တောင်ဒဂုံ အထက ၆ မီးပုလင်းဖြင့် ပစ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။
အာဏာဖီဆန်မှု မလုပ်သည့် (Non CDM) ဆရာ၊ ဆရာမများရှိနေသည့် တောင်ဒဂုံမြို့နယ်ထဲက အမှတ် ၆ အခြေခံပညာ အထက်တန်းကျောင်း မီးပုလင်းဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု ရပ်ကွက်နေထိုင်သူများက ပြောသည်။
အမှတ်-၆ အခြေခံ ပညာအထက်တန်းကျောင်းသည် တောင်ဒဂုံမြို့နယ် ၅၄ ရပ်ကွက်တွင် တည်ရှိပြီး နိုဝင်ဘာလ ၃ ရက်နေ့ ညနေပိုင်းက မီးပုလင်းဖြင့် ပစ်ခတ်ခံရသည်ဟု ၅၄ ရပ်ကွက်အတွင်း နေထိုင်သူများက ပြော သည်။
၅၄ ရပ်ကွက်အတွင်း နေထိုင်သူ အသက် ၂၀ နှစ်အရွယ် လူငယ်တစ်ဦးက “ညနေ ၄ နာရီလောက်က လာပစ်သွား တာ။ Non CDM ဆရာမ တွေကိုသတိပေးတဲ့အနေနဲ့ ကျောင်းဝင်ပေါက်ကိုပဲ ပစ်တာ လူထိခိုက်တာတွေ တခြား ပစ္စည်းတွေမီးလောင်တာမျိုးတော့မရှိဘူး” ဟု ပြောသည်။
အဆိုပါကျောင်းတွင် Non CDM ဆရာ၊ ဆရာမများရှိနေသည့်အပြင် ကျောင်းတက်နေသည့် ကျောင်းသား/ သူ အချို့ရှိနေသဖြင့် သတိပေးခြင်း ဖြစ်နိုင်သည်ဟု ၅၄ ရပ်ကွက်အတွင်းနေထိုင်သူများက ဆိုသည်။
လက်ရှိတွင် အမှတ်-၆ အခြေခံပညာ အထက်တန်းကျောင်းတွင် Non CDM ဆရာ/ဆရာမ အထက်တန်းပြ ၁၄ ဦး နှင့် အလယ်တန်းပြ ၁၆ ဦး စုစုပေါင်း အယောက် ၃၀ ခန့်ရှိနေသည်ဟု သိရသည်။
တောင်ဒဂုံမြို့နယ် ၅၃၊ ၅၄၊ ၅၆ ရပ်ကွက်များသည် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များပြုလုပ်ခဲ့စဉ်က စစ် ကောင်စီ၏ အကြမ်းဖက်ဖြိုခွဲမှုကို စနစ်တကျခုခံခဲ့သည့် ရပ်ကွက်များဖြစ်ပြီး လက်နက်ကြီးများ အသုံးပြု ကာ ဖြိုခွင်းခဲ့ရသည်အထိ တွေ့ကြုံခဲ့ရသည်။
တောင်ဒဂုံတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည့် ကျောင်းသား၊ ကျောင်းသူများရှိခဲ့ပြီး ယခု စစ်ကောင်စီမှ ပြန်လည်ဖွင့်လှစ်သည့် ကျောင်းများကို တက်ရောက်နေသည်မှာ မဖြစ်သင့်ဘူးဟု ရပ်ကွက်နေ ပြည်သူများ က ပြောသည်။
*** ZAWGYI ***
ေတာင္ဒဂုံ အထက ၆ မီးပုလင္းျဖင့္ ပစ္ခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၄ ရက္။
အာဏာဖီဆန္မႈ မလုပ္သည့္ (Non CDM) ဆရာ၊ ဆရာမမ်ားရွိေနသည့္ ေတာင္ဒဂုံၿမိဳ႕နယ္ထဲက အမွတ္ ၆ အေျခခံပညာ အထက္တန္းေက်ာင္း မီးပုလင္းျဖင့္ ပစ္ခတ္ခံခဲ့ရသည္ဟု ရပ္ကြက္ေနထိုင္သူမ်ားက ေျပာသည္။
အမွတ္-၆ အေျခခံ ပညာအထက္တန္းေက်ာင္းသည္ ေတာင္ဒဂုံၿမိဳ႕နယ္ ၅၄ ရပ္ကြက္တြင္ တည္ရွိၿပီး ႏို၀င္ဘာလ ၃ ရက္ေန႔ ညေနပိုင္းက မီးပုလင္းျဖင့္ ပစ္ခတ္ခံရသည္ဟု ၅၄ ရပ္ကြက္အတြင္း ေနထိုင္သူမ်ားက ေျပာ သည္။
၅၄ ရပ္ကြက္အတြင္း ေနထိုင္သူ အသက္ ၂၀ ႏွစ္အ႐ြယ္ လူငယ္တစ္ဦးက “ညေန ၄ နာရီေလာက္က လာပစ္သြား တာ။ Non CDM ဆရာမ ေတြကိုသတိေပးတဲ့အေနနဲ႔ ေက်ာင္းဝင္ေပါက္ကိုပဲ ပစ္တာ လူထိခိုက္တာေတြ တျခား ပစၥည္းေတြမီးေလာင္တာမ်ိဳးေတာ့မရွိဘူး” ဟု ေျပာသည္။
အဆိုပါေက်ာင္းတြင္ Non CDM ဆရာ၊ ဆရာမမ်ားရွိေနသည့္အျပင္ ေက်ာင္းတက္ေနသည့္ ေက်ာင္းသား/ သူ အခ်ိဳ႕ရွိေနသျဖင့္ သတိေပးျခင္း ျဖစ္ႏိုင္သည္ဟု ၅၄ ရပ္ကြက္အတြင္းေနထိုင္သူမ်ားက ဆိုသည္။
လက္ရွိတြင္ အမွတ္-၆ အေျခခံပညာ အထက္တန္းေက်ာင္းတြင္ Non CDM ဆရာ/ဆရာမ အထက္တန္းျပ ၁၄ ဦး ႏွင့္ အလယ္တန္းျပ ၁၆ ဦး စုစုေပါင္း အေယာက္ ၃၀ ခန႔္ရွိေနသည္ဟု သိရသည္။
ေတာင္ဒဂုံၿမိဳ႕နယ္ ၅၃၊ ၅၄၊ ၅၆ ရပ္ကြက္မ်ားသည္ စစ္အာဏာရွင္ ဆန႔္က်င္ေရး သပိတ္မ်ားျပဳလုပ္ခဲ့စဥ္က စစ္ ေကာင္စီ၏ အၾကမ္းဖက္ၿဖိဳခြဲမႈကို စနစ္တက်ခုခံခဲ့သည့္ ရပ္ကြက္မ်ားျဖစ္ၿပီး လက္နက္ႀကီးမ်ား အသုံးျပဳ ကာ ၿဖိဳခြင္းခဲ့ရသည္အထိ ေတြ႕ႀကဳံခဲ့ရသည္။
ေတာင္ဒဂုံတြင္ စစ္ေကာင္စီ၏ ပစ္ခတ္မႈေၾကာင့္ ေသဆုံးသြားခဲ့သည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားရွိခဲ့ၿပီး ယခု စစ္ေကာင္စီမွ ျပန္လည္ဖြင့္လွစ္သည့္ ေက်ာင္းမ်ားကို တက္ေရာက္ေနသည္မွာ မျဖစ္သင့္ဘူးဟု ရပ္ကြက္ေန ျပည္သူမ်ား က ေျပာသည္။