အရပ်ဘက် အိမ်ယာ မီးရှို့သူများကို အရေးယူရန် PPST တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်။

ချင်းပြည်နယ် ထန်တလန်မြို့ အပါအဝင် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ နေအိမ်များကို မီးရှို့ခဲ့သည့် ကျူးလွန် သူများကို ပြင်းထန်စွာ အရေးယူပေးရန် NCA အပစ်ရပ် အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က တောင်းဆိုလိုက်သည်။

နိုဝင်ဘာလ ၄ ရက်မှ ၅ ရက်အထိ နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးအပြီးတွင် တောင်းဆိုထားခြင်းဖြစ်သည်။

PPST ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးဝင်းက “ဒါကတော့ လက်နက်ကိုင် ပဋိပက္ခမှာကတော့ ဒါမျိုးတွေတော့ ဖြစ်နေ ကျပဲ ပုံစံမျိုးနဲ့တော့ လျစ်လျူရှု့ထားလို့တော့ မရဘူးလေ။ အဲဒီအနေအထားအပေါ်မှာ မူတည်ပြီးတော့မှ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှာ ဒါမျိုးတွေ အလားတူ ထပ်မဖြစ်ဖို့အတွက်တော့ ကျနော်တို့ တိုင်းပြည်အတွက် အင်မ တန်မှ အရေးကြီးတာကိုး အရေးယူဆိုင်ရာ မူဝါဒ ဘယ်လို အခြေခံမျိုးနဲ့ဆိုတော့ အဖြစ်မှန်ဖော်ထုတ်ပြီး ပြီဆို တော့ စည်းမျဉ်းစည်းကမ်းအတိုင်းတော့ ကျနော်ဆောင်ရွက်ကြရမှာပေါ့။ ဘယ်လိုပုံစံမျိုးအရေးယူရ မလဲဆို တာက ကျနော်တို့ သက်ဆိုင်ရာ အဖွဲ့အစည်းတိုင်းမှာတော့ စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်လေနော။ အဲ့ဒီ အတိုင်းပဲ အရေးယူရမှာပေါ့” ဟုပြောသည်။

PPST ၏ အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲတွင်လည်း အထူးသဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက် နေ့တွင် ဖြစ်ပွားခဲ့သည့် ချင်းပြည်နယ် ထန်တလန်မြို့ ကိစ္စအပါအဝင် စစ်ကိုင်းတိုင်း ၊ မကွေးတိုင်းနှင့် ကရင်နီ ဒေသများတွင် စစ်ကောင်စီက ပြည်သူလူထု၏ အိုးအိမ်များ၊ ဘာသာရေး၊ အဆောက်အုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုများအပေါ် ပြင်းထန်စွာ ရှုတ်ချသည်။ ကျူးလွန်သူများကို ပြင်းထန်စွာ အရေးယူပေးရန်တောင်းဆို သည်ဟု ထည့်သွင်းထားသည်။

ထို့အပြင် ပဋိပက္ခဖြစ်ပွားရာ ဒေသအသီးသီးရှိ စစ်ဘေးရှောင် ပြည်သူများအတွက် လုံခြုံရေးအပါအဝင် လူသားချင်းစာနာမှု အထောက်အကူများ အမြန်ဆုံး ရရှိနိုင်ရေးအတွက် PPST အနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားမည်ဟု ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။

ဦးမျိုးဝင်းက “စစ်ဘေးရှောင်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ ရေးရာကိစ္စတွေ ဖြစ်ဖြစ် ကျနော်တို့ စားဝတ်နေရေး အခက်အခဲ ကျန်းမာရေး အခက်အခဲပဲဖြစ်ဖြစ်ပေါ့နော် ကိုဗစ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဆက်စပ်ဖြစ်လာတဲ့ ရောဂါနဲ့ ပတ်သက်တာပဲဖြစ်ဖြစ် ကျနော်တို့ နိုင်ငံတကာ အကူအညီတွေနဲ့ အဖွဲ့အစည်းတွေနဲ့ မိတ်ဖက် အဖွဲ့ အစည်းတွေနဲ့ ဆက်စပ်ပြီးတော့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ အခြေအနေတွေဟာရှိခဲ့တာပေါ့နော်။ ပြီးခဲ့တဲ့ကာ လတုန်းကရော အခုလည်းပဲ အခုလက်ရှိဖြစ်စဉ်မှာ အဲ့ဒါအပြင် တတိုင်းပြည်လုံးမှာရှိနေတဲ့ စစ်ဘေးရှောင်တွေ ဟာ ပုံသဏ္ဍာန်မျိုးစုံနဲ့ ရှိနေတဲ့ အနေအထားအပေါ်မူတည်ပြီးတော့ လုပ်သွားဖို့အတွက်ကို မျှော်မှန်းပြီးမှ ကျနော်တို့ ဆုံးဖြတ်ချက်ချတာပေါ့နော်” ဟု ပြောသည်။

လက်ရှိတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး တော်တော်များများတွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေး တပ် များအကြား တိုက်ပွဲဖြစ်ပွား နေသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်ကောင်စီတို့လည်း တိုက်ပွဲများဖြစ်ပွားနေသည့် အတွက် ပြည်သူများမှာ စစ်ဘေးရှောင်နေကြရပြီး အခက်အခဲ မျိုးစုံနှင့် ရင်ဆိုင်နေ ကြရသည်ဟု သိရသည်။

NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ် ငန်းစဉ် ဦးဆောင်အဖွဲ့ PPST တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ ကရင်အမျိုးသား အစည်းအ ရုံး KNU၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ချင်းအမျိုးသား တပ်ဦး CNF၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချူပ် PNLO၊ ရခိုင်ပြည် လွတ် မြောက်ရေးပါတီ ALP၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုး ပြုတပ်မတော် DKBA၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ပါဝင်သည်။

အဆိုပါ လက်နက်ကိုင်များထဲမှ ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF တို့နှင့် စစ် ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။

*** ZAWGYI ***
အရပ္ဘက္ အိမ္ယာ မီးရႈိ႕သူမ်ားကို အေရးယူရန္ PPST ေတာင္းဆို

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၅ ရက္။

ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕ အပါအဝင္ တိုင္းႏွင့္ျပည္နယ္ အသီးသီးရွိ ေနအိမ္မ်ားကို မီးရႈိ႕ခဲ့သည့္ က်ဴးလြန္ သူမ်ားကို ျပင္းထန္စြာ အေရးယူေပးရန္ NCA အပစ္ရပ္ အဖြဲ႕မ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ PPST က ေတာင္းဆိုလိုက္သည္။

ႏိုဝင္ဘာလ ၄ ရက္မွ ၅ ရက္အထိ ႏွစ္ရက္တာ က်င္းပျပဳလုပ္ခဲ့သည့္ NCA အပစ္ရပ္အဖြဲ႕မ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ PPST အစည္းအေဝးအၿပီးတြင္ ေတာင္းဆိုထားျခင္းျဖစ္သည္။

PPST ေျပာေရးဆိုခြင့္ရွိသူ ဦးမ်ိဳးဝင္းက “ဒါကေတာ့ လက္နက္ကိုင္ ပဋိပကၡမွာကေတာ့ ဒါမ်ိဳးေတြေတာ့ ျဖစ္ေန က်ပဲ ပုံစံမ်ိဳးနဲ႔ေတာ့ လ်စ္လ်ဴရႈ႕ထားလို႔ေတာ့ မရဘူးေလ။ အဲဒီအေနအထားအေပၚမွာ မူတည္ၿပီးေတာ့မွ ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့မွာ ဒါမ်ိဳးေတြ အလားတူ ထပ္မျဖစ္ဖို႔အတြက္ေတာ့ က်ေနာ္တို႔ တိုင္းျပည္အတြက္ အင္မ တန္မွ အေရးႀကီးတာကိုး အေရးယူဆိုင္ရာ မူဝါဒ ဘယ္လို အေျခခံမ်ိဳးနဲ႔ဆိုေတာ့ အျဖစ္မွန္ေဖာ္ထုတ္ၿပီး ၿပီဆို ေတာ့ စည္းမ်ဥ္းစည္းကမ္းအတိုင္းေတာ့ က်ေနာ္ေဆာင္႐ြက္ၾကရမွာေပါ့။ ဘယ္လိုပုံစံမ်ိဳးအေရးယူရ မလဲဆို တာက က်ေနာ္တို႔ သက္ဆိုင္ရာ အဖြဲ႕အစည္းတိုင္းမွာေတာ့ စည္းမ်ဥ္းစည္းကမ္းေတြ ရွိတယ္ေလေနာ။ အဲ့ဒီ အတိုင္းပဲ အေရးယူရမွာေပါ့” ဟုေျပာသည္။

PPST ၏ အစည္းအေဝးအၿပီး ထုတ္ျပန္ခ်က္ထဲတြင္လည္း အထူးသျဖင့္ ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလ ၂၉ ရက္ ေန႔တြင္ ျဖစ္ပြားခဲ့သည့္ ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕ ကိစၥအပါအဝင္ စစ္ကိုင္းတိုင္း ၊ မေကြးတိုင္းႏွင့္ ကရင္နီ ေဒသမ်ားတြင္ စစ္ေကာင္စီက ျပည္သူလူထု၏ အိုးအိမ္မ်ား၊ ဘာသာေရး၊ အေဆာက္အုံမ်ားကို ပစ္မွတ္ထား တိုက္ခိုက္မႈမ်ားအေပၚ ျပင္းထန္စြာ ရႈတ္ခ်သည္။ က်ဴးလြန္သူမ်ားကို ျပင္းထန္စြာ အေရးယူေပးရန္ေတာင္းဆို သည္ဟု ထည့္သြင္းထားသည္။

ထို႔အျပင္ ပဋိပကၡျဖစ္ပြားရာ ေဒသအသီးသီးရွိ စစ္ေဘးေရွာင္ ျပည္သူမ်ားအတြက္ လုံၿခဳံေရးအပါအဝင္ လူသားခ်င္းစာနာမႈ အေထာက္အကူမ်ား အျမန္ဆုံး ရရွိႏိုင္ေရးအတြက္ PPST အေနျဖင့္ ဝိုင္းဝန္းႀကိဳးပမ္း ေဆာင္႐ြက္ သြားမည္ဟု ထုတ္ျပန္ခ်က္ထဲတြင္ ေတြ႕ရသည္။

ဦးမ်ိဳးဝင္းက “စစ္ေဘးေရွာင္နဲ႔ ပတ္သက္တဲ့ ကိစၥေတြ၊ ေရးရာကိစၥေတြ ျဖစ္ျဖစ္ က်ေနာ္တို႔ စားဝတ္ေနေရး အခက္အခဲ က်န္းမာေရး အခက္အခဲပဲျဖစ္ျဖစ္ေပါ့ေနာ္ ကိုဗစ္ေၾကာင့္ ျဖစ္ေပၚလာတဲ့ ဆက္စပ္ျဖစ္လာတဲ့ ေရာဂါနဲ႔ ပတ္သက္တာပဲျဖစ္ျဖစ္ က်ေနာ္တို႔ ႏိုင္ငံတကာ အကူအညီေတြနဲ႔ အဖြဲ႕အစည္းေတြနဲ႔ မိတ္ဖက္ အဖြဲ႕ အစည္းေတြနဲ႔ ဆက္စပ္ၿပီးေတာ့ ကူညီေဆာင္႐ြက္ေပးခဲ့တဲ့ အေျခအေနေတြဟာရွိခဲ့တာေပါ့ေနာ္။ ၿပီးခဲ့တဲ့ကာ လတုန္းကေရာ အခုလည္းပဲ အခုလက္ရွိျဖစ္စဥ္မွာ အဲ့ဒါအျပင္ တတိုင္းျပည္လုံးမွာရွိေနတဲ့ စစ္ေဘးေရွာင္ေတြ ဟာ ပုံသ႑ာန္မ်ိဳးစုံနဲ႔ ရွိေနတဲ့ အေနအထားအေပၚမူတည္ၿပီးေတာ့ လုပ္သြားဖို႔အတြက္ကို ေမွ်ာ္မွန္းၿပီးမွ က်ေနာ္တို႔ ဆုံးျဖတ္ခ်က္ခ်တာေပါ့ေနာ္” ဟု ေျပာသည္။

လက္ရွိတြင္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး ေတာ္ေတာ္မ်ားမ်ားတြင္ စစ္ေကာင္စီႏွင့္ ျပည္သူ႔ကာကြယ္ေရး တပ္ မ်ားအၾကား တိုက္ပြဲျဖစ္ပြား ေနသကဲ့သို႔ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားႏွင့္ စစ္ေကာင္စီတို႔လည္း တိုက္ပြဲမ်ားျဖစ္ပြားေနသည့္ အတြက္ ျပည္သူမ်ားမွာ စစ္ေဘးေရွာင္ေနၾကရၿပီး အခက္အခဲ မ်ိဳးစုံႏွင့္ ရင္ဆိုင္ေန ၾကရသည္ဟု သိရသည္။

NCA အပစ္ရပ္ လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ ငန္းစဥ္ ဦးေဆာင္အဖြဲ႕ PPST တြင္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS၊ ကရင္အမ်ိဳးသား အစည္းအ ႐ုံး KNU၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္တစ္တပ္ဦး ABSDF၊ ခ်င္းအမ်ိဳးသား တပ္ဦး CNF၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNLA/PC၊ ပအို႔ဝ္အမ်ိဳးသား လြတ္ေျမာက္ေရး အဖြဲ႕ခ်ဴပ္ PNLO၊ ရခိုင္ျပည္ လြတ္ ေျမာက္ေရးပါတီ ALP၊ ကရင္အမ်ိဳးသား ဒီမိုေရစီအက်ိဳး ျပဳတပ္မေတာ္ DKBA၊ မြန္ျပည္သစ္ပါတီ NMSP ႏွင့္ လားဟူ ဒီမိုကရက္တစ္အစည္းအ႐ုံး LDU တို႔ ပါဝင္သည္။

အဆိုပါ လက္နက္ကိုင္မ်ားထဲမွ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU၊ ခ်င္းအမ်ိဳးသားတပ္ဦး CNF တို႔ႏွင့္ စစ္ ေကာင္စီတပ္တို႔အၾကား တိုက္ပြဲမ်ား ျဖစ္ပြားလွ်က္ရွိသည္။