လှိုင်သာယာတွင် ကျောင်းတက်ရန် လော်စပီကာဖြင့် လိုက်လံတိုက်တွန်းနှိုးဆော်နေရ
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။
လှိုင်သာယာမြို့နယ် အတွင်းရှိ ရပ်ကွက်အချို့တွင် ကျောင်းတက်သူ နည်းပါးလွန်းနေ၍ စစ်ကောင်စီက
လော်စပီကာဖြင့် လိုက်လံနှိုးဆော်ခဲ့သည်ဟု လှိုင်သာယာမြို့ နယ်အတွင်း နေထိုင်သူများ၏ ပြောပြချက်အရ သိရသည်။
စစ်ကောင်စီက နိုဝင်ဘာ ၁ ရက်နေ့တွင် အခြေခံပညာကျောင်းများ ပြန်ဖွင့်ခဲ့ပြီး ကျောင်းလာတက်သည့် ကျောင်း သား၊ ကျောင်းသူဦးရေ နည်းပါးလွန်းသဖြင့် နိုဝင်ဘာ ၂ ရက်နေ့သို့ရောက်သောအခါ ယခုကဲ့သို့ ရပ်ကွက်အချို့တွင် လော်စပီကာဖြင့် လိုက်လံ နှိုးဆော် နေ ခြင်းဖြစ်သည်။
နိုဝင်ဘာလ ၁ ရက်နေ့က ကျောင်းသွားတက်သူများသည် ကျောင်းဝန်ထမ်း သားသမီးများ၊ Non CDM ဆရာ/ဆ ရာမများ၏ သားသမီးများသာဖြစ်ပြီး ၎င်း၏ သားအပါအဝင် အနီးအနားဝန်းကျင်က ကျောင်းသူ/သားများက ကျောင်းမသွားကြဘူးဟု လှိုင်သာယာမြို့နယ် ၃ ရပ်ကွက်ထဲတွင် နေထိုင်သည့် ၈ တန်း ကျောင်းသား မိခင်တစ်ဦး က ပြောသည်။
“ကျောင်းတွေပြန်ဖွင့်ပေးမယ့် ကျမသားကိုတော့ သွားမတက်ခိုင်းဘူး။ ကျောင်းလည်း မအပ်ထားဘူး။ အခြေ အနေတွေက ဘာမှန်းမသိတဲ့ အချိန်မှာ ကလေးတစ်ခုခု ဖြစ်မှာစိုးရိမ်တယ်” ဟု လှိုင်သာယာမြို့နယ် ၃ ရပ်ကွက် အတွင်းနေသူ အဆိုပါ အမျိုးသမီးက ပြောသည်။
စစ်ကောင်စီက လော်စပီကာဖြင့် လိုက်လံနှိုးဆော်ခဲ့သော်လည်း ၎င်းတို့မှာ မော်တော်ယာဉ်မောင်းနှင်ရင်း ကြေ ညာသွားခြင်းဖြစ်သောကြောင့် မည်သည့်ကိစ္စရပ်ကို ပြောဆိုသွားသည်ကို မသိရှိလိုက်သူများလည်းရှိသည်ဟု လှိုင်သာယာမြို့နယ်အတွင်း နေထိုင်သူအချို့ က ပြောသည်။
“သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်)က အော်ပြေး ပြေးသလိုဖြစ်နေတယ်။ ဘာပြောသွားမှန်းတောင် မသိလိုက်ဘူး။ နောက်မှရပ်ကွက်ထဲ ပြန်လိုက်မေးရတယ်” ဟု ကျန်စစ်သားအိမ်ယာ အတွင်း နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။
ယခင်က ကြေညာချက်တစ်ခုကို ရပ်ကွက်အတွင်း လိုက်လံကြေညာရာတွင် တစ်လမ်းချင်းစီ အလိုက် ကားရပ် ကာ ကြေညာခဲ့ကြသော်လည်း ယခုတွင် ကားမောင်းရင်း ကြေညာသွားခြင်းဖြစ်သည်ဟု အဆိုပါ အမျိုးသားက ပြောသည်။
စစ်ကောင်စီက အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည့် နိုဝင်ဘာလ ၁ ရက်နေ့တွင်လည်း အခြေခံပညာ ကျောင်းသားများရေးရာအဖွဲ့ ချုပ်နှင့် မြေပြင်ကမ်ပိန်းလှုပ်ရှားရေးအဖွဲ့တို့က မင်္ဂလာတောင်ညွှန့် မြို့နယ်အတွင်း ကျောင်းမတက်ရေး စာစောင်များကပ်ကာ ကမ်ပိန်း ပြုလုပ် ဆန္ဒဖော်ထုတ်ခဲ့ ကြသည်။
*** ZAWGYI ***
လႈိင္သာယာတြင္ ေက်ာင္းတက္ရန္ ေလာ္စပီကာျဖင့္ လိုက္လံတိုက္တြန္းႏႈိးေဆာ္ေနရ
သတင္းႏွင့္ မီဒီယာကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၄ ရက္။
လႈိင္သာယာၿမိဳ႕နယ္ အတြင္းရွိ ရပ္ကြက္အခ်ိဳ႕တြင္ ေက်ာင္းတက္သူ နည္းပါးလြန္းေန၍ စစ္ေကာင္စီက
ေလာ္စပီကာျဖင့္ လိုက္လံႏႈိးေဆာ္ခဲ့သည္ဟု လႈိင္သာယာၿမိဳ႕ နယ္အတြင္း ေနထိုင္သူမ်ား၏ ေျပာျပခ်က္အရ သိရသည္။
စစ္ေကာင္စီက ႏိုဝင္ဘာ ၁ ရက္ေန႔တြင္ အေျခခံပညာေက်ာင္းမ်ား ျပန္ဖြင့္ခဲ့ၿပီး ေက်ာင္းလာတက္သည့္ ေက်ာင္း သား၊ ေက်ာင္းသူဦးေရ နည္းပါးလြန္းသျဖင့္ ႏိုဝင္ဘာ ၂ ရက္ေန႔သို႔ေရာက္ေသာအခါ ယခုကဲ့သို႔ ရပ္ကြက္အခ်ိဳ႕တြင္ ေလာ္စပီကာျဖင့္ လိုက္လံ ႏႈိးေဆာ္ ေန ျခင္းျဖစ္သည္။
ႏိုဝင္ဘာလ ၁ ရက္ေန႔က ေက်ာင္းသြားတက္သူမ်ားသည္ ေက်ာင္းဝန္ထမ္း သားသမီးမ်ား၊ Non CDM ဆရာ/ဆ ရာမမ်ား၏ သားသမီးမ်ားသာျဖစ္ၿပီး ၎၏ သားအပါအဝင္ အနီးအနားဝန္းက်င္က ေက်ာင္းသူ/သားမ်ားက ေက်ာင္းမသြားၾကဘူးဟု လႈိင္သာယာၿမိဳ႕နယ္ ၃ ရပ္ကြက္ထဲတြင္ ေနထိုင္သည့္ ၈ တန္း ေက်ာင္းသား မိခင္တစ္ဦး က ေျပာသည္။
“ေက်ာင္းေတြျပန္ဖြင့္ေပးမယ့္ က်မသားကိုေတာ့ သြားမတက္ခိုင္းဘူး။ ေက်ာင္းလည္း မအပ္ထားဘူး။ အေျခ အေနေတြက ဘာမွန္းမသိတဲ့ အခ်ိန္မွာ ကေလးတစ္ခုခု ျဖစ္မွာစိုးရိမ္တယ္” ဟု လႈိင္သာယာၿမိဳ႕နယ္ ၃ ရပ္ကြက္ အတြင္းေနသူ အဆိုပါ အမ်ိဳးသမီးက ေျပာသည္။
စစ္ေကာင္စီက ေလာ္စပီကာျဖင့္ လိုက္လံႏႈိးေဆာ္ခဲ့ေသာ္လည္း ၎တို႔မွာ ေမာ္ေတာ္ယာဥ္ေမာင္းႏွင္ရင္း ေၾက ညာသြားျခင္းျဖစ္ေသာေၾကာင့္ မည္သည့္ကိစၥရပ္ကို ေျပာဆိုသြားသည္ကို မသိရွိလိုက္သူမ်ားလည္းရွိသည္ဟု လႈိင္သာယာၿမိဳ႕နယ္အတြင္း ေနထိုင္သူအခ်ိဳ႕ က ေျပာသည္။
“သူတို႔(စစ္ေကာင္စီတပ္ဖြဲ႕ဝင္)က ေအာ္ေျပး ေျပးသလိုျဖစ္ေနတယ္။ ဘာေျပာသြားမွန္းေတာင္ မသိလိုက္ဘူး။ ေနာက္မွရပ္ကြက္ထဲ ျပန္လိုက္ေမးရတယ္” ဟု က်န္စစ္သားအိမ္ယာ အတြင္း ေနထိုင္သည့္ အမ်ိဳးသားတစ္ဦးက ေျပာသည္။
ယခင္က ေၾကညာခ်က္တစ္ခုကို ရပ္ကြက္အတြင္း လိုက္လံေၾကညာရာတြင္ တစ္လမ္းခ်င္းစီ အလိုက္ ကားရပ္ ကာ ေၾကညာခဲ့ၾကေသာ္လည္း ယခုတြင္ ကားေမာင္းရင္း ေၾကညာသြားျခင္းျဖစ္သည္ဟု အဆိုပါ အမ်ိဳးသားက ေျပာသည္။
စစ္ေကာင္စီက အေျခခံပညာေက်ာင္းမ်ား စတင္ဖြင့္လွစ္သည့္ ႏိုဝင္ဘာလ ၁ ရက္ေန႔တြင္လည္း အေျခခံပညာ ေက်ာင္းသားမ်ားေရးရာအဖြဲ႕ ခ်ဳပ္ႏွင့္ ေျမျပင္ကမ္ပိန္းလႈပ္ရွားေရးအဖြဲ႕တို႔က မဂၤလာေတာင္ၫႊန႔္ ၿမိဳ႕နယ္အတြင္း ေက်ာင္းမတက္ေရး စာေစာင္မ်ားကပ္ကာ ကမ္ပိန္း ျပဳလုပ္ ဆႏၵေဖာ္ထုတ္ခဲ့ ၾကသည္။