ဖျားပုံတွင် စစ်မှုထမ်းဟောင်း တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်။

ဧရာဝတီတိုင်း၊ ဖျာပုံမြို့ အတွင်း စစ်မှုထမ်းဟောင်း တစ်ဦး နိုဝင်ဘာ ၄ ရက်နေ့က ပစ်သတ်ခံလိုက်ရသည်။

ဖျာပုံမြို့ ၁၅ ရက်ကွက်တွင် နေထိုင်သူ စစ်မှုထမ်းဟောင်း ဦးလူမင်းသည် အိမ်မှအထွက်တွင် အမည်မသိ သေနတ်သမားက ပစ်ခတ်သွားခြင်း ဖြစ်သည် ဟု ရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။

“၁၅ ရပ်ကွက်ရုံးကိုသွားဖို့ အိမ်ကအထွက် လမ်းပေါ်မှာ အပစ်ခံရတာ။ သေနတ်သံလည်း မကြားရဘူးလို့ သူ့ မိသားစု ပြောတယ်” ဟု သေခံတစ်ဦး က ပြောသည်။

လမ်းပေါ်တွင် လဲကျသွားပြီး ဦးခေါင်းမှ သွေးများထွက်လာသည့်အခါမှ သေနတ်ဖြင့် ပစ်ခတ်သွားသည်ကို သိရ သည်ဟု မျက်မြင်တွေ့ရှိသူ အချို့က ပြောသည်။

စစ်မှုထမ်းဟောင်း ဦးမလူမင်း အသက် ၅၀ နှစ်သည် သေနတ်ပစ်ခတ်ခံရသည့်နေရာတွင်ပင် ပွဲခြင်းပြီး သေသွား သည်ဟု သိရသည်။

ဦးလူမင်းသည် နေ့စဉ် စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ဧည့်စာရင်းစစ်ခြင်းနှင့် မသင်္ကာသူများ ဖမ်းဆီးသည့် ကိစ္စများတွင်ပါဝင်ခဲ့ပြီး ၎င်း၏ သတင်းပေးမှုကြောင့် အဖမ်းခံထားရသူများရှိနေသည်ဟု ဒေသခံ အချို့ကပြော သည်။

“စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ဖျာပုံမြို့မှာ စစ်တပ်၊ ရဲ သတင်းပေး ဒလန်ပစ်သတ်ခံရတာ ၂ ဦးအထိ ရှိလာပြီ” ဟု ဖျာပုံမြို့ခံ ဦးသိန်းဝင်း ကပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် သုတ်သင် ရှင်းလင်းခံရသည့် စစ်ကောင်စီ သတင်းပေးများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ နှင့် ပျူ စောထီးများ ပါဝင်ခဲ့ပြီး ယခုနောက်ပိုင်း စစ်မှုထမ်းဟောင်းများပါ ပါဝင်လာခြင်းဖြစ်သည်။

ထို့အပြင် အောက်တိုဘာလ နောက်ဆုံးပါတ်အတွင်းက မအူပင်မြို့မှ စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့၏ အမာခံ သတင်း ပေး စစ်မှုထမ်းဟောင်း တစ်ဦး ပစ်သတ်ခံခဲ့ရသည်။

ဧရာဝတီတိုင်းအတွင်း ဦးလူမင်းသည် ဒုတိယမြောက်ပစ်သတ်ခံလိုက်ရသည့် စစ်မှုထမ်းဟောင်း တစ်ဦး ဖြစ် သည်။

*** ZAWGYI ***
ဖ်ားပုံတြင္ စစ္မႈထမ္းေဟာင္း တစ္ဦး ပစ္သတ္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၅ ရက္။

ဧရာဝတီတိုင္း၊ ဖ်ာပုံၿမိဳ႕ အတြင္း စစ္မႈထမ္းေဟာင္း တစ္ဦး ႏိုဝင္ဘာ ၄ ရက္ေန႔က ပစ္သတ္ခံလိုက္ရသည္။

ဖ်ာပုံၿမိဳ႕ ၁၅ ရက္ကြက္တြင္ ေနထိုင္သူ စစ္မႈထမ္းေဟာင္း ဦးလူမင္းသည္ အိမ္မွအထြက္တြင္ အမည္မသိ ေသနတ္သမားက ပစ္ခတ္သြားျခင္း ျဖစ္သည္ ဟု ရပ္ကြက္အတြင္း ေနထိုင္သူမ်ားက ေျပာသည္။

“၁၅ ရပ္ကြက္႐ုံးကိုသြားဖို႔ အိမ္ကအထြက္ လမ္းေပၚမွာ အပစ္ခံရတာ။ ေသနတ္သံလည္း မၾကားရဘူးလို႔ သူ႔ မိသားစု ေျပာတယ္” ဟု ေသခံတစ္ဦး က ေျပာသည္။

လမ္းေပၚတြင္ လဲက်သြားၿပီး ဦးေခါင္းမွ ေသြးမ်ားထြက္လာသည့္အခါမွ ေသနတ္ျဖင့္ ပစ္ခတ္သြားသည္ကို သိရ သည္ဟု မ်က္ျမင္ေတြ႕ရွိသူ အခ်ိဳ႕က ေျပာသည္။

စစ္မႈထမ္းေဟာင္း ဦးမလူမင္း အသက္ ၅၀ ႏွစ္သည္ ေသနတ္ပစ္ခတ္ခံရသည့္ေနရာတြင္ပင္ ပြဲျခင္းၿပီး ေသသြား သည္ဟု သိရသည္။

ဦးလူမင္းသည္ ေန႔စဥ္ စစ္သားမ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္အတူ ဧည့္စာရင္းစစ္ျခင္းႏွင့္ မသကၤာသူမ်ား ဖမ္းဆီးသည့္ ကိစၥမ်ားတြင္ပါဝင္ခဲ့ၿပီး ၎၏ သတင္းေပးမႈေၾကာင့္ အဖမ္းခံထားရသူမ်ားရွိေနသည္ဟု ေဒသခံ အခ်ိဳ႕ကေျပာ သည္။

“စစ္တပ္ အာဏာသိမ္းၿပီးတဲ့ေနာက္ ဖ်ာပုံၿမိဳ႕မွာ စစ္တပ္၊ ရဲ သတင္းေပး ဒလန္ပစ္သတ္ခံရတာ ၂ ဦးအထိ ရွိလာၿပီ” ဟု ဖ်ာပုံၿမိဳ႕ခံ ဦးသိန္းဝင္း ကေျပာသည္။

ဧရာဝတီတိုင္းအတြင္းရွိ ၿမိဳ႕နယ္အမ်ားစုတြင္ သုတ္သင္ ရွင္းလင္းခံရသည့္ စစ္ေကာင္စီ သတင္းေပးမ်ားတြင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီဝင္မ်ား၊ စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉးမ်ား၊ ရာအိမ္မႉးမ်ား ႏွင့္ ပ်ဴ ေစာထီးမ်ား ပါဝင္ခဲ့ၿပီး ယခုေနာက္ပိုင္း စစ္မႈထမ္းေဟာင္းမ်ားပါ ပါဝင္လာျခင္းျဖစ္သည္။

ထို႔အျပင္ ေအာက္တိုဘာလ ေနာက္ဆုံးပါတ္အတြင္းက မအူပင္ၿမိဳ႕မွ စစ္ေကာင္စီႏွင့္ ရဲတပ္ဖြဲ႕၏ အမာခံ သတင္း ေပး စစ္မႈထမ္းေဟာင္း တစ္ဦး ပစ္သတ္ခံခဲ့ရသည္။

ဧရာဝတီတိုင္းအတြင္း ဦးလူမင္းသည္ ဒုတိယေျမာက္ပစ္သတ္ခံလိုက္ရသည့္ စစ္မႈထမ္းေဟာင္း တစ္ဦး ျဖစ္ သည္။