး၏ နေအိမ်ကိုလည်း နိုဝင် ဘာလ ၁ ရက်နေ့၊ ည ၈ နာရီအချိန်ခန့်တွင် ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး ၎င်းကို မတွေ့သဖြင့် မိခင်ဖြစ်သူ ဒေါ် သန်းချို အသက် ၅၆ နှစ်ကို ဖမ်းခေါ်သွားသည်ဟု ခရိုင်သပိတ်ကော်မတီက ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ကိုဝေယံစိုး ၏ နေအိမ်ရှိ တီဗွီနှင့် ဗီဒိုများ ဖျက်ဆီးရိုက်ခွဲခံရပြီး၊ ဆိုင်ကယ်နှစ်စီးကို ယူဆောင်သွားကာ နေအိမ်အား မီးရှို့ခံခဲ့ရကြောင်း၊ ကိုမင်းလွင်ဦး၏ နေအိမ်မှလည်း နေအိမ်အသုံးအဆောင် ပစ္စည်းများကို စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့ပြီး မိခင်ဖြစ်သူကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်းပါရှိသည်။
ယခုအခါ စစ်ပြဲကျေးရွာအုပ်စု စစ်ပြဲအရှေ့ပိုင်း စာသင်ကျောင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ ခန့် တပ်စွဲထားသည်ဟု ဒေသခံအချို့က ပြောသည်။
*** ZAWGYI ***
သပိတ္ေကာ္မတီဝင္တစ္ဦး၏ ေနအိမ္ကို စစ္ေကာင္စီတပ္က မီးရႈိ႕ဖ်က္ဆီး၊ အျခားတစ္ဦး၏ မိခင္ကို ဖမ္းဆီး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၃ ရက္။
ထားဝယ္ခ႐ိုင္ သပိတ္ေကာ္မတီဝင္ ကိုေဝယံစိုး၏ ေနအိမ္ ကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက မီးရႈိ႕ဖ်က္ဆီးခဲ့ၿပီး အျခားေကာ္မတီဝင္တစ္ဦးကို ဖမ္းမမိ သည့္အတြက္ မိခင္ကို ဖမ္းဆီးသြားသည္ဟု ေဒသခံ႐ြာသားမ်ားက ေျပာသည္။
တနသၤာရီတိုင္း ေလာင္းလုံးၿမိဳ႕နယ္၊ စစ္ၿပဲေက်း႐ြာရွိ ကိုေဝယံစိုး ၏ ေနအိမ္ကို ႏိုဝင္ဘာလ ၁ ရက္ေန႔ည၊ ညဦးပိုင္း ၈ နာရီ အခ်ိန္ခန႔္တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား က ဝင္ေရာက္ရွာေဖြဖ်က္ဆီးခဲ့ၿပီးေနာက္ ည ၁၂ နာရီ အခ်ိန္ခန႔္တြင္ စစ္ေကာင္စီတပ္သား ႏွစ္ဆယ္ခန႔္ ထပ္မံ ေရာက္ရွိလာၿပီး ေနအိမ္ကိုမီးရႈိ႕ဖ်က္ဆီးခဲ့ျခင္း ျဖစ္သည္ဟု စစ္ၿပဲေက်း႐ြာသားမ်ား က ေျပာသည္။
“ညဦးပိုင္း တေခါက္လာရွာတာ ကိုေဝယံစိုးတို႔က ေရွာင္ေနလို႔မမိဘူး။ ဖမ္းမမိေတာ့ အိမ္ထဲကပစၥည္းေတြ ဖ်က္ စီးၿပီး ဆိုင္ကယ္ႏွစ္စီးပါ ယူေဆာင္သြားေသးတယ္။ အိမ္ကို မီးရႈိ႕ပစ္မယ္ ႀကိမ္းေမာင္းသြားတယ္။ ညနက္မွ ျပန္ လာၿပီး မီးရႈိ႕တာ။ အိမ္မွာက လူေတြမရွိလို႔ ေတာ္ေသးတယ္” ဟု အသက္ ၄၀ ခန႔္ အ႐ြယ္ စစ္ၿပဲေက်း႐ြာသား တစ္ဦး က ေျပာသည္။
အလားတူ ေလာင္းလုံၿမိဳ႕နယ္၊ ျပင္းထိန္ေက်း႐ြာမွ သပိတ္ေကာ္မတီဝင္ ကိုမင္းလြင္ဦး၏ ေနအိမ္ကိုလည္း ႏိုဝင္ ဘာလ ၁ ရက္ေန႔၊ ည ၈ နာရီအခ်ိန္ခန႔္တြင္ ဝင္ေရာက္စီးနင္းရွာေဖြခဲ့ၿပီး ၎ကို မေတြ႕သျဖင့္ မိခင္ျဖစ္သူ ေဒၚ သန္းခ်ိဳ အသက္ ၅၆ ႏွစ္ကို ဖမ္းေခၚသြားသည္ဟု ခ႐ိုင္သပိတ္ေကာ္မတီက ထုတ္ျပန္ထားသည္။
အဆိုပါ ထုတ္ျပန္ခ်က္တြင္ ကိုေဝယံစိုး ၏ ေနအိမ္ရွိ တီဗြီႏွင့္ ဗီဒိုမ်ား ဖ်က္ဆီး႐ိုက္ခြဲခံရၿပီး၊ ဆိုင္ကယ္ႏွစ္စီးကို ယူေဆာင္သြားကာ ေနအိမ္အား မီးရႈိ႕ခံခဲ့ရေၾကာင္း၊ ကိုမင္းလြင္ဦး၏ ေနအိမ္မွလည္း ေနအိမ္အသုံးအေဆာင္ ပစၥည္းမ်ားကို စစ္ေကာင္စီတပ္က ဖ်က္ဆီးခဲ့ၿပီး မိခင္ျဖစ္သူကိုဖမ္းဆီးေခၚေဆာင္သြားေၾကာင္းပါရွိသည္။
ယခုအခါ စစ္ၿပဲေက်း႐ြာအုပ္စု စစ္ၿပဲအေရွ႕ပိုင္း စာသင္ေက်ာင္းတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ အေယာက္ ၂၀ ခန႔္ တပ္စြဲထားသည္ဟု ေဒသခံအခ်ိဳ႕က ေျပာသည္။