စစ်ကောင်စီ တပ်ဖွဲ့များ လက်ချက်ကြောင့် အောက်တိုဘာအတွင်း အရပ်သား ၇၉ ဦး သေဆုံး။ ၂၇ ဦး ဓါးစာခံ အဖြစ် ဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၇၉ ဦး သေဆုံးခဲ့ရ သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာလဆန်းပိုင်းတွင် သတင်း ထုတ်ပြန် ခဲ့သည်။

AAPP က ကောက်ယူရရှိခဲ့သည့် စာရင်းများအရ သေဆုံးသူများထဲတွင် စစ်ကောင်စီ၏ ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့သူ ၁၇ ဦးရှိပြီး၊ အမျိုးသမီး ၆ ဦးနှင့် အသက်မပြည့်သေးသည့် ကလေးသူငယ် ၃ ဦး ပါဝင်သည်ဟု နိုဝင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်ထားသည့် AAPP ၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းဖော်ပြထားသည်။

ထိုသို့သေဆုံးသွားသူများအနက် အောက်တိုဘာလ ၂၅ ရက်နေ့ညက တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာ က NLD အဖွဲ့ဝင် လူငယ် ကိုမင်းမင်းသူလည်း ပါဝင်သည်။

“လိုင်းပေါ်မတင်ဖို့ အရာရှိ တစ်ယောက်က ခြိမ်းခြောက်ထားတော့ မိသားစုတွေက ကြောက်နေကြတယ်။ အလောင်း ပြန်မရလာဘဲ ရွာပြန်ခဲ့ကြရတယ်” ဟု သေဆုံးသူနှင့် ဆွေမျိုးတော် စပ်သူတစ်ဦးက အောက်တိုဘာ လ ၂၈ ရက်နေ့က သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနကို ပြောသည်။

အသက် ၂၆ နှစ်အရွယ်၊ ကိုမင်းမင်းသူကို တနင်္သာရီမြို့နယ်က စရဖရုံးဝန်းအတွင်း စရဖဗိုလ်ကြီး မင်းဆွေဦး၏ ကား ဗုံးဖောက်ခွဲခံရမှုနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းရန် ရှိသည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးသွားခြင်း ဖြစ်ပြီး ထို့နောက် စစ်ကြောရေးတွင် သေဆုံးသွားခြင်း ဖြစ်သည်ဟု မိသားစုဝင်တစ်ဦး က ပြောသည်။

သေဆုံးမှုများအပြင် စစ်ကောင်စီ၏ တရားလက်လွတ် ဖမ်းဆီးမှုများကြောင့် တစ်လအတွင်းဖမ်းဆီးခံရသူ ၃၁၉ ဦးရှိပြီး ထိုအထဲတွင် အမျိုးသမီးနှင့် ကလေးသူငယ် ၈၉ ဦး၊ ဓားစာခံအဖြစ် ဖမ်းဆီးခံရသူ ၂၇ ဦးပါဝင်သည်ဟု AAPP ၏ ထုတ်ပြန် ချက်အရ သိရသည်။

ထိုသို့ ဖမ်းဆီးခံရသူများအနက် အောက်တိုဘာ ၂၈ ရက်နေ့ ညကလည်း မြောင်းမြမြို့ တဘက်ကမ်း ကွယ်လွယ် ကျေးရွာရှိ ပရဟိ တလုပ်နေသူ ပန်းချီဆရာ ကိုဟိန်းဇော်အောင်လည်း ပါဝင်သည်။

“အိမ်တံခါးကို ကန်ကျောက် ဖွင့်သံကြားတယ်။ သေနတ်မောင်းတွေကို “ဗြောင်း”ကနဲ ဆွဲတင်ပြီး ဟိုချိန်ဒီချိန် လုပ်ပြီးဖမ်းတာ။ ခွေးတောင် ဟောင်ပြီး ထွက်ပြေးတယ်” ဟု ကွယ်လွယ်ကျေးရွာနေ ရွာသားတစ်ဦး က ပြော သည်။

စစ်ကောင်စီက အောက်တိုဘာလ ၁၈ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသား ၅၆၀၀ ကျော်ကို လွှတ်ပေးမည်ဟု ကြေညာခဲ့သော်လည်း အမှန်တကယ် လွတ်မြောက်လာသူမှာ ၄၀၀၀ ကျော်သာရှိပြီး ပြန်လည်ဖမ်း ဆီးခံရသူ ၁၂၀ ကျော်ရှိကြောင်း သိရသည်။

စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက် ၉ လ ကျော်ကြာသည် အထိ အရပ်သားပြည်သူ ၁၂၃၆ ဦးသေဆုံးခဲ့ပြီး ၉၆၀၀ ကျော်ဖမ်းဆီးခံ ထားရကြောင်း ကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်သည်။

စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ထိခိုက်သေကြေစေသည်အထိ အင်အားသုံး နှိမ်နင်းမှုများကို မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ တာဝန်ရှိသူများက အပြင်းအထန် ရှုတ်ချကြောင်း ထုတ်ပြန်မှုများ လည်း ရှိ သည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု ၈ လကျော်လာချိန်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်လှုပ်ရှားမှုများ၊ လက်နက်ကိုင် ခုခံတိုက်ခိုက်မှုများနှင့်အတူ ထိခိုက်သေဆုံးမှု အရည်အတွက်များလည်း ဆက်လက်ထွက်ပေါ်နေ သည်။

အထူးသဖြင့် စစ်ကောင်စီတပ်များသည့် PDF များကို သာမက တောတောင်များထဲကို ထွက်ပြေးနေကြရသည့် စစ်ဘေးရှောင်များကိုပါ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူများ သေဆုံး မှု မြင့်တက်လာရခြင်းဖြစ်သည်။

*** ZAWGYI ***
စစ္ေကာင္စီ တပ္ဖြဲ႕မ်ား လက္ခ်က္ေၾကာင့္ ေအာက္တိုဘာအတြင္း အရပ္သား ၇၉ ဦး ေသဆုံး။ ၂၇ ဦး ဓါးစာခံ အျဖစ္ ဖမ္းဆီးခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၄ ရက္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ လက္ခ်က္ျဖင့္ ေအာက္တိုဘာလအတြင္း အရပ္သားျပည္သူ ၇၉ ဦး ေသဆုံးခဲ့ရ သည္ဟု ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) က ႏိုဝင္ဘာလဆန္းပိုင္းတြင္ သတင္း ထုတ္ျပန္ ခဲ့သည္။

AAPP က ေကာက္ယူရရွိခဲ့သည့္ စာရင္းမ်ားအရ ေသဆုံးသူမ်ားထဲတြင္ စစ္ေကာင္စီ၏ ညႇင္းပန္းႏွိပ္စက္မႈေၾကာင့္ ေသဆုံးခဲ့သူ ၁၇ ဦးရွိၿပီး၊ အမ်ိဳးသမီး ၆ ဦးႏွင့္ အသက္မျပည့္ေသးသည့္ ကေလးသူငယ္ ၃ ဦး ပါဝင္သည္ဟု ႏိုဝင္ဘာလ ၃ ရက္ေန႔က ထုတ္ျပန္ထားသည့္ AAPP ၏ ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္းေဖာ္ျပထားသည္။

ထိုသို႔ေသဆုံးသြားသူမ်ားအနက္ ေအာက္တိုဘာလ ၂၅ ရက္ေန႔ညက တနသၤာရီၿမိဳ႕နယ္၊ အေရွ႕ေမာ္တုန္းေက်း႐ြာ က NLD အဖြဲ႕ဝင္ လူငယ္ ကိုမင္းမင္းသူလည္း ပါဝင္သည္။

“လိုင္းေပၚမတင္ဖို႔ အရာရွိ တစ္ေယာက္က ၿခိမ္းေျခာက္ထားေတာ့ မိသားစုေတြက ေၾကာက္ေနၾကတယ္။ အေလာင္း ျပန္မရလာဘဲ ႐ြာျပန္ခဲ့ၾကရတယ္” ဟု ေသဆုံးသူႏွင့္ ေဆြမ်ိဳးေတာ္ စပ္သူတစ္ဦးက ေအာက္တိုဘာ လ ၂၈ ရက္ေန႔က သတင္းႏွင့္မီဒီယာကြန္ရက္ သတင္းဌာနကို ေျပာသည္။

အသက္ ၂၆ ႏွစ္အ႐ြယ္၊ ကိုမင္းမင္းသူကို တနသၤာရီၿမိဳ႕နယ္က စရဖ႐ုံးဝန္းအတြင္း စရဖဗိုလ္ႀကီး မင္းေဆြဦး၏ ကား ဗုံးေဖာက္ခြဲခံရမႈႏွင့္ ပတ္သက္၍ စစ္ေဆးေမးျမန္းရန္ ရွိသည္ဟုဆိုကာ စစ္ေကာင္စီက ဖမ္းဆီးသြားျခင္း ျဖစ္ၿပီး ထို႔ေနာက္ စစ္ေၾကာေရးတြင္ ေသဆုံးသြားျခင္း ျဖစ္သည္ဟု မိသားစုဝင္တစ္ဦး က ေျပာသည္။

ေသဆုံးမႈမ်ားအျပင္ စစ္ေကာင္စီ၏ တရားလက္လြတ္ ဖမ္းဆီးမႈမ်ားေၾကာင့္ တစ္လအတြင္းဖမ္းဆီးခံရသူ ၃၁၉ ဦးရွိၿပီး ထိုအထဲတြင္ အမ်ိဳးသမီးႏွင့္ ကေလးသူငယ္ ၈၉ ဦး၊ ဓားစာခံအျဖစ္ ဖမ္းဆီးခံရသူ ၂၇ ဦးပါဝင္သည္ဟု AAPP ၏ ထုတ္ျပန္ ခ်က္အရ သိရသည္။

ထိုသို႔ ဖမ္းဆီးခံရသူမ်ားအနက္ ေအာက္တိုဘာ ၂၈ ရက္ေန႔ ညကလည္း ေျမာင္းျမၿမိဳ႕ တဘက္ကမ္း ကြယ္လြယ္ ေက်း႐ြာရွိ ပရဟိ တလုပ္ေနသူ ပန္းခ်ီဆရာ ကိုဟိန္းေဇာ္ေအာင္လည္း ပါဝင္သည္။

“အိမ္တံခါးကို ကန္ေက်ာက္ ဖြင့္သံၾကားတယ္။ ေသနတ္ေမာင္းေတြကို “ေျဗာင္း”ကနဲ ဆြဲတင္ၿပီး ဟိုခ်ိန္ဒီခ်ိန္ လုပ္ၿပီးဖမ္းတာ။ ေခြးေတာင္ ေဟာင္ၿပီး ထြက္ေျပးတယ္” ဟု ကြယ္လြယ္ေက်း႐ြာေန ႐ြာသားတစ္ဦး က ေျပာ သည္။

စစ္ေကာင္စီက ေအာက္တိုဘာလ ၁၈ ရက္ေန႔တြင္ ႏိုင္ငံေရးအက်ဥ္းသား ၅၆၀၀ ေက်ာ္ကို လႊတ္ေပးမည္ဟု ေၾကညာခဲ့ေသာ္လည္း အမွန္တကယ္ လြတ္ေျမာက္လာသူမွာ ၄၀၀၀ ေက်ာ္သာရွိၿပီး ျပန္လည္ဖမ္း ဆီးခံရသူ ၁၂၀ ေက်ာ္ရွိေၾကာင္း သိရသည္။

စစ္ေကာင္စီက အာဏာသိမ္းယူၿပီးေနာက္ ၉ လ ေက်ာ္ၾကာသည္ အထိ အရပ္သားျပည္သူ ၁၂၃၆ ဦးေသဆုံးခဲ့ၿပီး ၉၆၀၀ ေက်ာ္ဖမ္းဆီးခံ ထားရေၾကာင္း က်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) က ထုတ္ျပန္သည္။

စစ္ေကာင္စီ၏ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားႏွင့္ ထိခိုက္ေသေၾကေစသည္အထိ အင္အားသုံး ႏွိမ္နင္းမႈမ်ားကို ျမန္မာႏိုင္ငံ အေျခစိုက္ ကုလသမဂၢ တာဝန္ရွိသူမ်ားက အျပင္းအထန္ ရႈတ္ခ်ေၾကာင္း ထုတ္ျပန္မႈမ်ား လည္း ရွိ သည္။

ျမန္မာႏိုင္ငံတြင္ စစ္တပ္အာဏာသိမ္းမႈ ၈ လေက်ာ္လာခ်ိန္တြင္ စစ္အာဏာရွင္စနစ္ ဆန႔္က်င္လႈပ္ရွားမႈမ်ား၊ လက္နက္ကိုင္ ခုခံတိုက္ခိုက္မႈမ်ားႏွင့္အတူ ထိခိုက္ေသဆုံးမႈ အရည္အတြက္မ်ားလည္း ဆက္လက္ထြက္ေပၚေန သည္။

အထူးသျဖင့္ စစ္ေကာင္စီတပ္မ်ားသည့္ PDF မ်ားကို သာမက ေတာေတာင္မ်ားထဲကို ထြက္ေျပးေနၾကရသည့္ စစ္ေဘးေရွာင္မ်ားကိုပါ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္သတ္ျဖတ္မႈေၾကာင့္ ျပည္သူမ်ား ေသဆုံး မႈ ျမင့္တက္လာရျခင္းျဖစ္သည္။