မွန်ပြည်နယ်တွင် ကျောင်းသူ/သား ၁၀ % ခန့်သာ ကျောင်းပြန်စတက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်။
မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်သော်လည်း ကျောင်းလာတက်သည့် ကျောင်းသူ/ကျောင်းသား နည်းပါးနေ သည်ဟု ဆရာ/ဆရာမနှင့် မြို့နယ်ပညာရေးတာဝန်ရှိသူများက ပြောသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် အခြေခံပညာကျောင်းများကို ပိတ်ထားခဲ့ရာမှ အာဏာသိမ်းစစ်ကောင်စီက နိုဝင်ဘာ ၁ ရက်နေ့မှ စတင်ကာ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။
လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများ ကြောင့် ကလေးများ လုံခြုံရေးအတွက် စိုးရိမ်သဖြင့် ကျောင်းသားမိဘအများစုက ကလေးများကို ကျောင်းမပို့ကြ ဟု သိရသည်။
“ကျောင်းတက်တဲ့ ကျောင်းသားအရေအတွက်က အလွန်ကို နည်းနေတယ်။ ကျောင်းဖွင့်စအချိန်လည်း ဖြစ်သ လို တချို့ကလည်း စိုးရိမ်ကြလို့ ခလေးကို ကျောင်းပေးမတက်သေးတာလည်း ရှိတယ်။ နောက်ပိုင်း တဖြည်း ဖြည်း များလာမယ် ထင်တယ်” ဟု မြို့နယ်ပညာရေးရုံး တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများကြောင့် ဇူလိုင်လဆန်းမှစတင်၍ တစ်နိုင်ငံလုံးရှိ အခြေခံပညာသင် ကျောင်း များကို ပိတ်ထားခဲ့ရာမှာ စစ်ကောင်စီက ကျောင်းသူ/သားများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးနောက် ယခု ကဲ့သို့ ကျောင်းများပြန်ဖွင့်ခဲ့ခြင်းဖြစ်သည်။
ကျောင်းများပြန်ဖွင့်လာချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက နေရာအချို့နှင့် ကရင်ပြည်နယ် ဘုရား သုံးဆူ တွင် ရှိသည့် စာသင်ကျောင်းအချို့အနီး ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။
မွန်ပြည်နယ်တစ်ခုလုံးတွင် ပညာသင်ကြားနေသည့် ကျောင်းသူ/ကျောင်းသား လေးသိန်းကျော်ရှိပြီး ယခုကျောင်း ပြန်ဖွင့်လှစ်ရာတွင် ကျောင်းသူ/ကျောင်းသား လေးသောင်းခန့်သာ ကျောင်းလာတက်ကြသည်ဟု ပြည်နယ် ပညာ ရေးမှူးရုံးရှိ စာရင်းများအရ သိရသည်။
ကျောင်းစဖွင့်သည့် ပထမအပတ်တွင် ကျောင်းတက်သည့် ကျောင်းသူ/ကျောင်းသားဦးရေ နည်းနေသော်လည်း ဒုတိယအပတ်ခန့်တွင် ကျောင်းလာတက်သူ ကျောင်းသား/သူဦးရေ တိုးလာနိုင်သည်ဟု ပညာရေးဝန်ထမ်းများ က ခန့်မှန်းထားကြသည်။
မြို့ပေါ်ရှိကျောင်းများထက် နယ်ဘက်ရှိကျောင်းများတွင် ကျောင်းတက်သည့် ကျောင်းသူ/ကျောင်းသားဦးရေ ပိုများနိုင်သည်ဟုလည်း ကျောင်းဆရာ/ဆရာများက ပြောသည်။
“ကျောင်းဖွင့်တယ်ဆိုပေမယ့် ကျောင်းသားတွေ မတက်ကြဘူး။ တချို့ကျောင်းတွေဆို ဆယ်ဂဏန်းလောက်ပဲ ရှိတယ်။ တစ်ဆယ် နှစ်ဆယ် အဲလောက်ပဲ တက်နေကြတယ်။ အများစု မတက်ကြဘူး ပြောလို့ရတယ်” ဟု မော် လမြိုင်မြို့က ကျောင်းသားမိဘတစ်ဦးက ပြောသည်။
ကျောင်းသားမိဘအချို့ကလည်း ကလေးလုံခြုံရေးအတွက် စိုးရိမ်ပြီး ကျောင်းမပို့သေးခြင်း ဖြစ်သည်ဟု ပြောကြ သည်။
မွန်ပြည်နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၅၀၀ ကျော်ရှိပြီး အဆိုပါကျောင်းများတွင် ပညာသင်ကြားနေ သည့် ကျောင်းသူ/ကျောင်းသူပေါင်း လေးသိန်းကျော်ရှိသည်ဟု ပြည်နယ်ပညာရေးမှူးရုံးရှိ စာရင်းများအရ သိရ သည်။
ဓါတ်ပုံ – CJ (ပုံဟောင်း)
*** ZAWGYI ***
မြန္ျပည္နယ္တြင္ ေက်ာင္းသူ/သား ၁၀ % ခန႔္သာ ေက်ာင္းျပန္စတက္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၃ ရက္။
မြန္ျပည္နယ္အတြင္းရွိ အေျခခံပညာေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ေနၿပီ ျဖစ္ေသာ္လည္း ေက်ာင္းလာတက္သည့္ ေက်ာင္းသူ/ေက်ာင္းသား နည္းပါးေန သည္ဟု ဆရာ/ဆရာမႏွင့္ ၿမိဳ႕နယ္ပညာေရးတာဝန္ရွိသူမ်ားက ေျပာသည္။
ကိုဗစ္-၁၉ ကူးစက္ေရာဂါေၾကာင့္ အေျခခံပညာေက်ာင္းမ်ားကို ပိတ္ထားခဲ့ရာမွ အာဏာသိမ္းစစ္ေကာင္စီက ႏိုဝင္ဘာ ၁ ရက္ေန႔မွ စတင္ကာ အေျခခံပညာေက်ာင္းမ်ားကို ျပန္လည္ဖြင့္လွစ္ခဲ့သည္။
လက္ရွိျဖစ္ေပၚေနသည့္ ႏိုင္ငံေရးအေျခအေနမ်ား ေၾကာင့္ ကေလးမ်ား လုံၿခဳံေရးအတြက္ စိုးရိမ္သျဖင့္ ေက်ာင္းသားမိဘအမ်ားစုက ကေလးမ်ားကို ေက်ာင္းမပို႔ၾက ဟု သိရသည္။
“ေက်ာင္းတက္တဲ့ ေက်ာင္းသားအေရအတြက္က အလြန္ကို နည္းေနတယ္။ ေက်ာင္းဖြင့္စအခ်ိန္လည္း ျဖစ္သ လို တခ်ိဳ႕ကလည္း စိုးရိမ္ၾကလို႔ ခေလးကို ေက်ာင္းေပးမတက္ေသးတာလည္း ရွိတယ္။ ေနာက္ပိုင္း တျဖည္း ျဖည္း မ်ားလာမယ္ ထင္တယ္” ဟု ၿမိဳ႕နယ္ပညာေရး႐ုံး တာဝန္ရွိသူ တစ္ဦးက ေျပာသည္။
ကိုဗစ္-၁၉ ေရာဂါ ကူးစက္မႈမ်ားေၾကာင့္ ဇူလိုင္လဆန္းမွစတင္၍ တစ္ႏိုင္ငံလုံးရွိ အေျခခံပညာသင္ ေက်ာင္း မ်ားကို ပိတ္ထားခဲ့ရာမွာ စစ္ေကာင္စီက ေက်ာင္းသူ/သားမ်ားကို ကိုဗစ္-၁၉ ကာကြယ္ေဆးထိုးၿပီးေနာက္ ယခု ကဲ့သို႔ ေက်ာင္းမ်ားျပန္ဖြင့္ခဲ့ျခင္းျဖစ္သည္။
ေက်ာင္းမ်ားျပန္ဖြင့္လာခ်ိန္တြင္ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းက ေနရာအခ်ိဳ႕ႏွင့္ ကရင္ျပည္နယ္ ဘုရား သုံးဆူ တြင္ ရွိသည့္ စာသင္ေက်ာင္းအခ်ိဳ႕အနီး ဗုံးေပါက္ကြဲမႈမ်ား ျဖစ္ပြားခဲ့သည္။
မြန္ျပည္နယ္တစ္ခုလုံးတြင္ ပညာသင္ၾကားေနသည့္ ေက်ာင္းသူ/ေက်ာင္းသား ေလးသိန္းေက်ာ္ရွိၿပီး ယခုေက်ာင္း ျပန္ဖြင့္လွစ္ရာတြင္ ေက်ာင္းသူ/ေက်ာင္းသား ေလးေသာင္းခန႔္သာ ေက်ာင္းလာတက္ၾကသည္ဟု ျပည္နယ္ ပညာ ေရးမႉး႐ုံးရွိ စာရင္းမ်ားအရ သိရသည္။
ေက်ာင္းစဖြင့္သည့္ ပထမအပတ္တြင္ ေက်ာင္းတက္သည့္ ေက်ာင္းသူ/ေက်ာင္းသားဦးေရ နည္းေနေသာ္လည္း ဒုတိယအပတ္ခန႔္တြင္ ေက်ာင္းလာတက္သူ ေက်ာင္းသား/သူဦးေရ တိုးလာႏိုင္သည္ဟု ပညာေရးဝန္ထမ္းမ်ား က ခန႔္မွန္းထားၾကသည္။
ၿမိဳ႕ေပၚရွိေက်ာင္းမ်ားထက္ နယ္ဘက္ရွိေက်ာင္းမ်ားတြင္ ေက်ာင္းတက္သည့္ ေက်ာင္းသူ/ေက်ာင္းသားဦးေရ ပိုမ်ားႏိုင္သည္ဟုလည္း ေက်ာင္းဆရာ/ဆရာမ်ားက ေျပာသည္။
“ေက်ာင္းဖြင့္တယ္ဆိုေပမယ့္ ေက်ာင္းသားေတြ မတက္ၾကဘူး။ တခ်ိဳ႕ေက်ာင္းေတြဆို ဆယ္ဂဏန္းေလာက္ပဲ ရွိတယ္။ တစ္ဆယ္ ႏွစ္ဆယ္ အဲေလာက္ပဲ တက္ေနၾကတယ္။ အမ်ားစု မတက္ၾကဘူး ေျပာလို႔ရတယ္” ဟု ေမာ္ လၿမိဳင္ၿမိဳ႕က ေက်ာင္းသားမိဘတစ္ဦးက ေျပာသည္။
ေက်ာင္းသားမိဘအခ်ိဳ႕ကလည္း ကေလးလုံၿခဳံေရးအတြက္ စိုးရိမ္ၿပီး ေက်ာင္းမပို႔ေသးျခင္း ျဖစ္သည္ဟု ေျပာၾက သည္။
မြန္ျပည္နယ္တြင္ အေျခခံပညာေက်ာင္းေပါင္း ၁၅၀၀ ေက်ာ္ရွိၿပီး အဆိုပါေက်ာင္းမ်ားတြင္ ပညာသင္ၾကားေန သည့္ ေက်ာင္းသူ/ေက်ာင္းသူေပါင္း ေလးသိန္းေက်ာ္ရွိသည္ဟု ျပည္နယ္ပညာေရးမႉး႐ုံးရွိ စာရင္းမ်ားအရ သိရ သည္။
ဓါတ္ပုံ – CJ (ပုံေဟာင္း)