ရေးမြို့တွင် စစ်ကောင်စီ ထောက်တိုင် ဆိုသူ တစ်ဦး သေနတ်ပစ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။

မွန်ပြည်နယ်၊ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က ရေးမြို့နေ အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသည်။

အာဏာသိမ်း စစ်ကောင်စီ၏ ထောက်တိုင်အဖြစ် ရပ်တည်နေသည့်အတွက် ယခုကဲ့သို့ ပစ်ခတ်ခဲ့ရခြင်းဖြစ်သည် ဟုလည်း ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ရေးမြို့၊ အောင်သုခရပ်ကွက်နေ ကိုဇော်ဝင်းဆိုသူသည် နိုဝင်ဘာ ၄ ရက်နေ့ နံနက် ၉ နာရီခွဲဝန်းကျင်အချိန်ခန့်က နေအိမ်တွင်ရှိနေစဥ် သေနတ်သမားများက သေနတ်ဖြင့် လာရောက် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

“ခြေထောက်မှာ ထိသွားတယ်လို့ သိရတယ်။ ဒဏ်ရာရပြီးတော့ မော်လမြိုင်ကို ပို့လိုက်တယ်။ အဲ့လိုပဲ ကြားတယ် သေချာတော့ မသိဘူး” ဟု ရေးမြို့ ဒေသခံတစ်ဦးက ပြောသည်။

ကိုဇော်ဝင်းသည် သေနတ်ဒဏ်ရာများရရှိပြီး မော်လမြိုင်ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံများက ပြောသည်။

ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီနှင့် ဆက်သွယ် အလုပ်အကျွေးပြုနေသော ဒလံများ၊ သတင်းပေး များ၊ ပျူစောထီးများနှင့် အခြားသော စစ်ကောင်စီ၏ လက်ပါးစေမှန်သမျှကိုလည်း အမှန်တရားဘက် အမြန် ဆုံး ရပ်တည်ကြရန် အသိပေးထုတ်ပြန်ထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း၌ သေနတ်သမားများ၏ ပစ်ခတ်မှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားလာခဲ့ပြီး လူသေဆုံးမှုများလည်း ရှိနေသည်။

အထူးသဖြင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူများ၊ နိုင်ငံရေးပါတီဝင် များ ပစ်သတ်ခံနေရခြင်းဖြစ်သည်။

*** ZAWGYI ***

ေရးၿမိဳ႕တြင္ စစ္ေကာင္စီ ေထာက္တိုင္ ဆိုသူ တစ္ဦး ေသနတ္ပစ္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၄ ရက္။

မြန္ျပည္နယ္၊ ျပည္သူ႔ ကာကြယ္ေရး တပ္ဖြဲ႕က ေရးၿမိဳ႕ေန အမ်ိဳးသားတစ္ဦးကို ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာဆိုသည္။

အာဏာသိမ္း စစ္ေကာင္စီ၏ ေထာက္တိုင္အျဖစ္ ရပ္တည္ေနသည့္အတြက္ ယခုကဲ့သို႔ ပစ္ခတ္ခဲ့ရျခင္းျဖစ္သည္ ဟုလည္း ေရးၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။

ေရးၿမိဳ႕၊ ေအာင္သုခရပ္ကြက္ေန ကိုေဇာ္ဝင္းဆိုသူသည္ ႏိုဝင္ဘာ ၄ ရက္ေန႔ နံနက္ ၉ နာရီခြဲဝန္းက်င္အခ်ိန္ခန႔္က ေနအိမ္တြင္ရွိေနစဥ္ ေသနတ္သမားမ်ားက ေသနတ္ျဖင့္ လာေရာက္ ပစ္ခတ္သြားခဲ့ျခင္းျဖစ္သည္။

“ေျခေထာက္မွာ ထိသြားတယ္လို႔ သိရတယ္။ ဒဏ္ရာရၿပီးေတာ့ ေမာ္လၿမိဳင္ကို ပို႔လိုက္တယ္။ အဲ့လိုပဲ ၾကား တယ္ ေသခ်ာေတာ့ မသိဘူး” ဟု ေရးၿမိဳ႕ ေဒသခံတစ္ဦးက ေျပာသည္။

ကိုေဇာ္ဝင္းသည္ ေသနတ္ဒဏ္ရာမ်ားရရွိၿပီး ေမာ္လၿမိဳင္ေဆး႐ုံသို႔ ပို႔ေဆာင္ ေဆးကုသမႈ ခံယူေနရသည္ဟု ေဒသခံမ်ားက ေျပာသည္။

ေရးၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က ေရးၿမိဳ႕နယ္အတြင္းရွိ စစ္ေကာင္စီႏွင့္ ဆက္သြယ္ အလုပ္အေကြၽးျပဳေနေသာ ဒလံမ်ား၊ သတင္းေပး မ်ား၊ ပ်ဴေစာထီးမ်ားႏွင့္ အျခားေသာ စစ္ေကာင္စီ၏ လက္ပါးေစမွန္သမွ်ကိုလည္း အမွန္တရားဘက္ အျမန္ ဆုံး ရပ္တည္ၾကရန္ အသိေပးထုတ္ျပန္ထားသည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း မြန္ျပည္နယ္အတြင္း၌ ေသနတ္သမားမ်ား၏ ပစ္ခတ္မႈျဖစ္စဥ္မ်ား ဆက္တိုက္ျဖစ္ပြားလာခဲ့ၿပီး လူေသဆုံးမႈမ်ားလည္း ရွိေနသည္။

အထူးသျဖင့္ ရပ္ေက်းအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ား၊ စစ္တပ္သတင္းေပးဟု သတ္မွတ္ခံရသူမ်ား၊ ႏိုင္ငံေရးပါတီဝင္ မ်ား ပစ္သတ္ခံေနရျခင္းျဖစ္သည္။