စားဝတ်နေရေး ဖြေရှင်းပေးရန် တရုတ်နိုင်ငံနေ ရှမ်းလူမျိုးများဆန္ဒပြ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်။

တရုတ်အစိုးရ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်း တင်းကြပ်မှုများကြောင့် စားဝတ်နေရေး ခက်ခဲမှုများရှိလာသည့်အတွက် ကူညီဖြေရှင် ပေးရန် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ရှိ တရုတ်နိုင်ငံသား ရှမ်းလူမျိုးများက တရုတ်အစိုးရအား ဆန္ဒပြတောင်းဆို ခဲ့ကြသည်။

ရွှေလီမြို့သို့ ရောက်ရှိနေသူ မြန်မာနိုင်ငံသားတစ်ဦးက “တရုတ်တွေ မဟုတ်ဘူး။ ရှမ်းရွာက ရှမ်းတွေ ရောဂါကြောင့် ပိတ်ဆို့ တင်းကြပ်တာတွေကြာတဲ့အခါ ဘာစီးပွားရေးမှ လုပ်လို့မရတော့ အခက်အခဲ ရှိလာလို့ ပြကြ တာလို့ ပြောကြတာပဲ။ ရွှေလီမြစ်ကမ်းဘေး တုန်ဟုန်းရွာက ရှမ်းတွေများတယ်။ ကိုယ်သိတာ အဲ့တစ်ရွာပဲ၊ မြို့ ထဲမှာတော့ ပြတာမတွေ့ဘူး” ဟု ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲကို နိုဝင်ဘာလ ၂ ရက်နေ့ (ယမန်နေ့) ညနေပိုင်းက ရွှေလီမြို့ မြစ်ကမ်းနားတစ်လျှောက် ရှမ်းရွာ များရှိ ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်ဟု ရွှေလီ (Ruili) ကို ရောက်နေသူ အဆိုပါ မြန်မာနိုင်ငံ သားက ဆိုသည်။

စည်းကမ်းတင်းကြပ်မှုများကြောင့် သွားလာလှုပ်ရှား ရန် ခက်ခဲနေခြင်းနှင့် စားဝတ်နေရေးကြပ်တည်းလာခြင်း တို့ကြောင့် တရုတ်နိုင်ငံသားအချို့လည်း မိမိကိုယ်ကို သေကြောင်းကြံသူများပင် ရှိလာနေသည်ဟု သိရသည်။

ထို့ကြောင့် ကြုံတွေ့နေရသည့် စားဝတ်နေရေး အခက်အခဲများကို ကူညီဖြေရှင်းပေးရန် တရုတ်နိုင်ငံသား ရှမ်းလူ မျိုးများက ဆန္ဒထုတ်ဖော်ခဲ့ကြပြီး အဆိုပါ ဆန္ဒထုတ်ဖော်မှုကြောင့် တရုတ်အာဏာပိုင်များက ကူညီ ထောက်ပံ့မှု များကို လုပ်ဆောင်ပေးခဲ့သည် ဟု ဆိုသည်။

“ဒီမှာက အစိုးရကိုင်တာ တော်တော်တင်းကြပ်တယ်။ တချို့လူတွေ တိုက်ပေါ်ကနေ ခုန်ချတဲ့ လူတောင် ၂ ယောက်လောက်ရှိပြီ။ အဲလိုတင်းကြပ်တာတွေများတော့ စားဝတ်နေရေးပါ အခက်အခဲရှိလာတော့ တချို့တွေ က ဆန္ဒပြကြတာ။ အဲ့ဒါ အာဏာပိုင်တွေဖက်က အထောက်အပံ့တွေနဲ့ နှစ်သိမ့်မှုပေးတယ်လို့တော့ ကြားတယ်။ ဘယ်လိုထောက်ပံ့တာလဲတော့ မသိဘူး” ဟု ရွှေလီမြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာတစ်ဦးက ပြောသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ (Ruili) တွင် အလုပ်လုပ်နေကြသည့် မြန်မာနိုင်ငံသားများသည်လည်း တရုတ်အစိုးရ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းများ ကြောင့် အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်ကြုံတွေ့နေရသကဲ့သို့ အချို့မှာ နေရပ်ပြန်ကြရသည်။

မြန်မာနိုင်ငံသားများ နည်းတူ တရုတ်နိုင်ငံသားများမှာလည်း တရုတ်အစိုးရ၏ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်း ချုပ်ရေး စည်းမျဉ်းစည်းကမ်း တင်းကြပ်မှုများကြောင့် လုပ်ကိုင်စားသောက်ရန် မလွယ်ကူခြင်းနှင့် အဖက်ဖက်မှ ခက်ခဲမှုများရှိ လာသည့်အတွက် အာဏာပိုင်များဖက်မှ ကူညီဖြေရှင်းပေးရန် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ကြ ခြင်း ဖြစ်သည်ဟု သိရသည်။

Photo – Labang Sut Hpring

*** ZAWGYI ***
စားဝတ္ေနေရး ေျဖရွင္းေပးရန္ တ႐ုတ္ႏိုင္ငံေန ရွမ္းလူမ်ိဳးမ်ားဆႏၵျပ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၃ ရက္။

တ႐ုတ္အစိုးရ၏ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရး စည္းကမ္း တင္းၾကပ္မႈမ်ားေၾကာင့္ စားဝတ္ေနေရး ခက္ခဲမႈမ်ားရွိလာသည့္အတြက္ ကူညီေျဖရွင္း ေပးရန္ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ ေ႐ႊလီၿမိဳ႕ရွိ တ႐ုတ္ႏိုင္ငံသား ရွမ္းလူမ်ိဳးမ်ားက တ႐ုတ္အစိုးရအား ဆႏၵျပေတာင္းဆို ခဲ့ၾကသည္။

ေ႐ႊလီၿမိဳ႕သို႔ ေရာက္ရွိေနသူ ျမန္မာႏိုင္ငံသားတစ္ဦးက “တ႐ုတ္ေတြ မဟုတ္ဘူး။ ရွမ္း႐ြာက ရွမ္းေတြ ေရာဂါ ေၾကာင့္ ပိတ္ဆို႔ တင္းၾကပ္တာေတြၾကာတဲ့အခါ ဘာစီးပြားေရးမွ လုပ္လို႔မရေတာ့ အခက္အခဲ ရွိလာလို႔ ျပၾက တာလို႔ ေျပာၾကတာပဲ။ ေ႐ႊလီျမစ္ကမ္းေဘး တုန္ဟုန္း႐ြာက ရွမ္းေတြမ်ားတယ္။ ကိုယ္သိတာ အဲ့တစ္႐ြာပဲ၊ ၿမိဳ႕ ထဲမွာေတာ့ ျပတာမေတြ႕ဘူး” ဟု ေျပာသည္။

ဆႏၵထုတ္ေဖာ္ပြဲကို ႏိုဝင္ဘာလ ၂ ရက္ေန႔ (ယမန္ေန႔) ညေနပိုင္းက ေ႐ႊလီၿမိဳ႕ ျမစ္ကမ္းနားတစ္ေလွ်ာက္ ရွမ္း႐ြာ မ်ားရွိ ေဒသခံမ်ားက ဆႏၵထုတ္ေဖာ္ခဲ့ၾကျခင္းျဖစ္သည္ဟု ေ႐ႊလီ (Ruili) ကို ေရာက္ေနသူ အဆိုပါ ျမန္မာႏိုင္ငံ သားက ဆိုသည္။

စည္းကမ္းတင္းၾကပ္မႈမ်ားေၾကာင့္ သြားလာလႈပ္ရွား ရန္ ခက္ခဲေနျခင္းႏွင့္ စားဝတ္ေနေရးၾကပ္တည္းလာျခင္း တို႔ေၾကာင့္ တ႐ုတ္ႏိုင္ငံသားအခ်ိဳ႕လည္း မိမိကိုယ္ကို ေသေၾကာင္းႀကံသူမ်ားပင္ ရွိလာေနသည္ဟု သိရသည္။

ထို႔ေၾကာင့္ ႀကဳံေတြ႕ေနရသည့္ စားဝတ္ေနေရး အခက္အခဲမ်ားကို ကူညီေျဖရွင္းေပးရန္ တ႐ုတ္ႏိုင္ငံသား ရွမ္းလူ မ်ိဳးမ်ားက ဆႏၵထုတ္ေဖာ္ခဲ့ၾကၿပီး အဆိုပါ ဆႏၵထုတ္ေဖာ္မႈေၾကာင့္ တ႐ုတ္အာဏာပိုင္မ်ားက ကူညီ ေထာက္ပံ့မႈ မ်ားကို လုပ္ေဆာင္ေပးခဲ့သည္ ဟု ဆိုသည္။

“ဒီမွာက အစိုးရကိုင္တာ ေတာ္ေတာ္တင္းၾကပ္တယ္။ တခ်ိဳ႕လူေတြ တိုက္ေပၚကေန ခုန္ခ်တဲ့ လူေတာင္ ၂ ေယာက္ေလာက္ရွိၿပီ။ အဲလိုတင္းၾကပ္တာေတြမ်ားေတာ့ စားဝတ္ေနေရးပါ အခက္အခဲရွိလာေတာ့ တခ်ိဳ႕ေတြ က ဆႏၵျပၾကတာ။ အဲ့ဒါ အာဏာပိုင္ေတြဖက္က အေထာက္အပံ့ေတြနဲ႔ ႏွစ္သိမ့္မႈေပးတယ္လို႔ေတာ့ ၾကားတယ္။ ဘယ္လိုေထာက္ပံ့တာလဲေတာ့ မသိဘူး” ဟု ေ႐ႊလီၿမိဳ႕တြင္ အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာတစ္ဦးက ေျပာသည္။

ကိုဗစ္-၁၉ ေရာဂါ ျဖစ္ပြားမႈေၾကာင့္ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ ေ႐ႊလီၿမိဳ႕ (Ruili) တြင္ အလုပ္လုပ္ေနၾကသည့္ ျမန္မာႏိုင္ငံသားမ်ားသည္လည္း တ႐ုတ္အစိုးရ၏ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရး စည္းကမ္းမ်ား ေၾကာင့္ အခက္အခဲမ်ိဳးစုံႏွင့္ ရင္ဆိုင္ႀကဳံေတြ႕ေနရသကဲ့သို႔ အခ်ိဳ႕မွာ ေနရပ္ျပန္ၾကရသည္။

ျမန္မာႏိုင္ငံသားမ်ား နည္းတူ တ႐ုတ္ႏိုင္ငံသားမ်ားမွာလည္း တ႐ုတ္အစိုးရ၏ ကိုဗစ္-၁၉ ေရာဂါကာကြယ္ ထိန္း ခ်ဳပ္ေရး စည္းမ်ဥ္းစည္းကမ္း တင္းၾကပ္မႈမ်ားေၾကာင့္ လုပ္ကိုင္စားေသာက္ရန္ မလြယ္ကူျခင္းႏွင့္ အဖက္ဖက္မွ ခက္ခဲမႈမ်ားရွိ လာသည့္အတြက္ အာဏာပိုင္မ်ားဖက္မွ ကူညီေျဖရွင္းေပးရန္ ယခုကဲ့သို႔ ဆႏၵထုတ္ေဖာ္ၾက ျခင္း ျဖစ္သည္ဟု သိရသည္။

Photo – Labang Sut Hpring