ပေါင်ရှိ Mytel တာဝါတိုင် မိုင်းခွဲ ဖျက်ဆီးခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းတွင် Mytel ဖုန်းတာဝါတိုင်တစ်ခု နိုဝင်ဘာ ၃ ရက်နေ့ (ယနေ့) နံနက်ပိုင်းက ဖောက်ခွဲဖျက်စီးခံရသည်ဟု ဒေသခံများက ပြောသည်။
မှော်ဘီကျေးရွာအုပ်စု၊ ကော့လိန်ကျေးရွာရှိ Mytel ဖုန်းတာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီးမှုကြောင့် ဖုန်းတာဝါတိုင်၏ ဆက်စပ်ပစ္စည်းအချို့ ထိခိုက်ပျက်စီးမှု ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
“ပေါက်ကွဲသံက အကျယ်ကြီးကြားရတယ်၊ မနက်ကျမှ မိုင်တဲဖုန်းတိုင်မှာ ဗုံးပေါက်တယ်ဆိုတာ သိရတယ်။ Mytel ဖုန်းတိုင် ဖောက်ခွဲခံရတာ ဒီတစ်ကြိမ်ပါဆို ၃ ခါလောက်ရှိပြီးထင်တယ် ခနခန ဖောက်ခွဲခံရတယ်” ဟု ပေါင်မြို့ခံ တစ်ဦးက ပြောသည်။
ပေါင်မြို့နယ် ကော့ကရင်ကျေးရွာ လမ်းပိုင်းရှိ Mytel ဖုန်းတာဝါတိုင်လည်း အောက်တိုဘာ ၃၀ ရက်နေ့ နံနက် ပိုင်းက ချိန်ကိုင်မိုင်းဖြင့် ဖောက်ခွဲခံခဲ့ရသည့်အပြင် ဆင်ရွာကျေးရွာရှိ Mytel ဖုန်းတာဝါတိုင်လည်း ဖောက်ခွဲခံ ခဲ့ရသည်။
ပေါင်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ဖုန်းတာဝါတိုင် ပေါက်ကွဲမှုများ အပါအဝင် အခြားပေါက်ကွဲဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပွားလာနေသည်ဟု ဒေသခံများက ပြောသည်။
မြို့နယ်အတွင်းရှိ ရဲစခန်း၊ လျှပ်စစ်ရုံးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စား နေ အိမ်များ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူများ၏ နေအိမ်တို့တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွား လျှက် ရှိသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်စဥ်များနှင့် ပတ်သက်၍ ပေါင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၎င်းတို့ လုပ်ဆောင်ခဲ့ ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
*** ZAWGYI ***
ေပါင္ရွိ Mytel တာဝါတိုင္ မိုင္းခြဲ ဖ်က္ဆီးခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၃ ရက္။
မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္အတြင္းတြင္ Mytel ဖုန္းတာဝါတိုင္တစ္ခု ႏိုဝင္ဘာ ၃ ရက္ေန႔ (ယေန႔) နံနက္ပိုင္းက ေဖာက္ခြဲဖ်က္စီးခံရသည္ဟု ေဒသခံမ်ားက ေျပာသည္။
ေမွာ္ဘီေက်း႐ြာအုပ္စု၊ ေကာ့လိန္ေက်း႐ြာရွိ Mytel ဖုန္းတာဝါတိုင္ကို ေဖာက္ခြဲဖ်က္ဆီးမႈေၾကာင့္ ဖုန္းတာဝါတိုင္၏ ဆက္စပ္ပစၥည္းအခ်ိဳ႕ ထိခိုက္ပ်က္စီးမႈ ရွိခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။
“ေပါက္ကြဲသံက အက်ယ္ႀကီးၾကားရတယ္၊ မနက္က်မွ မိုင္တဲဖုန္းတိုင္မွာ ဗုံးေပါက္တယ္ဆိုတာ သိရတယ္။ Mytel ဖုန္းတိုင္ ေဖာက္ခြဲခံရတာ ဒီတစ္ႀကိမ္ပါဆို ၃ ခါေလာက္ရွိၿပီးထင္တယ္ ခနခန ေဖာက္ခြဲခံရတယ္” ဟု ေပါင္ၿမိဳ႕ခံ တစ္ဦးက ေျပာသည္။
ေပါင္ၿမိဳ႕နယ္ ေကာ့ကရင္ေက်း႐ြာ လမ္းပိုင္းရွိ Mytel ဖုန္းတာဝါတိုင္လည္း ေအာက္တိုဘာ ၃၀ ရက္ေန႔ နံနက္ ပိုင္းက ခ်ိန္ကိုင္မိုင္းျဖင့္ ေဖာက္ခြဲခံခဲ့ရသည့္အျပင္ ဆင္႐ြာေက်း႐ြာရွိ Mytel ဖုန္းတာဝါတိုင္လည္း ေဖာက္ခြဲခံ ခဲ့ရသည္။
ေပါင္ၿမိဳ႕နယ္တြင္ ယခုရက္ပိုင္းအတြင္း ဖုန္းတာဝါတိုင္ ေပါက္ကြဲမႈမ်ား အပါအဝင္ အျခားေပါက္ကြဲျဖစ္စဥ္မ်ား ဆက္တိုက္ျဖစ္ပြားလာေနသည္ဟု ေဒသခံမ်ားက ေျပာသည္။
ၿမိဳ႕နယ္အတြင္းရွိ ရဲစခန္း၊ လွ်ပ္စစ္႐ုံးႏွင့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ လႊတ္ေတာ္ ကိုယ္စား ေန အိမ္မ်ား စစ္တပ္သတင္းေပးဟု သတ္မွတ္ခံရသူမ်ား၏ ေနအိမ္တို႔တြင္ ဗုံးေပါက္ကြဲမႈမ်ား ဆက္တိုက္ ျဖစ္ပြား လွ်က္ ရွိသည္။
အဆိုပါ ေပါက္ကြဲမႈျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ ေပါင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က ၎တို႔ လုပ္ေဆာင္ခဲ့ ျခင္း ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။