ခင်ပွန်းမတွေ့သဖြင့် ဇနီးနှင့် ၂ နှစ်အရွယ်ကလေးငယ်ကို ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။

လောင်းလုံမြို့နယ်အတွင်း ခင်ပွန်းသည်အား မတွေ့သဖြင့် ဇနီးဖြစ်သူနှင့် ၂ နှစ်အရွယ် ကလေးငယ်ကို စစ်ကောင်စီက ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံ ရွာသားများက ပြောသည်။

အောက်ရေဖြူကျေးရွာအုပ်စု၊ ကဒက်ငယ်ထိန်ကျေးရွာနေထိုင်သည့် ကိုလုလုဇော်ကို နိုဝင်ဘာလ ၃ ရက်နေ့၊ နံနက် ၄ နာရီခွဲ အချိန်ဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးရန် လာရောက်ရှာဖွေခဲ့ကြရာ ၎င်းကို မတွေ့သဖြင့် မိသားစုဝင်များကို ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ကဒက်ငယ်ထိန်ကျေးရွာက အသက် ၄၀ ခန့် အရွယ် အမျိုးသမီးတစ်ဦး က “ကိုလုလုဇော်ကို မတွေ့တော့ သူ့မိန်းမ မီးချစ်နဲ့ ၂နှစ်သားလေးကိုပါ ဖမ်းသွားတယ်။ ပြီးတော့ ဦးလေးဖြစ်သူ ရာအိမ်မှူးဟောင်း ဦးဇော်ဝင်းတို့ကိုလည်း ဘာအကြောင်းမှန်းမသိ ဖမ်းခေါ်သွားတယ် “ ဟု ပြောသည်။

ကိုလုလုဇော်သည် ယခင်က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်မှုရှိခဲ့သော် လည်း လက်ရှိအချိန်တွင် သာမန်ပြည်သူတစ်ဦး အဖြစ် နေထိုင်နေသူတစ်ဦးဖြစ်သည်ဟု ထားဝယ်ခရိုင် သပိတ် ကော်မတီ က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁ ရက်နေ့ညက စစ်ပြဲကျေးရွာအရှေ့ပိုင်းရှိ ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်၏ နေအိမ် တစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သေးသည်။

ထို့အပြင် ပြင်းထိန်ကျေးရွာက ကိုမင်းလွင်ဦး၏ မိခင်တစ်ဦးနှင့်အတူ ဒေသခံရွာသား ၁၂ ဦးလည်း အဖမ်းခံခဲ့ရ သည်ဟု သိရသည်။

အဆိုပါ ဖမ်းဆီးခံရသူများအနက် လေးဦးကို ပြန်လွှတ်ပေးခဲ့ပြီး ၈ ဦးကို ဆက်လက် ဖမ်းဆီးထားခဲ့ရာ ယနေ့ အချိန်အထိ ပြန်မလွတ်ပေးသေးဘူးဟု ဒေသခံ ရွာသားတစ်ဦး က ပြောသည်။

ထို့အပြင် ယနေ့နံနက်ပိုင်းက လောင်းလုံမြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက် စစ်ဆေး ဖမ်း ဆီးမှုများပြုလုပ်ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန CDM ဝန်ထမ်းတစ်ဦး၏ မိသားစုဝင်များကို ဖမ်းဆီးသွားသည်ဟု ‌မြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ထိုကဲ့သို့ ဝင်ရောက်ဖမ်းဆီးမှုများပြုလုပ်ချိန်တွင် နေအိမ်များအတွင်းရှိ အဖိုးတန် ပစ္စည်းများကို ယူသွားလေ့ရှိပြီး အိမ်အသုံးအဆောင် ပရိဘောဂများကိုလည်း ဖျက်ဆီးပစ်လေ့ရှိသည်ဟု ဒေသခံ များက ဆိုသည်။

*** ZAWGYI ***
ခင္ပြန္းမေတြ႕သျဖင့္ ဇနီးႏွင့္ ၂ ႏွစ္အ႐ြယ္ကေလးငယ္ကို ဖမ္းဆီး

သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၄ ရက္။

ေလာင္းလုံၿမိဳ႕နယ္အတြင္း ခင္ပြန္းသည္အား မေတြ႕သျဖင့္ ဇနီးျဖစ္သူႏွင့္ ၂ ႏွစ္အ႐ြယ္ ကေလးငယ္ကို စစ္ေကာင္စီက ဓါးစာခံအျဖစ္ ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္ဟု ေဒသခံ ႐ြာသားမ်ားက ေျပာသည္။

ေအာက္ေရျဖဴေက်း႐ြာအုပ္စု၊ ကဒက္ငယ္ထိန္ေက်း႐ြာေနထိုင္သည့္ ကိုလုလုေဇာ္ကို ႏိုဝင္ဘာလ ၃ ရက္ေန႔၊ နံနက္ ၄ နာရီခြဲ အခ်ိန္ဝန္းက်င္ခန႔္တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးရန္ လာေရာက္ရွာေဖြခဲ့ၾကရာ ၎ကို မေတြ႕သျဖင့္ မိသားစုဝင္မ်ားကို ဖမ္းဆီးသြားျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

ကဒက္ငယ္ထိန္ေက်း႐ြာက အသက္ ၄၀ ခန႔္ အ႐ြယ္ အမ်ိဳးသမီးတစ္ဦး က “ကိုလုလုေဇာ္ကို မေတြ႕ေတာ့ သူ႔မိန္းမ မီးခ်စ္နဲ႔ ၂ႏွစ္သားေလးကိုပါ ဖမ္းသြားတယ္။ ၿပီးေတာ့ ဦးေလးျဖစ္သူ ရာအိမ္မႉးေဟာင္း ဦးေဇာ္ဝင္းတို႔ကိုလည္း ဘာအေၾကာင္းမွန္းမသိ ဖမ္းေခၚသြားတယ္ “ ဟု ေျပာသည္။

ကိုလုလုေဇာ္သည္ ယခင္က စစ္အာဏာရွင္ဆန႔္က်င္ေရး သပိတ္လႈပ္ရွားမႈမ်ားတြင္ ပူးေပါင္းပါဝင္မႈရွိခဲ့ေသာ္ လည္း လက္ရွိအခ်ိန္တြင္ သာမန္ျပည္သူတစ္ဦး အျဖစ္ ေနထိုင္ေနသူတစ္ဦးျဖစ္သည္ဟု ထားဝယ္ခ႐ိုင္ သပိတ္ ေကာ္မတီ က ထုတ္ျပန္ထားသည္။

ႏိုဝင္ဘာလ ၁ ရက္ေန႔ညက စစ္ၿပဲေက်း႐ြာအေရွ႕ပိုင္းရွိ ထားဝယ္ခ႐ိုင္ သပိတ္ေကာ္မတီဝင္၏ ေနအိမ္ တစ္လုံးကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက မီးရႈိ႕ဖ်က္ဆီးခဲ့ေသးသည္။

ထို႔အျပင္ ျပင္းထိန္ေက်း႐ြာက ကိုမင္းလြင္ဦး၏ မိခင္တစ္ဦးႏွင့္အတူ ေဒသခံ႐ြာသား ၁၂ ဦးလည္း အဖမ္းခံခဲ့ရ သည္ဟု သိရသည္။

အဆိုပါ ဖမ္းဆီးခံရသူမ်ားအနက္ ေလးဦးကို ျပန္လႊတ္ေပးခဲ့ၿပီး ၈ ဦးကို ဆက္လက္ ဖမ္းဆီးထားခဲ့ရာ ယေန႔ အခ်ိန္အထိ ျပန္မလြတ္ေပးေသးဘူးဟု ေဒသခံ ႐ြာသားတစ္ဦး က ေျပာသည္။

ထို႔အျပင္ ယေန႔နံနက္ပိုင္းက ေလာင္းလုံၿမိဳ႕ေပၚတြင္လည္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဝင္ေရာက္ စစ္ေဆး ဖမ္း ဆီးမႈမ်ားျပဳလုပ္ခဲ့ၿပီး ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန CDM ဝန္ထမ္းတစ္ဦး၏ မိသားစုဝင္မ်ားကို ဖမ္းဆီးသြားသည္ဟု ‌ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက ထိုကဲ့သို႔ ဝင္ေရာက္ဖမ္းဆီးမႈမ်ားျပဳလုပ္ခ်ိန္တြင္ ေနအိမ္မ်ားအတြင္းရွိ အဖိုးတန္ ပစၥည္းမ်ားကို ယူသြားေလ့ရွိၿပီး အိမ္အသုံးအေဆာင္ ပရိေဘာဂမ်ားကိုလည္း ဖ်က္ဆီးပစ္ေလ့ရွိသည္ဟု ေဒသခံ မ်ားက ဆိုသည္။