မုံးကိုးဒေသ တိုက်ပွဲများ ဆက်ဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်။
စစ်ကောင်စီမှ မုံးကိုး ဒေသဖက်သို့ စစ်အင်အားတိုးချဲ့မှုများရှိနေပြီး တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေ သည်ဟု ဒေသခံများက ပြောသည်။
နိုဝင်ဘာလ ၃ ရက်နေ့ (ယနေ့) တစ်ရက်လုံးနီးပါးလည်း မုံးကိုးဒေသအတွင်း စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ် မတော် (MNDAA) တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည်ဟု မုံးကိုးဒေသခံများက ပြောသည်။
မုံးကိုးဒေသခံတစ်ဦး က “ဟုတ်တယ်ဗျ တိုက်ပွဲက မနေ့ကလည်းဖြစ်တယ်။ ဒီနေ့လည်း ဖြစ်နေတယ်။ တနေ့ကုန်ပဲ။ သေနတ်သံတွေကြားနေရတာ။ ကျနော်တို့ နေတဲ့နေရာနဲ့ မဝေးဘူး။ ကျနော်တို့က အခု မုံးကိုးဗျူဟာ ကုန်းနားက ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေရတာ။ ဒီနေရာကနေလည်း အသံတွေက ကြားနေရတယ်။ မနေ့ ကစပြီးဖြစ်တာ။ ဒီနေ့လည်း မုံးကိုးအကျော်မှာ ကြားနေရတာ တနေ့လုံးပဲ။ မုံးကိုး ကုန်းတပ်အကျော် ကောင်း လုံအောက်ပေါ့ အဲ့ဒီရွာဘေးတွေမှာပေါ့” ဟု ပြောသည်။
နိုဝင်ဘာလ ၂ ရက်နေ့ နှင့် ၃ ရက်နေ့တို့တွင် မုံးကိုးမြို့နယ်အတွင်း နှစ်ဖက်ကြားတိုက်ပွဲများ ပြင်းထန်နေသည်ဟု ဒေသခံများက ပြောသည်။
ကိုးကန့် ပြန်ကြားရေးဌာန The Kokang က နိုဝင်ဘာလ ၂ ရက်နေ့ (ယမန်နေ့)က စစ်ကောင်စီဘက်က မုံးကိုး ဒေသအတွင်း စစ်အင်အားတိုးချဲ့လာသည့် အခြေအနေကိုလည်း သတင်းထုတ်ပြန်ထားသည်။
The Kokang ၏ သတင်းထုတ်ပြန်ချက်ထဲတွင် “သတင်းအချက်အလက်အရ စစ်ကောင်စီသည် စစ်ကူ အဖွဲ့နှင့် လက်နက်ရိက္ခာများကို မုံးကိုးဒေသသို့ ချောမွေ့စွာ ပို့ဆောင်နိုင်ရန်အတွက် လမ်းတလျှောက်လုံးတွင် လုံခြုံရေး အတွက် လူအင်အားတိုးချဲ့ထားပါသည်” ဟု ဖော်ပြထားသည်။
ယမန်နေ့က စစ်ကောင်စီတပ်မှ မုံးကိုးဒေသဖက်သို့ စစ်ကူရန်အတွက် မုံးကိုးခရိုင်၊ ဟေးမုံးလုံးမှ စစ်ကား ၁၇ စီး ထွက်လာခဲ့သည့်အပြင် ဖောင်းဆိုင် မှ ကျောက်ထန်ဟော် တလျှောက်တွင်လည်း လူအင်အား ၁၀၀ ကျော်ခန့်ဖြင့် လှုပ်ရှားနေသည်ဟု ဆိုသည်။
ထို့အပြင် မုံးကိုးခရိုင် လော်ကူရွာ၊ ဟွာချောင်ရွာနှင့် ဖောင်းဆိုင်မှ မုံးကိုး ဒေသလမ်းတလျှောက်တွင်လည်း စစ် ကောင်စီတပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားနေသည်ဟု The Kokang က ပြောသည်။
ထိုသို့ စစ်ရေး လှုပ်ရှားနေသည့်အတွက် ယမန်နေ့က စစ်ကောင်စီတပ်များနှင့် MNDAA ကိုးကန့်တပ်တို့အကြား လားရှိုး နှင့် သိန္နိလမ်းကြားရှိ နာချန်ဒေသ မြောက်ဖက်တွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထို့အပြင် မုံးကိုးဒေသနှင့် ဖောင်းဆိုင် ဒေသတို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး မုံးကိုးမှ ဖောင်းဆိုင်ဖက်သို့ စစ်ကူရန် ချီတက်လာသည့် စစ်ကောင်စီ၏ ယာဉ်တန်းများကို ကြားဖြတ်တိုက်ခိုက် ဖျက်ဆီး နိုင်ခဲ့သည်ဟု ဆိုသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်မှ အာဏာသိမ်းယူရန် ကြိုးစားခဲ့သည့် နောက်ပိုင်း စစ်ကောင်စီတပ်များနှင့် MNDAA ကိုးကန့်တပ်တို့အကြား ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မုံးကိုးဒေသ၊ ဖောင်းဆိုင်းဒေသနှင့် လားရှိုး၊ သိန္နီ တစ်လျှောက်တွင် တိုက်ပွဲများ ဆက်တိုက်ဆိုသလို စတင်ဖြစ်ပွားလာနေသည်မှာ ယနေ့အချိန်အထိဖြစ်သည်။
ဓါတ်ပုံ – The Kokang’s Facebook page
*** ZAWGYI ***
မုံးကိုးေဒသ တိုက္ပြဲမ်ား ဆက္ျဖစ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၃ ရက္။
စစ္ေကာင္စီမွ မုံးကိုး ေဒသဖက္သို႔ စစ္အင္အားတိုးခ်ဲ႕မႈမ်ားရွိေနၿပီး တိုက္ပြဲမ်ားလည္း ဆက္လက္ျဖစ္ပြားေန သည္ဟု ေဒသခံမ်ားက ေျပာသည္။
ႏိုဝင္ဘာလ ၃ ရက္ေန႔ (ယေန႔) တစ္ရက္လုံးနီးပါးလည္း မုံးကိုးေဒသအတြင္း စစ္ေကာင္စီတပ္ႏွင့္ ကိုးကန႔္တပ္ မေတာ္ (MNDAA) တို႔အၾကား တိုက္ပြဲမ်ားျဖစ္ပြားေနသည္ဟု မုံးကိုးေဒသခံမ်ားက ေျပာသည္။
မုံးကိုးေဒသခံတစ္ဦး က “ဟုတ္တယ္ဗ် တိုက္ပြဲက မေန႔ကလည္းျဖစ္တယ္။ ဒီေန႔လည္း ျဖစ္ေနတယ္။ တေန႔ကုန္ပဲ။ ေသနတ္သံေတြၾကားေနရတာ။ က်ေနာ္တို႔ ေနတဲ့ေနရာနဲ႔ မေဝးဘူး။ က်ေနာ္တို႔က အခု မုံးကိုးဗ်ဴဟာ ကုန္းနားက ဘုန္းႀကီးေက်ာင္းမွာ စစ္ေရွာင္ေနရတာ။ ဒီေနရာကေနလည္း အသံေတြက ၾကားေနရတယ္။ မေန႔ ကစၿပီးျဖစ္တာ။ ဒီေန႔လည္း မုံးကိုးအေက်ာ္မွာ ၾကားေနရတာ တေန႔လုံးပဲ။ မုံးကိုး ကုန္းတပ္အေက်ာ္ ေကာင္း လုံေအာက္ေပါ့ အဲ့ဒီ႐ြာေဘးေတြမွာေပါ့” ဟု ေျပာသည္။
ႏိုဝင္ဘာလ ၂ ရက္ေန႔ ႏွင့္ ၃ ရက္ေန႔တို႔တြင္ မုံးကိုးၿမိဳ႕နယ္အတြင္း ႏွစ္ဖက္ၾကားတိုက္ပြဲမ်ား ျပင္းထန္ေနသည္ဟု ေဒသခံမ်ားက ေျပာသည္။
ကိုးကန႔္ ျပန္ၾကားေရးဌာန The Kokang က ႏိုဝင္ဘာလ ၂ ရက္ေန႔ (ယမန္ေန႔)က စစ္ေကာင္စီဘက္က မုံးကိုး ေဒသအတြင္း စစ္အင္အားတိုးခ်ဲ႕လာသည့္ အေျခအေနကိုလည္း သတင္းထုတ္ျပန္ထားသည္။
The Kokang ၏ သတင္းထုတ္ျပန္ခ်က္ထဲတြင္ “သတင္းအခ်က္အလက္အရ စစ္ေကာင္စီသည္ စစ္ကူ အဖြဲ႕ႏွင့္ လက္နက္ရိကၡာမ်ားကို မုံးကိုးေဒသသို႔ ေခ်ာေမြ႕စြာ ပို႔ေဆာင္ႏိုင္ရန္အတြက္ လမ္းတေလွ်ာက္လုံးတြင္ လုံၿခဳံေရး အတြက္ လူအင္အားတိုးခ်ဲ႕ထားပါသည္” ဟု ေဖာ္ျပထားသည္။
ယမန္ေန႔က စစ္ေကာင္စီတပ္မွ မုံးကိုးေဒသဖက္သို႔ စစ္ကူရန္အတြက္ မုံးကိုးခ႐ိုင္၊ ေဟးမုံးလုံးမွ စစ္ကား ၁၇ စီး ထြက္လာခဲ့သည့္အျပင္ ေဖာင္းဆိုင္ မွ ေက်ာက္ထန္ေဟာ္ တေလွ်ာက္တြင္လည္း လူအင္အား ၁၀၀ ေက်ာ္ခန႔္ျဖင့္ လႈပ္ရွားေနသည္ဟု ဆိုသည္။
ထို႔အျပင္ မုံးကိုးခ႐ိုင္ ေလာ္ကူ႐ြာ၊ ဟြာေခ်ာင္႐ြာႏွင့္ ေဖာင္းဆိုင္မွ မုံးကိုး ေဒသလမ္းတေလွ်ာက္တြင္လည္း စစ္ ေကာင္စီတပ္ဖြဲ႕ဝင္မ်ား သြားလာလႈပ္ရွားေနသည္ဟု The Kokang က ေျပာသည္။
ထိုသို႔ စစ္ေရး လႈပ္ရွားေနသည့္အတြက္ ယမန္ေန႔က စစ္ေကာင္စီတပ္မ်ားႏွင့္ MNDAA ကိုးကန႔္တပ္တို႔အၾကား လားရႈိး ႏွင့္ သိႏၷိလမ္းၾကားရွိ နာခ်န္ေဒသ ေျမာက္ဖက္တြင္ စစ္ေရးလႈပ္ရွားေနသည့္ စစ္ေကာင္စီတပ္မ်ားႏွင့္ တိုက္ပြဲျဖစ္ပြားခဲ့သည္။
ထို႔အျပင္ မုံးကိုးေဒသႏွင့္ ေဖာင္းဆိုင္ ေဒသတို႔တြင္ တိုက္ပြဲမ်ား ျပင္းထန္စြာ ဆက္လက္ျဖစ္ပြားေနၿပီး မုံးကိုးမွ ေဖာင္းဆိုင္ဖက္သို႔ စစ္ကူရန္ ခ်ီတက္လာသည့္ စစ္ေကာင္စီ၏ ယာဥ္တန္းမ်ားကို ၾကားျဖတ္တိုက္ခိုက္ ဖ်က္ဆီး ႏိုင္ခဲ့သည္ဟု ဆိုသည္။
ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္မွ အာဏာသိမ္းယူရန္ ႀကိဳးစားခဲ့သည့္ ေနာက္ပိုင္း စစ္ေကာင္စီတပ္မ်ားႏွင့္ MNDAA ကိုးကန႔္တပ္တို႔အၾကား ရွမ္းျပည္နယ္ ေျမာက္ပိုင္းရွိ မုံးကိုးေဒသ၊ ေဖာင္းဆိုင္းေဒသႏွင့္ လားရႈိး၊ သိႏၷီ တစ္ေလွ်ာက္တြင္ တိုက္ပြဲမ်ား ဆက္တိုက္ဆိုသလို စတင္ျဖစ္ပြားလာေနသည္မွာ ယေန႔အခ်ိန္အထိျဖစ္သည္။
ဓါတ္ပုံ – The Kokang’s Facebook page