မုံးကိုး စစ်ရှောင်များအတွက် စောင်နှင့် အနွေးထည်များ လိုအပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်။
ဆောင်းဝင်လာ ပြီဖြစ်သောကြောင့် တရုတ်-မြန်မာ နယ်စပ် မုံးကိုးမြို့နယ်အတွင်းက စစ်ရှောင် ၇၀၀ ကျော်အတွက် အနွေးထည်နှင့် စောင်များ အရေးပေါ် လိုအပ်နေသည်ဟု စစ်ရှောင်များနှင့် စစ်ရှောင်များ အား ကူညီပေးနေသူများက ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းနှစ်ကျောင်း၊ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ တရုတ်ဘာသာရေး အဆောက်အဦနှင့် တောင်ယာများတွင် ခိုလှုံနေကြသည့် စစ်ရှောင်များအတွက် လိုအပ်နေခြင်း ဖြစ်သည်ဟု စစ်ရှောင်တစ်ဦးက ပြောသည်။
“အခုက လိုအပ်တာကို ပြောရမယ်ဆိုရင် အဓိက စောင်တွေလိုတယ်၊ ပြီးတော့ အနွေးထည်လိုတယ်။ စစ်ရှောင် တွေက အိမ်ပြန်လို့မရသေးဘူးဆိုတော့။ တောင်ယာတွေမှာ သွားအိပ်နေတဲ့လူတွေလည်း အများကြီးရှိတယ်။ အမျိုးတွေအိမ်မှာ သွားနေတဲ့လူတွေလည်း ရှိသေးတယ်။ အားလုံးက အခုဆို ဆောင်းတွင်းဝင်လာပြီဆိုတော့ အကုန်လုံးက လိုအပ်နေတာပဲ။ ဒီမှာက အေးလည်းအရမ်းအေးတယ်။ တခြား လိုအပ်တာကတော့ အစားအစာ ပေါ့ ရိက္ခာလည်း လိုတာပဲ” ဟု မုံးကိုး လီဆူဘုရားကျောင်းဝန်းအတွင်း စစ်ရှောင်နေရသည့် စစ်ရှောင်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်များနှင့် ကိုးကန့်တပ်မတော် MNDAA တို့အကြား မုံးကိုးဒေသအတွင်း နိုဝင်ဘာလ ပထမ အပတ်ထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်ကလည်း စစ်အင်အားတိုးချဲ့မှုများ ဆက်တိုက် လုပ်ဆောင်နေသည်ဟု The Kokang သတင်းနှင့်ပြန်ကြားရေး၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် စစ်ရှောင်များနေရပ်ပြန်ရေးမှာ ယနေ့အချိန်ထိ မဖြစ်နိုင်သေးဟုလည်း စစ်ရှောင်များက ပြော သည်။
စစ်ရှောင်များအား အကူအညီပေးနေသူ လူငယ်တစ်ဦး က “ဟို ၃ ရက်နေ့ကဆို တနေ့လုံး ပစ်ခတ်သံတွေကြား နေရတာ။ စစ်ရှောင်တွေလည်း စိုးရိမ်တာတော့ စိုးရိမ်တာ ပေါ့။ တခြားကို ထပ်ပြေးရမှာလား အဲ့လိုမျိုးပေါ့။ ဒါ ပေမယ့် ဒီလိုပဲ ဒီဘက်မှာက တိုက်ပွဲကဖြစ်တယ်၊ ပြီးရင် ပြန်ရပ်သွားတယ် အဲ့လိုဖြစ်နေတာ ကြာပြီနော်။ ဘယ်သူမှလည်း အိမ်မပြန်ရဲကြဘူး။ စစ်ရှောင်စခန်းမှာ အများနဲ့နေ တော့လည်း အခက်အခဲကလည်း ရှိတယ်။ ဒီလိုပဲ နေရတယ်။ တချို့က တောင်ယာမှာ သွားအိပ်တာတွေလည်း များတယ်။ တချို့ကတော့ အမျိုးတွေအိမ် မှာ နေကြတယ်။ လိုအပ်တာတွေက အများကြီးပါပဲ။ လောလောဆယ် တော့ ဒီဆောင်းတွင်းဆိုတော့လေ စောင်တွေက တော့ လူတိုင်းအတွက် လိုအပ်တယ်” ဟု ပြောသည်။
ယခုအခက်အခဲများနှင့် ရင်ဆိုင်နေရသည့် မုံးကိုးဒေသက စစ်ရှောင်များသည် ဩဂုတ်လကတည်းက ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်မတော်(MNDAA) တို့အကြားက တိုက်ပွဲများကြောင့် ထွက်ပြေးနေကြရ သည့် စစ်ရှောင်များ ဖြစ်သည်။
နိုဝင်ဘာလ ၂ ရက်နေ့ကလည်း လားရှိုး နှင့် သိန္နိလမ်းကြားရှိ နာချန်ဒေသ မြောက်ဖက်တွင် စစ်ရေးလှုပ်ရှားနေ သည့် စစ်ကောင်စီတပ်များနှင့် MNDAA ကိုးကန့်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထို့အပြင် မုံးကိုးဒေသနှင့် ဖောင်းဆိုင်ဒေသတို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်စွာ ဖြစ်ပွားနေပြီး မုံးကိုးမှ ဖောင်းဆိုင်ဖက်သို့ စစ်ကူရန် ချီတက်လာသည့် စစ်ကောင်စီ၏ ယာဉ်တန်းများကို နိုဝင်ဘာလ ပထမအပတ် အတွင်း ကြားဖြတ်တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့သည်ဟု MNDAA က ထုတ်ပြန်ထားသည်။
*** ZAWGYI ***
မုံးကိုး စစ္ေရွာင္မ်ားအတြက္ ေစာင္ႏွင့္ အေႏြးထည္မ်ား လိုအပ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၅ ရက္။
ေဆာင္းဝင္လာ ၿပီျဖစ္ေသာေၾကာင့္ တ႐ုတ္-ျမန္မာ နယ္စပ္ မုံးကိုးၿမိဳ႕နယ္အတြင္းက စစ္ေရွာင္ ၇၀၀ ေက်ာ္အတြက္ အေႏြးထည္ႏွင့္ ေစာင္မ်ား အေရးေပၚ လိုအပ္ေနသည္ဟု စစ္ေရွာင္မ်ားႏွင့္ စစ္ေရွာင္မ်ား အား ကူညီေပးေနသူမ်ားက ေျပာသည္။
ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ မူဆယ္ခ႐ိုင္၊ မုံးကိုးၿမိဳ႕ရွိ ခရစ္ယာန္ဘုရားေက်ာင္းႏွစ္ေက်ာင္း၊ ဘုန္းႀကီးေက်ာင္း တစ္ေက်ာင္း၊ တ႐ုတ္ဘာသာေရး အေဆာက္အဦႏွင့္ ေတာင္ယာမ်ားတြင္ ခိုလႈံေနၾကသည့္ စစ္ေရွာင္မ်ားအတြက္ လိုအပ္ေနျခင္း ျဖစ္သည္ဟု စစ္ေရွာင္တစ္ဦးက ေျပာသည္။
“အခုက လိုအပ္တာကို ေျပာရမယ္ဆိုရင္ အဓိက ေစာင္ေတြလိုတယ္၊ ၿပီးေတာ့ အေႏြးထည္လိုတယ္။ စစ္ေရွာင္ ေတြက အိမ္ျပန္လို႔မရေသးဘူးဆိုေတာ့။ ေတာင္ယာေတြမွာ သြားအိပ္ေနတဲ့လူေတြလည္း အမ်ားႀကီးရွိတယ္။ အမ်ိဳးေတြအိမ္မွာ သြားေနတဲ့လူေတြလည္း ရွိေသးတယ္။ အားလုံးက အခုဆို ေဆာင္းတြင္းဝင္လာၿပီဆိုေတာ့ အကုန္လုံးက လိုအပ္ေနတာပဲ။ ဒီမွာက ေအးလည္းအရမ္းေအးတယ္။ တျခား လိုအပ္တာကေတာ့ အစားအစာ ေပါ့ ရိကၡာလည္း လိုတာပဲ” ဟု မုံးကိုး လီဆူဘုရားေက်ာင္းဝန္းအတြင္း စစ္ေရွာင္ေနရသည့္ စစ္ေရွာင္တစ္ဦးက ေျပာသည္။
စစ္ေကာင္စီတပ္မ်ားႏွင့္ ကိုးကန႔္တပ္မေတာ္ MNDAA တို႔အၾကား မုံးကိုးေဒသအတြင္း ႏိုဝင္ဘာလ ပထမ အပတ္ထိ တိုက္ပြဲမ်ား ဆက္တိုက္ျဖစ္ပြားေနၿပီး စစ္ေကာင္စီဘက္ကလည္း စစ္အင္အားတိုးခ်ဲ႕မႈမ်ား ဆက္တိုက္ လုပ္ေဆာင္ေနသည္ဟု The Kokang သတင္းႏွင့္ျပန္ၾကားေရး၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ေၾကာင့္ စစ္ေရွာင္မ်ားေနရပ္ျပန္ေရးမွာ ယေန႔အခ်ိန္ထိ မျဖစ္ႏိုင္ေသးဟုလည္း စစ္ေရွာင္မ်ားက ေျပာ သည္။
စစ္ေရွာင္မ်ားအား အကူအညီေပးေနသူ လူငယ္တစ္ဦး က “ဟို ၃ ရက္ေန႔ကဆို တေန႔လုံး ပစ္ခတ္သံေတြၾကား ေနရတာ။ စစ္ေရွာင္ေတြလည္း စိုးရိမ္တာေတာ့ စိုးရိမ္တာ ေပါ့။ တျခားကို ထပ္ေျပးရမွာလား အဲ့လိုမ်ိဳးေပါ့။ ဒါ ေပမယ့္ ဒီလိုပဲ ဒီဘက္မွာက တိုက္ပြဲကျဖစ္တယ္၊ ၿပီးရင္ ျပန္ရပ္သြားတယ္ အဲ့လိုျဖစ္ေနတာ ၾကာၿပီေနာ္။ ဘယ္သူမွလည္း အိမ္မျပန္ရဲၾကဘူး။ စစ္ေရွာင္စခန္းမွာ အမ်ားနဲ႔ေန ေတာ့လည္း အခက္အခဲကလည္း ရွိတယ္။ ဒီလိုပဲ ေနရတယ္။ တခ်ိဳ႕က ေတာင္ယာမွာ သြားအိပ္တာေတြလည္း မ်ားတယ္။ တခ်ိဳ႕ကေတာ့ အမ်ိဳးေတြအိမ္ မွာ ေနၾကတယ္။ လိုအပ္တာေတြက အမ်ားႀကီးပါပဲ။ ေလာေလာဆယ္ ေတာ့ ဒီေဆာင္းတြင္းဆိုေတာ့ေလ ေစာင္ေတြက ေတာ့ လူတိုင္းအတြက္ လိုအပ္တယ္” ဟု ေျပာသည္။
ယခုအခက္အခဲမ်ားႏွင့္ ရင္ဆိုင္ေနရသည့္ မုံးကိုးေဒသက စစ္ေရွာင္မ်ားသည္ ဩဂုတ္လကတည္းက ျဖစ္ပြားေနသည့္ စစ္ေကာင္စီတပ္ႏွင့္ ကိုးကန႔္တပ္မေတာ္(MNDAA) တို႔အၾကားက တိုက္ပြဲမ်ားေၾကာင့္ ထြက္ေျပးေနၾကရ သည့္ စစ္ေရွာင္မ်ား ျဖစ္သည္။
ႏိုဝင္ဘာလ ၂ ရက္ေန႔ကလည္း လားရႈိး ႏွင့္ သိႏၷိလမ္းၾကားရွိ နာခ်န္ေဒသ ေျမာက္ဖက္တြင္ စစ္ေရးလႈပ္ရွားေန သည့္ စစ္ေကာင္စီတပ္မ်ားႏွင့္ MNDAA ကိုးကန႔္တပ္တို႔အၾကား တိုက္ပြဲျဖစ္ပြားခဲ့သည္။
ထို႔အျပင္ မုံးကိုးေဒသႏွင့္ ေဖာင္းဆိုင္ေဒသတို႔တြင္ တိုက္ပြဲမ်ား ဆက္လက္ျပင္းထန္စြာ ျဖစ္ပြားေနၿပီး မုံးကိုးမွ ေဖာင္းဆိုင္ဖက္သို႔ စစ္ကူရန္ ခ်ီတက္လာသည့္ စစ္ေကာင္စီ၏ ယာဥ္တန္းမ်ားကို ႏိုဝင္ဘာလ ပထမအပတ္ အတြင္း ၾကားျဖတ္တိုက္ခိုက္ ဖ်က္ဆီးႏိုင္ခဲ့သည္ဟု MNDAA က ထုတ္ျပန္ထားသည္။