ကသာ ခရိုင် တိုက်ပွဲများကြောင့် အမျိုးသမီးများ၊ ကလေးငယ်များ ထိခိုက်မှုရှိနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။
စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် အစပ်တို့တွင် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်နေပြီး စစ်ကောင်စီ တပ်ဖွဲ့များပစ်ခတ်မှုကြောင့် အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် ပြည်သူအချို့ လက်နက်ကြီး ကျည်စထိမှန်မှုရှိနေသည်။
ရွှေကူမြို့က အသက် ၅၀ ခန့်အရွယ် ကချင်အမျိုးသား တစ်ဦးက ”ရော မော်တာတွေ စိန်ပြောင်းတွေဆိုတာ သူ တို့မှာပဲရှိတာလေ။ အိမ်လား၊ ဘုရားကျောင်းလား၊ ဘုန်းကြီးကျောင်း ရွေးမနေဘူး။ ထိချင်တာထိ ဆိုပြီး လက် နက်ကြီးနဲ့ ပစ်နေတော့တာပဲ“ ဟု ပြောသည်။
ကသာခရိုင် ရွှေကူနယ်အစပ်ရှိ မင်းကျောင်းကုန်းတွင် နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် တိုက်ပွဲစတင် ဖြစ်ပွားခဲ့ရာ၊ မိနစ် ၃၀ ခန့်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ပြည်သူများ လက်နက်ကြီးစ ထိမှန်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
အောက်တိုဘာလ ၃၀ ရက်နေ့၊ ည ၈ နာရီ အချိန်ခန့်ကလည်း ကသာမြို့၊ မိုးတား အထက်တန်းကျောင်းတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် PDF များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ပစ်ခတ်မှုများ ကြောင့် အမျိုးသမီးနှင့် ကလေးများ အပါအဝင် ၅ဦး ခန့် လက်နက်ကြီးစထိမှန်ခဲ့သည်။
စစ်ကောင်စီဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်များကြောင့် မိုးတားဘုရားကြီးကျောင်းလည်း ထိခိုက်မှုရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူအချို့ မြစ်အရှေ့ဘက်ကမ်း ဘိုကုန်းကျေးရွာ ဘက်သို့ ရှောင်တိမ်းသွားသည်များလည်း ရှိနေသည်ဟု မိုးတားရွာသား တစ်ဦး က ပြောသည်။
“အိုကြီးအိုမ မသွားမလာနိုင်တဲ့ သူတွေပဲ ကျန်နေတာပ။ ပြေးနိုင်တဲ့ သူတွေကတော့ ပြေးကြတာပ” ဟု မိုးတားရွာသားက ပြောသည်။
အောက်တိုဘာလ ၃၀ ရက်နေ့ ညနေပိုင်းတွင် ကသာမြို့နယ်၊ ချောင်းဝကျေးရွာတွင် တိုက်ပွဲနှစ်ကြိမ်၊ မင်း ကျောင်းကုန်းတွင် တစ်ကြိမ် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံ PDF တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ် ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများကို စက်လှေဖြင့် ရွှေကူမြို့ဘက်ကို သယ်ဆောင် သွားသည်ဟု ဒေသခံများက ဆိုသည်။
”အရင်တုန်းက ဒဏ်ရာရတဲ့သူတွေကို ပရဟိတကားတွေနဲ့ သယ်ခိုင်းတာမျိုးရှိတယ်။ အခုတော့ သတင်းပေါက် မှာစိုးလို့ထင်သယ် မခိုင်းတော့ဘူး“ ဟု ဒေသခံ တစ်ဦး က ပြောသည်။
ထို့အပြင် အောက်တိုဘာ ၃၀ ရက်နေ့ကလည်း ထီးချိုင့်မြို့နယ်၊ ကြက်သေချောင်းကျေးရွာတွင် မန္တလေးဘက်မှ တက်လာသည့် ကား ၅ စီးပါ စစ်ကောင်စီယာဉ်တန်းကို ၇ မိုင်ဂိတ် အနီးတွင် မိုင်းဆွဲတိုက်ခဲ့ကြောင်း ထီးချိုင့် PDF အဖွဲ့ တာဝန်ရှိသူ ကပြောသည်။
မိုင်းဆွဲတိုက်ခိုက်ပြီးနောက် PDF အဖွဲ့ဝင်များ ဆုတ်ခွါသွားချိန်တွင် စစ်ကောင်စီတပ်ဘက် က ၆၀ မမ စိန်ပြောင်း ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည်ဟု အဆိုပါ PDF တာဝန်ရှိသူက ပြောသည်။
ဓါတ်ပုံ- မိုးတားကျေးရွာမှ ရွာသားအချို့ ကျည်စထိမှန်ခဲ့သည့်ပုံ (CJ)
*** ZAWGYI ***
ကသာ ခ႐ိုင္ တိုက္ပြဲမ်ားေၾကာင့္ အမ်ိဳးသမီးမ်ား၊ ကေလးငယ္မ်ား ထိခိုက္မႈရွိေန
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၄ ရက္။
စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္ ကခ်င္ျပည္နယ္ အစပ္တို႔တြင္ တိုက္ပြဲမ်ား ခပ္စိပ္စိပ္ျဖစ္ေနၿပီး စစ္ေကာင္စီ တပ္ဖြဲ႕မ်ားပစ္ခတ္မႈေၾကာင့္ အမ်ိဳးသမီးႏွင့္ ကေလးငယ္မ်ား အပါအဝင္ ျပည္သူအခ်ိဳ႕ လက္နက္ႀကီး က်ည္စထိမွန္မႈရွိေနသည္။
ေ႐ႊကူၿမိဳ႕က အသက္ ၅၀ ခန႔္အ႐ြယ္ ကခ်င္အမ်ိဳးသား တစ္ဦးက ”ေရာ ေမာ္တာေတြ စိန္ေျပာင္းေတြဆိုတာ သူ တို႔မွာပဲရွိတာေလ။ အိမ္လား၊ ဘုရားေက်ာင္းလား၊ ဘုန္းႀကီးေက်ာင္း ေ႐ြးမေနဘူး။ ထိခ်င္တာထိ ဆိုၿပီး လက္ နက္ႀကီးနဲ႔ ပစ္ေနေတာ့တာပဲ“ ဟု ေျပာသည္။
ကသာခ႐ိုင္ ေ႐ႊကူနယ္အစပ္ရွိ မင္းေက်ာင္းကုန္းတြင္ ႏိုဝင္ဘာလ ၂ ရက္ေန႔ နံနက္ ၈ နာရီ အခ်ိန္ခန႔္တြင္ တိုက္ပြဲစတင္ ျဖစ္ပြားခဲ့ရာ၊ မိနစ္ ၃၀ ခန႔္အၾကာတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ ပစ္ခတ္မႈေၾကာင့္ ျပည္သူမ်ား လက္နက္ႀကီးစ ထိမွန္ခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။
ေအာက္တိုဘာလ ၃၀ ရက္ေန႔၊ ည ၈ နာရီ အခ်ိန္ခန႔္ကလည္း ကသာၿမိဳ႕၊ မိုးတား အထက္တန္းေက်ာင္းတြင္ အထိုင္ခ်ထားသည့္ စစ္ေကာင္စီတပ္ဖြဲ႕မ်ားႏွင့္ PDF မ်ား တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဘက္က ပစ္ခတ္မႈမ်ား ေၾကာင့္ အမ်ိဳးသမီးႏွင့္ ကေလးမ်ား အပါအဝင္ ၅ဦး ခန႔္ လက္နက္ႀကီးစထိမွန္ခဲ့သည္။
စစ္ေကာင္စီဘက္က ပစ္ခတ္လိုက္သည့္ လက္နက္ႀကီး က်ည္မ်ားေၾကာင့္ မိုးတားဘုရားႀကီးေက်ာင္းလည္း ထိခိုက္မႈရွိခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။
လက္နက္ႀကီးမ်ား က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ေဒသခံျပည္သူအခ်ိဳ႕ ျမစ္အေရွ႕ဘက္ကမ္း ဘိုကုန္းေက်း႐ြာ ဘက္သို႔ ေရွာင္တိမ္းသြားသည္မ်ားလည္း ရွိေနသည္ဟု မိုးတား႐ြာသား တစ္ဦး က ေျပာသည္။
“အိုႀကီးအိုမ မသြားမလာႏိုင္တဲ့ သူေတြပဲ က်န္ေနတာပ။ ေျပးႏိုင္တဲ့ သူေတြကေတာ့ ေျပးၾကတာပ” ဟု မိုးတား ႐ြာသားက ေျပာသည္။
ေအာက္တိုဘာလ ၃၀ ရက္ေန႔ ညေနပိုင္းတြင္ ကသာၿမိဳ႕နယ္၊ ေခ်ာင္းဝေက်း႐ြာတြင္ တိုက္ပြဲႏွစ္ႀကိမ္၊ မင္း ေက်ာင္းကုန္းတြင္ တစ္ႀကိမ္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားႏွင့္ ေဒသခံ PDF တို႔အၾကား တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ ေကာင္စီဘက္က ထိခိုက္ဒဏ္ရာရသူမ်ားႏွင့္ ေသဆုံးသူမ်ားကို စက္ေလွျဖင့္ ေ႐ႊကူၿမိဳ႕ဘက္ကို သယ္ေဆာင္ သြားသည္ဟု ေဒသခံမ်ားက ဆိုသည္။
”အရင္တုန္းက ဒဏ္ရာရတဲ့သူေတြကို ပရဟိတကားေတြနဲ႔ သယ္ခိုင္းတာမ်ိဳးရွိတယ္။ အခုေတာ့ သတင္းေပါက္ မွာစိုးလို႔ထင္သယ္ မခိုင္းေတာ့ဘူး“ ဟု ေဒသခံ တစ္ဦး က ေျပာသည္။
ထို႔အျပင္ ေအာက္တိုဘာ ၃၀ ရက္ေန႔ကလည္း ထီးခ်ိဳင့္ၿမိဳ႕နယ္၊ ၾကက္ေသေခ်ာင္းေက်း႐ြာတြင္ မႏၲေလးဘက္မွ တက္လာသည့္ ကား ၅ စီးပါ စစ္ေကာင္စီယာဥ္တန္းကို ၇ မိုင္ဂိတ္ အနီးတြင္ မိုင္းဆြဲတိုက္ခဲ့ေၾကာင္း ထီးခ်ိဳင့္ PDF အဖြဲ႕ တာဝန္ရွိသူ ကေျပာသည္။
မိုင္းဆြဲတိုက္ခိုက္ၿပီးေနာက္ PDF အဖြဲ႕ဝင္မ်ား ဆုတ္ခြါသြားခ်ိန္တြင္ စစ္ေကာင္စီတပ္ဘက္ က ၆၀ မမ စိန္ေျပာင္း ျဖင့္ ရမ္းသန္းပစ္ခတ္ခဲ့သည္ဟု အဆိုပါ PDF တာဝန္ရွိသူက ေျပာသည္။
ဓါတ္ပုံ- မိုးတားေက်း႐ြာမွ ႐ြာသားအခ်ိဳ႕ က်ည္စထိမွန္ခဲ့သည့္ပုံ (CJ)