စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဟာမြင်းကြီး သတ္တုတွင်း အနီး မိုင်းဆွဲ တိုက်ခိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။
ထားဝယ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲ တိုက် ခိုက်ခံခဲ့ရ၍ စစ်သား ၅ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိသည်ဟု ဒေသခံရွာသားများက ပြောသည်။
သစ်ကတိုးကျေးရွာမှ မြေး ခန္တီကျေးရွာကို သွားသည့်လမ်းတွင် ဟာမြင်းကြီး သတ္ထုတွင်းရှိရာ မြေးခန္တီကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အဖွဲ့တစ်ဖွဲ့က နိုဝင်ဘာလ ၃ ရက်နေ့ (ယနေ့)၊ နံနက် ၆ နာရီအချိန်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု အသက် ၃၀ နှစ်ခန့် အရွယ် ရွာသားတစ်ဦးက ပြောသည်။
“မိုင်းက သုံးလုံး ဆက်တိုက်ပေါက်ကွဲတာ။ တွေ့လာတဲ့ သူ တစ်ယောက်ကတော့ ငါးယောက်လောက်သေနေပြီး နှစ်ယောက်ကလည်း ဒဏ်ရာအတော်ပြင်းတယ်လို့ ပြောတယ်” ဟု ပြောသည်။
မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် သစ်ကတိုးကျေးရွာက ဒေသခံရွာသား အမျိုးသား ၃ ဦး ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ရွာသားအချို့က ပြောသည်။
သစ်ကတိုးကျေးရွာနှင့် မြေးခန္တီကျေးရွာအနီးတဝိုက် နေထိုင်ကြသည့် ဒေသခံရွာသားအချို့က စစ်ကောင်စီတပ်၏ ဖမ်းဆီးစစ်ဆေးခံရမည်ကို စိုးရိမ်စိတ်ပူကာ တိမ်းရှောင်နေကြရသည်။
ရေဖြူမြို့နယ်၊ သစ်ကတိုးရွာတွင် နိုဝင်ဘာလ ၂ ရက်နေ့(ယမန်နေ့) နံနက်အစောပိုင်း အချိန်ကစပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား တစ်ရာဝန်းကျင်ခန့် လာရောက်တပ်စွဲလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
နိုဝင်ဘာလ ၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် မိုင်းခွဲတိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်ခဲ့သည်ကို မသိရှိ ရသေးပေ။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သစ်ကတိုးကျေးရွာတွင် ရောက်ရှိနေပြီး အင်အားဖြည့်တင်းမှုများ လည်း ပြုလုပ်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
*** ZAWGYI ***
စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ား ဟာျမင္းႀကီး သတၱဳတြင္း အနီး မိုင္းဆြဲ တိုက္ခိုက္ခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၄ ရက္။
ထားဝယ္ၿမိဳ႕နယ္၊အတြင္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား မိုင္းဆြဲ တိုက္ ခိုက္ခံခဲ့ရ၍ စစ္သား ၅ ဦး ေသဆုံးၿပီး ဒဏ္ရာရရွိသူမ်ားလည္း ရွိသည္ဟု ေဒသခံ႐ြာသားမ်ားက ေျပာသည္။
သစ္ကတိုးေက်း႐ြာမွ ေျမး ခႏၲီေက်း႐ြာကို သြားသည့္လမ္းတြင္ ဟာျမင္းႀကီး သတၳဳတြင္းရွိရာ ေျမးခႏၲီေက်း႐ြာအနီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို အဖြဲ႕တစ္ဖြဲ႕က ႏိုဝင္ဘာလ ၃ ရက္ေန႔ (ယေန႔)၊ နံနက္ ၆ နာရီအခ်ိန္ခန႔္တြင္ မိုင္းဆြဲတိုက္ခိုက္ခဲ့ျခင္း ျဖစ္သည္ဟု အသက္ ၃၀ ႏွစ္ခန႔္ အ႐ြယ္ ႐ြာသားတစ္ဦးက ေျပာသည္။
“မိုင္းက သုံးလုံး ဆက္တိုက္ေပါက္ကြဲတာ။ ေတြ႕လာတဲ့ သူ တစ္ေယာက္ကေတာ့ ငါးေယာက္ေလာက္ေသေနၿပီး ႏွစ္ေယာက္ကလည္း ဒဏ္ရာအေတာ္ျပင္းတယ္လို႔ ေျပာတယ္” ဟု ေျပာသည္။
မိုင္းခြဲတိုက္ခိုက္ခံရၿပီးေနာက္ သစ္ကတိုးေက်း႐ြာက ေဒသခံ႐ြာသား အမ်ိဳးသား ၃ ဦး ကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္ မ်ား က ဖမ္းဆီးေခၚေဆာင္သြားသည္ဟု ႐ြာသားအခ်ိဳ႕က ေျပာသည္။
သစ္ကတိုးေက်း႐ြာႏွင့္ ေျမးခႏၲီေက်း႐ြာအနီးတဝိုက္ ေနထိုင္ၾကသည့္ ေဒသခံ႐ြာသားအခ်ိဳ႕က စစ္ေကာင္စီတပ္၏ ဖမ္းဆီးစစ္ေဆးခံရမည္ကို စိုးရိမ္စိတ္ပူကာ တိမ္းေရွာင္ေနၾကရသည္။
ေရျဖဴၿမိဳ႕နယ္၊ သစ္ကတိုး႐ြာတြင္ ႏိုဝင္ဘာလ ၂ ရက္ေန႔(ယမန္ေန႔) နံနက္အေစာပိုင္း အခ်ိန္ကစၿပီး စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ အင္အား တစ္ရာဝန္းက်င္ခန႔္ လာေရာက္တပ္စြဲလ်က္ရွိသည္ဟု ေဒသခံမ်ားက ေျပာသည္။
ႏိုဝင္ဘာလ ၃ ရက္ေန႔က ျဖစ္ပြားခဲ့သည့္ မိုင္းခြဲတိုက္ခိုက္မႈကို မည္သည့္အဖြဲ႕အစည္းက ျပဳလုပ္ခဲ့သည္ကို မသိရွိ ရေသးေပ။
လက္ရွိတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက သစ္ကတိုးေက်း႐ြာတြင္ ေရာက္ရွိေနၿပီး အင္အားျဖည့္တင္းမႈမ်ား လည္း ျပဳလုပ္လ်က္ရွိသည္ဟု ေဒသခံမ်ားက ေျပာသည္။