ရေဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့များ တစ်ရက်အတွင်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။

ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် နိုဝင်ဘာလ ၃ ရက်နေ့ တစ်ရက်တည်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရသည်။

နိဝင်ဘာ ၃ ရက် နံနက် ၆ နာရီအချိန်ခန့်က သစ်ကတိုးကျေးရွာမှ မြေးခန္တီကျေးရွာကို သွားသည့် စစ်ကောင်စီ တပ် သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ငါးဦးသေဆုံးခဲ့သည့်အပြင် ညနေ ၃ နာရီခွဲ အချိန်ခန့်တွင် ကလုံးထာကျေးရွာမှ သစ်ကတိုးကျေးရွာကို စစ်ကူလိုက်သွားသည့် စစ်ကောင်စီတပ်သားများပါ နောက်တစ်ကြိမ် ထပ်မံ မိုင်းဆွဲ တိုက် ခိုက်ခံရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အသက်၃၀ခန့်အရွယ် ရွာသားတစ်ဦးက “ညနေ သုံးနာရီခွဲဝန်းကျင်အချိန်လောက် အုန်းကနဲ ပေါက်ကွဲသံ အကျယ်ကြီး ၃ ချက်ကြားရတယ်။ ရှမ်းလမ်းလို့ခေါ်တဲ့ ထီးခီးနယ်စပ်နဲ့ ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်း ဆက်သွယ်ထားတဲ့ လမ်းပေါ်မှာ မိုင်းဆွဲခံရတာ” ဟု ပြောသည်။

စစ်ကောင်စီတပ်သား အယောက် ၂၀ ခန့် သည် ကလုံးထာရွာမှ ကားတစ်စီးကို အဓမ္မချောဆွဲကာ လမ်းတစ်ဝက် ခန့်အထိ လိုက်ပို့ခိုင်းခဲ့ပြီး သစ်ကတိုးကျေးရွာကို ခြေလျင်ဆက်သွားသည့် အချိန်တွင် ယခုကဲ့သို့ မိုင်းဆွဲခံရခြင်း ဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။

မည်သည့်အဖွဲ့အစည်းက မိုင်းဆွဲတိုက်ခိုက်ကြောင်း လက်ရှိအချိန်အထိမသိရသေးပေ။

သို့သော် နံနက်ပိုင်းတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၂ဦး ပြင်းထန်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြသည်။

ညနေပိုင်းတွင် ထပ်မံဖြစ်ပွားခဲ့သည့် မိုင်းဆွဲတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်မှုအခြေအနေများကို သတင်းနှင့်မီဒီ ယာကွန်ရက် သတင်းဌာနအနေဖြင့် သီးခြား အတည်ပြုချက် မရရှိသေးပေ။

*** ZAWGYI ***
ေရျဖဴၿမိဳ႕နယ္အတြင္း စစ္ေကာင္စီတပ္ဖြဲ႕မ်ား တစ္ရက္အတြင္း ႏွစ္ႀကိမ္ မိုင္းဆြဲတိုက္ခိုက္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၄ ရက္။

ထားဝယ္ခ႐ိုင္ ေရျဖဴၿမိဳ႕နယ္တြင္ ႏိုဝင္ဘာလ ၃ ရက္ေန႔ တစ္ရက္တည္းတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ႏွစ္ႀကိမ္ မိုင္းဆြဲ တိုက္ခိုက္ခံရသည္။

နိဝင္ဘာ ၃ ရက္ နံနက္ ၆ နာရီအခ်ိန္ခန႔္က သစ္ကတိုးေက်း႐ြာမွ ေျမးခႏၲီေက်း႐ြာကို သြားသည့္ စစ္ေကာင္စီ တပ္ သားမ်ား မိုင္းဆြဲတိုက္ခိုက္ခံရၿပီး ငါးဦးေသဆုံးခဲ့သည့္အျပင္ ညေန ၃ နာရီခြဲ အခ်ိန္ခန႔္တြင္ ကလုံးထာေက်း႐ြာမွ သစ္ကတိုးေက်း႐ြာကို စစ္ကူလိုက္သြားသည့္ စစ္ေကာင္စီတပ္သားမ်ားပါ ေနာက္တစ္ႀကိမ္ ထပ္မံ မိုင္းဆြဲ တိုက္ ခိုက္ခံရျခင္းျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

အသက္၃၀ခန႔္အ႐ြယ္ ႐ြာသားတစ္ဦးက “ညေန သုံးနာရီခြဲဝန္းက်င္အခ်ိန္ေလာက္ အုန္းကနဲ ေပါက္ကြဲသံ အက်ယ္ႀကီး ၃ ခ်က္ၾကားရတယ္။ ရွမ္းလမ္းလို႔ေခၚတဲ့ ထီးခီးနယ္စပ္နဲ႔ ထားဝယ္ အထူးစီးပြားေရးဇုန္စီမံကိန္း ဆက္သြယ္ထားတဲ့ လမ္းေပၚမွာ မိုင္းဆြဲခံရတာ” ဟု ေျပာသည္။

စစ္ေကာင္စီတပ္သား အေယာက္ ၂၀ ခန႔္ သည္ ကလုံးထာ႐ြာမွ ကားတစ္စီးကို အဓမၼေခ်ာဆြဲကာ လမ္းတစ္ဝက္ ခန႔္အထိ လိုက္ပို႔ခိုင္းခဲ့ၿပီး သစ္ကတိုးေက်း႐ြာကို ေျခလ်င္ဆက္သြားသည့္ အခ်ိန္တြင္ ယခုကဲ့သို႔ မိုင္းဆြဲခံရျခင္း ျဖစ္သည္ဟု ေဒသခံ႐ြာသားမ်ားက ေျပာသည္။

မည္သည့္အဖြဲ႕အစည္းက မိုင္းဆြဲတိုက္ခိုက္ေၾကာင္း လက္ရွိအခ်ိန္အထိမသိရေသးေပ။

သို႔ေသာ္ နံနက္ပိုင္းတိုက္ခိုက္ခံရမႈတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၅ ဦးေသဆုံးၿပီး ၂ဦး ျပင္းထန္ဒဏ္ရာမ်ား အသီးသီး ရရွိခဲ့ၾကသည္။

ညေနပိုင္းတြင္ ထပ္မံျဖစ္ပြားခဲ့သည့္ မိုင္းဆြဲတိုက္ခိုက္ခံရမႈအတြင္း ထိခိုက္မႈအေျခအေနမ်ားကို သတင္းႏွင့္မီဒီ ယာကြန္ရက္ သတင္းဌာနအေနျဖင့္ သီးျခား အတည္ျပဳခ်က္ မရရွိေသးေပ။