Mask မတပ်ရ။ ဖုန်းယူဆောင်လာရမည်

သတင်းနှင့် မိဒီယာ ကွန်ရက်။
၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်းတွင် Mask တပ်ထားသူများနှင့် ဖုန်းယူဆောင် မလာသူများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဒဏ်ငွေရိုက်သည်ဟု ဒေသခံများက ပြောသည်။

ကျန်းမာရေးအတွက် Mask တပ်လာသူများကို ၅၀၀ ကျပ်ဒဏ်ရိုက်ကာ၊ အပြင်ထွက်စဉ်ဖုန်း ယူဆောင်မလာ သူများကိုလည်း ဒဏ်ငွေ ၅၀၀၀ ကျပ် ဟု ဆိုကာ နိုဝင်ဘာလ ၂ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက တောင်းယူနေသည်ဟု ဒေသခံများက ပြောသည်။

မြို့၏လူစည်ကားသည့် နေရာများတွင် ပိတ်ဆို့တားဆီးပြီး ဖုန်းမပါလာသည့်သူများကို ဒဏ်ငွေ တောင်းရုံသာမက ဖုန်းပါလာသူများကိုလည်း စစ်ဆေးပြီး အကြောင်းမရှိ အကြောင်းရှာ ငွေတောင်းနေကြသည်ဟု ဒေသခံအချို့က ပြောသည်။

နိုင်ငံအကျဉ်းသားဟောင်းတစ်ဦး က “တကယ့်ကို ဆိုးသွမ်းတဲ့ လူမိုက်တွေတောင် လူမိုက် စည်းကမ်းထား ကြ တယ်။ စစ်ကောင်စီရဲ့ စစ်သားတွေက ဘာစည်းကမ်းမှ မသိတဲ့ကောင် စားမျိုးတွေ”ဟု ပြောသည်။

အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ အငြိမ်းစား ဗိုလ်မှူးဟောင်းတစ်ဦးကလည်း အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင်သည် မိမိတပ်ကိုပင် နိုင်နင်းစွာ ထိန်းကျောင်းနိုင်ခြင်း မရှိဖြစ်နေသဖြင့် လူထုထောက်ခံမှုမရဘဲ မုန်းတီးခြင်းကို ခံနေရသည်ဟု ပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ မြို့ရွာ အသီးသီးတွင် စစ်ကောင်စီ လက်အောက်ခံ စစ်သားနှင့် ရဲသတင်းတပ်ဖွဲ့ (SB)၊ စရဖတို့ကလည်း ဒေသခံများထံမှ အကြောင်းအမျိုးမျိုးပြပြီး ငွေညှစ်နေကြသည်ဟု ဒေသခံများက ဆိုသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင်လည်း နိုဝင်ဘာလ ၁ ရက်နေ့က ဖုန်းမပါလာသည့် သူများကို ဒဏ်ရိုက်သည်ဆိုကာ စစ်သားများက ငွေတောင်းမှုများ ရှိခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

*** ZAWGYI ***
Mask မတပ္ရ။ ဖုန္းယူေဆာင္လာရမည္

သတင္းႏွင့္ မိဒီယာ ကြန္ရက္။
၂၀၂၁ခုႏွစ္၊ ႏိုဝင္ဘာလ ၄ ရက္။

ဧရာဝတီတိုင္း၊ ဘိုကေလးၿမိဳ႕နယ္အတြင္းတြင္ Mask တပ္ထားသူမ်ားႏွင့္ ဖုန္းယူေဆာင္ မလာသူမ်ားကို စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက ဒဏ္ေငြ႐ိုက္သည္ဟု ေဒသခံမ်ားက ေျပာသည္။

က်န္းမာေရးအတြက္ Mask တပ္လာသူမ်ားကို ၅၀၀ က်ပ္ဒဏ္႐ိုက္ကာ၊ အျပင္ထြက္စဥ္ဖုန္း ယူေဆာင္မလာ သူမ်ားကိုလည္း ဒဏ္ေငြ ၅၀၀၀ က်ပ္ ဟု ဆိုကာ ႏိုဝင္ဘာလ ၂ ရက္ေန႔က စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ေတာင္းယူေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

ၿမိဳ႕၏လူစည္ကားသည့္ ေနရာမ်ားတြင္ ပိတ္ဆို႔တားဆီးၿပီး ဖုန္းမပါလာသည့္သူမ်ားကို ဒဏ္ေငြ ေတာင္း႐ုံသာမက ဖုန္းပါလာသူမ်ားကိုလည္း စစ္ေဆးၿပီး အေၾကာင္းမရွိ အေၾကာင္းရွာ ေငြေတာင္းေနၾကသည္ဟု ေဒသခံအခ်ိဳ႕က ေျပာသည္။

ႏိုင္ငံအက်ဥ္းသားေဟာင္းတစ္ဦး က “တကယ့္ကို ဆိုးသြမ္းတဲ့ လူမိုက္ေတြေတာင္ လူမိုက္ စည္းကမ္းထား ၾက တယ္။ စစ္ေကာင္စီရဲ႕ စစ္သားေတြက ဘာစည္းကမ္းမွ မသိတဲ့ေကာင္ စားမ်ိဳးေတြ”ဟု ေျပာသည္။

အေနာက္ေတာင္တိုင္း စစ္ဌာနခ်ဳပ္မွ အၿငိမ္းစား ဗိုလ္မႉးေဟာင္းတစ္ဦးကလည္း အာဏာသိမ္း စစ္ေကာင္စီ ေခါင္းေဆာင္သည္ မိမိတပ္ကိုပင္ ႏိုင္နင္းစြာ ထိန္းေက်ာင္းႏိုင္ျခင္း မရွိျဖစ္ေနသျဖင့္ လူထုေထာက္ခံမႈမရဘဲ မုန္းတီးျခင္းကို ခံေနရသည္ဟု ေျပာသည္။

ဧရာဝတီတိုင္းအတြင္းရွိ ၿမိဳ႕႐ြာ အသီးသီးတြင္ စစ္ေကာင္စီ လက္ေအာက္ခံ စစ္သားႏွင့္ ရဲသတင္းတပ္ဖြဲ႕ (SB)၊ စရဖတို႔ကလည္း ေဒသခံမ်ားထံမွ အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး ေငြညႇစ္ေနၾကသည္ဟု ေဒသခံမ်ားက ဆိုသည္။

ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕နယ္တြင္လည္း ႏိုဝင္ဘာလ ၁ ရက္ေန႔က ဖုန္းမပါလာသည့္ သူမ်ားကို ဒဏ္႐ိုက္သည္ဆိုကာ စစ္သားမ်ားက ေငြေတာင္းမႈမ်ား ရွိခဲ့သည္ဟု ေဒသခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။