Mytel အဆင့်မြင့် အရာရှိ တစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။
MyTel ကုမ္ပဏီ၏ ဘဏ္ဍာရေးအရာရှိချုပ်ဆိုသူ နိုဝင်ဘာလ ၄ ရက်နေ့၊ နံနက် ၇ နာရီခွဲဝန်းကျင်က ဇနီးနှင့် အတူ နေအိမ်မှထွက်လာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသဖြင့် သေဆုံးသွားသည်ဟု စုံစမ်းသိရရှိရသည်။
သေဆုံးသူ ဦးသိန်းအောင်သည် တပ်မတော်ရေတွင် ဗိုလ်မှူးရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့သည့် စစ်မှုထမ်း ဟောင်းတစ်ဦးဖြစ်ပြီး MyTel ကုမ္ပဏီ စတင်တည်ထောင်စဉ်ကတည်းက ဘဏ္ဍာရေးအရာရှိချုပ် အဖြစ် တာဝန် ထမ်းဆောင်နေသူလည်း ဖြစ်သည်။
“သူ့မိန်းမနဲ့ မနက်လမ်းလျှောက်ထွက်လာတုန်း လာပစ်သွားတယ်လို့ ကြားတယ်။ သူကတော့ ပွဲချင်းပြီးပဲ။ သူ့ မိန်းမကိုတော့ ဆေးရုံခေါ်သွား ကြတယ်” ဟု ၇ မိုင်အနီးရှိ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် ဦးသိန်းအောင်သည် သေနတ်ဒဏ်ရာ ၄ ချက်ရရှိကာ အခင်းဖြစ်သည့် နေရာတွင် ပင် သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ဇနီးမှာလည်း သေနတ်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်ဟု အထက်ပါ အမျိုးသားက ပြောသည်။
မြန်မာစစ်တပ်ပိုင် ဆက်သွယ်ရေးကုမ္ပဏီ MyTel က ဘဏ္ဍာရေး အရာရှိချုပ် သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခံခဲ့ရ သည့်ကိစ္စနှင့် ပတ်သက်၍လည်း စစ်ကောင်စီ၏ ပြန်ကြားရေးက အတည်ပြုပြောဆိုထားသည်။
သို့သော်မည်သည့်အဖွဲ့အစည်း၊ မည်သူမည်ဝါက လုပ်ကြံပစ်သတ်သွားသည်ကို အတိအကျ မသိရှိရသေးပေ။
ဦးသိန်းအောင်သည် DSA စစ်တက္ကသိုလ် အပတ်စဉ် (၂၈) ဆင်းဖြစ်ပြီး ရေတပ်တွင် ဗိုလ်မှူးရာထူးအထိ တာဝန် ထမ်းဆောင်ခဲ့ကာ လက်ရှိ စစ်ကောင်စီပိုင် Mytel ကုမ္ပဏီတွင် ငွေကြေးဆိုင်ရာ အရာရှိ အဖြစ် လုပ်ကိုင်နေသူ လည်းဖြစ်သည်။
မြန်မာနိုင်ငံ၏ လေးခုမြောက် ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် Mytel ကုမ္ပဏီသည် မြန်မာစစ်တပ်၏ စီးပွားရေး လုပ်ငန်းတခုဖြစ်ပြီး နိုင်ငံတစ်ဝန်းမှ PDF တပ်များက ၎င်းကုမ္ပဏီပိုင် ဖုန်းတာဝါတိုင်များကို ဖောက်ခွဲ ဖျက်ဆီးမှုများ ဆက်တိုက် ကြုံနေရခြင်းဖြစ်သည်။
သို့သော်ယခုကဲ့သို့ ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် တစ်ဦး အသတ်ခံရခြင်းသည် ပထမဆုံး ပစ်သတ်ခံရခြင်း ဖြစ်သည်။
Mytel ကုမ္ပဏီ၏ ဘဏ္ဍာရေးအရာရှိချုပ် ဦးသိန်းအောင် ထိုကဲ့သို့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ တပ် ဖွဲ့ဝင်များ ရောက်ရှိလာကာ အခင်းဖြစ်ပွားခဲ့သည့် တေးနုယဉ်လမ်းနှင့် ၇ မိုင်ဝန်းကျင် တစ်လျှောက် ပိတ်ဆို့ စစ် ဆေးမှုများပြုလုပ်ခဲ့သည်ဟု အနီးအနားနေထိုင်သူများက ဆိုသည်။
*** ZAWGYI ***
Mytel အဆင့္ျမင့္ အရာရွိ တစ္ဦး ပစ္သတ္ခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၄ ရက္။
MyTel ကုမၸဏီ၏ ဘ႑ာေရးအရာရွိခ်ဳပ္ဆိုသူ ႏိုဝင္ဘာလ ၄ ရက္ေန႔၊ နံနက္ ၇ နာရီခြဲဝန္းက်င္က ဇနီးႏွင့္ အတူ ေနအိမ္မွထြက္လာစဥ္ ေသနတ္ျဖင့္ ပစ္ခတ္ခံခဲ့ရသျဖင့္ ေသဆုံးသြားသည္ဟု စုံစမ္းသိရရွိရသည္။
ေသဆုံးသူ ဦးသိန္းေအာင္သည္ တပ္မေတာ္ေရတြင္ ဗိုလ္မႉးရာထူးအထိ တာဝန္ထမ္းေဆာင္ခဲ့သည့္ စစ္မႈထမ္း ေဟာင္းတစ္ဦးျဖစ္ၿပီး MyTel ကုမၸဏီ စတင္တည္ေထာင္စဥ္ကတည္းက ဘ႑ာေရးအရာရွိခ်ဳပ္ အျဖစ္ တာဝန္ ထမ္းေဆာင္ေနသူလည္း ျဖစ္သည္။
“သူ႔မိန္းမနဲ႔ မနက္လမ္းေလွ်ာက္ထြက္လာတုန္း လာပစ္သြားတယ္လို႔ ၾကားတယ္။ သူကေတာ့ ပြဲခ်င္းၿပီးပဲ။ သူ႔ မိန္းမကိုေတာ့ ေဆး႐ုံေခၚသြား ၾကတယ္” ဟု ၇ မိုင္အနီးရွိ ကုမၸဏီတစ္ခုတြင္ အလုပ္လုပ္ကိုင္ေနသည့္ အသက္ ၃၀ ဝန္းက်င္အ႐ြယ္ အမ်ိဳးသားတစ္ဦးက ေျပာသည္။
ေသနတ္ျဖင့္ပစ္ခတ္ခံရသျဖင့္ ဦးသိန္းေအာင္သည္ ေသနတ္ဒဏ္ရာ ၄ ခ်က္ရရွိကာ အခင္းျဖစ္သည့္ ေနရာတြင္ ပင္ ေသဆုံးသြားခဲ့ျခင္းျဖစ္ၿပီး ၎၏ဇနီးမွာလည္း ေသနတ္ဒဏ္ရာ အျပင္းအထန္ရရွိခဲ့သည္ဟု အထက္ပါ အမ်ိဳးသားက ေျပာသည္။
ျမန္မာစစ္တပ္ပိုင္ ဆက္သြယ္ေရးကုမၸဏီ MyTel က ဘ႑ာေရး အရာရွိခ်ဳပ္ ေသနတ္ျဖင့္ ပစ္ခတ္ လုပ္ႀကံခံခဲ့ရ သည့္ကိစၥႏွင့္ ပတ္သက္၍လည္း စစ္ေကာင္စီ၏ ျပန္ၾကားေရးက အတည္ျပဳေျပာဆိုထားသည္။
သို႔ေသာ္မည္သည့္အဖြဲ႕အစည္း၊ မည္သူမည္ဝါက လုပ္ႀကံပစ္သတ္သြားသည္ကို အတိအက် မသိရွိရေသးေပ။
ဦးသိန္းေအာင္သည္ DSA စစ္တကၠသိုလ္ အပတ္စဥ္ (၂၈) ဆင္းျဖစ္ၿပီး ေရတပ္တြင္ ဗိုလ္မႉးရာထူးအထိ တာဝန္ ထမ္းေဆာင္ခဲ့ကာ လက္ရွိ စစ္ေကာင္စီပိုင္ Mytel ကုမၸဏီတြင္ ေငြေၾကးဆိုင္ရာ အရာရွိ အျဖစ္ လုပ္ကိုင္ေနသူ လည္းျဖစ္သည္။
ျမန္မာႏိုင္ငံ၏ ေလးခုေျမာက္ ဆက္သြယ္ေရး ေအာ္ပေရတာျဖစ္သည့္ Mytel ကုမၸဏီသည္ ျမန္မာစစ္တပ္၏ စီးပြားေရး လုပ္ငန္းတခုျဖစ္ၿပီး ႏိုင္ငံတစ္ဝန္းမွ PDF တပ္မ်ားက ၎ကုမၸဏီပိုင္ ဖုန္းတာဝါတိုင္မ်ားကို ေဖာက္ခြဲ ဖ်က္ဆီးမႈမ်ား ဆက္တိုက္ ႀကဳံေနရျခင္းျဖစ္သည္။
သို႔ေသာ္ယခုကဲ့သို႔ ကုမၸဏီ၏ အမႈေဆာင္အရာရွိခ်ဳပ္ တစ္ဦး အသတ္ခံရျခင္းသည္ ပထမဆုံး ပစ္သတ္ခံရျခင္း ျဖစ္သည္။
Mytel ကုမၸဏီ၏ ဘ႑ာေရးအရာရွိခ်ဳပ္ ဦးသိန္းေအာင္ ထိုကဲ့သို႔ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီးေနာက္ စစ္ေကာင္စီ တပ္ ဖြဲ႕ဝင္မ်ား ေရာက္ရွိလာကာ အခင္းျဖစ္ပြားခဲ့သည့္ ေတးႏုယဥ္လမ္းႏွင့္ ၇ မိုင္ဝန္းက်င္ တစ္ေလွ်ာက္ ပိတ္ဆို႔ စစ္ ေဆးမႈမ်ားျပဳလုပ္ခဲ့သည္ဟု အနီးအနားေနထိုင္သူမ်ားက ဆိုသည္။