သန်လျင်မြို့တွင် ယာဉ်ထိန်းရဲ ၃ ဦးကို ပျောက်ကျား တပ်ဖွဲ့တစ်ခုက ပစ်သတ်

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်။

သန်လျင်မြို့နယ်၊ သီလဝါစက်မှုဇုန်နှင့် အောင်သပြေလမ်းဆုံတွင် ယာဉ်ထိန်းရဲ ၃ ဦးကို လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းက သေနတ် ဖြင့်ပစ်ခတ်ခဲ့ရာ သုံးဦးလုံး သေဆုံး သွားသည်ဟု ဒေသခံများက ပြောသည်။

သီလဝါစက်မှုဇုန်တွင်အလုပ်လုပ်ကိုင်နေသည့်အသက် ၂၃နှစ်အရွယ် ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက “သုံးယောက်လုံးသေသွားတယ်လို့တော့ကြားတယ်။” ဟု ပြောသည်။

အဆိုပါလမ်းဆုံမှ ယာဉ်ထိန်းရဲများသည် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များ၊ ဆီဘောက်ဆာကား များနှင့် ဆိုင်ကယ်များထံမှ ငွေကြေးတောင်းယူခြင်း၊ ဆိုင်ကယ်များ သိမ်းယူခြင်းများပြုလုပ်နေကြောင်း တိုင် ကြားလာသဖြင့် Southern Fighter Force (SFF) အဖွဲ့က စုံစမ်းခဲ့သည်ဟု ယင်းအဖွဲ့က ဆိုသည်။

တိုင်ကြားချက်အတိုင်း အမှန်တကယ် ငွေကြေးတောင်းခံ အနိုင်ကျင့်မှုများ ရှိနေသဖြင့် SFF အဖွဲ့က သွားရောက် ပစ်ခတ်ခဲ့ပြီး အဆိုပါ ယာဉ်ထိန်းရဲများထံမှ ငွေကျပ် ၁၅၀၀၀၊ ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်း ၂ လုံးကိုလည်း သိမ်းဆည်းခဲ့သည်ဟု SFF အဖွဲ့ထံမှ သိရသည်။

ယာဉ်ထိန်းရဲ ၃ ဦး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအပြား ရောက်ရှိလာပြီး လမ်းပိတ် ဆို့ စစ်ဆေးမှုများလည်း ပြုလုပ်နေသည်ဟု အခင်းဖြစ်ပွားရာ နေရာအနီးတွင် နေထိုင်ကြသည့် ဒေသခံများက ပြောသည်။

*** ZAWGYI ***
သန္လ်င္ၿမိဳ႕တြင္ ယာဥ္ထိန္းရဲ ၃ ဦးကို ေပ်ာက္က်ား တပ္ဖြဲ႕တစ္ခုက ပစ္သတ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၃ ရက္။

သန္လ်င္ၿမိဳ႕နယ္၊ သီလဝါစက္မႈဇုန္ႏွင့္ ေအာင္သေျပလမ္းဆုံတြင္ ယာဥ္ထိန္းရဲ ၃ ဦးကို လက္နက္ကိုင္ အဖြဲ႕တစ္ဖြဲ႕က ႏိုဝင္ဘာလ ၃ ရက္ေန႔ မြန္းလြဲပိုင္းက ေသနတ္ ျဖင့္ပစ္ခတ္ခဲ့ရာ သုံးဦးလုံး ေသဆုံး သြားသည္ဟု ေဒသခံမ်ားက ေျပာသည္။

သီလဝါစက္မႈဇုန္တြင္အလုပ္လုပ္ကိုင္ေနသည့္အသက္ ၂၃ႏွစ္အ႐ြယ္ ကုမၸဏီဝန္ထမ္း အမ်ိဳးသမီးတစ္ဦးက “သုံးေယာက္လုံးေသသြားတယ္လို႔ေတာ့ၾကားတယ္။” ဟု ေျပာသည္။

အဆိုပါလမ္းဆုံမွ ယာဥ္ထိန္းရဲမ်ားသည္ ျဖတ္သန္းသြားလာေနသည့္ ေမာ္ေတာ္ယာဥ္မ်ား၊ ဆီေဘာက္ဆာကား မ်ားႏွင့္ ဆိုင္ကယ္မ်ားထံမွ ေငြေၾကးေတာင္းယူျခင္း၊ ဆိုင္ကယ္မ်ား သိမ္းယူျခင္းမ်ားျပဳလုပ္ေနေၾကာင္း တိုင္ ၾကားလာသျဖင့္ Southern Fighter Force (SFF) အဖြဲ႕က စုံစမ္းခဲ့သည္ဟု ယင္းအဖြဲ႕က ဆိုသည္။

တိုင္ၾကားခ်က္အတိုင္း အမွန္တကယ္ ေငြေၾကးေတာင္းခံ အႏိုင္က်င့္မႈမ်ား ရွိေနသျဖင့္ SFF အဖြဲ႕က သြားေရာက္ ပစ္ခတ္ခဲ့ၿပီး အဆိုပါ ယာဥ္ထိန္းရဲမ်ားထံမွ ေငြက်ပ္ ၁၅၀၀၀၊ ဆိုင္ကယ္တစ္စီးႏွင့္ လက္ကိုင္ဖုန္း ၂ လုံးကိုလည္း သိမ္းဆည္းခဲ့သည္ဟု SFF အဖြဲ႕ထံမွ သိရသည္။

ယာဥ္ထိန္းရဲ ၃ ဦး ပစ္ခတ္ခံရၿပီးေနာက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ အင္အားအမ်ားအျပား ေရာက္ရွိလာၿပီး လမ္းပိတ္ ဆို႔ စစ္ေဆးမႈမ်ားလည္း ျပဳလုပ္ေနသည္ဟု အခင္းျဖစ္ပြားရာ ေနရာအနီးတြင္ ေနထိုင္ၾကသည့္ ေဒသခံမ်ားက ေျပာသည္။