ပြည်တွင်းပြည်ပ ညှိနှိုင်းရေးအတွက် အပစ်ရပ်အဖွဲ့များ ကော်မတီ တစ်ရပ်ဖွဲ့စည်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်သည့် သက်ဆိုင်ရာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းရန် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်သည်ဟု PPST က ပြောသည်။

နိုဝင်ဘာလ ၄ ရက်နေ့ မှ ၅ ရက်နေ့အထိ ၂ ရက်တာ ကျင်းပခဲ့ပြုလုပ်သည့် NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ အစည်းအဝေးတွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

PPST ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးဝင်းက “အခုလက်တလောတော့ ကျနော်တို့ ၉ ဦးကော်မတီပေါ့ အဲဒီ ကော်မတီ မှာလည်းပဲ ဒီ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ဖို့အတွက်တော့ ကော်မတီ တာဝန်ခံကို ကျနော်ကိုတော့ တာဝန် ပေး ထားတာ ရှိတာပေါ့နော်။ ကျန်တာကတော့ ကျနော်တို့ အဖွဲ့ဝင်တွေပေါ့ အဲမှာ ကျနော်တို့ ဆရာမ စောမြရာဇာ လင်းတို့ ကျနော်တို့ ကိုခွန်မြင့်ထွန်းတို့ ဒေါက်တာစိုင်းဦးတို့ စိုင်းလျန်းတို့ ဆရာမ မိစူးပွင့်တို့ နိုင်အောင်မငေးတို့ ပါ ကြတာပေါ့နော်။ အားလုံး ၉ ဦး ရှိပါတယ်လို့” ဟု ပြောသည်။

၂ ရက်တာ ကျင်းပပြုလုပ်သည့် PPST ၏ အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲတွင်လည်း ပြည်တွင်း ပြည်ပ ရှိ သက်ဆိုင်သူများနှင့် တွေ့ဆုံပြီး လက်ရှိနိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးနှင့် ဖက်ဒရယ် ပြည်ထောင် စုတည်ဆောက်ရေးဆိုင်ရာ သဘောထားများ စုစည်းနိုင်ရန် PPST ၏ ဆွေးနွေးညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်း လိုက်သည်ဟု ထည့်သွင်းထားသည်။

ဦးမျိုးဝင်းက “ကျနော်တို့ ပြည်ပအင်အားစုတွေလည်း ချိတ်ဆက်ပြီးတော့မှ နိုင်ငံတကာလည်း ချိတ်ဆက် ဆောင်ရွက်နေတဲ့အပိုင်းပေါ့။ ခုပြည်တွင်းနဲ့အပိုင်းမှ ပြည်တွင်းမှာရှိတဲ့ အင်အားစု Stakeholders တွေဆိုတာ ပြောမှတော့ သူအဆက်လိုက် သွားရမှပေါ့နော။ ပထမအဆင့်မှာတော့ ကျနော်တို့ နိုင်ငံရေး ပါတီတွေရယ် အရပ်ဖက်အဖွဲ့အစည်းတွေရယ်၊ ဘာသာရေး ခေါင်းဆောင်တွေရယ်၊ အဲဒါနဲ့ ပထမဦးဆုံး ကျနော်တို့ တွေဖို့အ တွက် ကျနော်တို့ ကြိုးပမ်းနေတာပေါ့။ ပြီးတော့မှ ကျန်တဲ့ အင်အားစုတွေပေါ့နော်။ ပြီးတော့ ကျနော်တို့ တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ လက်မှတ်ထိုးတာရော မထိုးတာရော အားလုံးပေါ့နော် ကျနော်တို့ တွေ့ပြီးတော့ အခု ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းရှာရမှာပေါ့ အမြင်သဘောထားကို ကျနော်တို့ ညှိကြရမှာပေါ့ အဲဒီဟာကို ဦးစားပေးဆောင်ရွက်ဖို့ တာဝန်ပေးတာဖြစ်ပါတယ်လို့” ဟု ပြောသည်။

ထို့အပြင် ကုလသမဂ္ဂမှ အသစ်ရွေးချယ်ခန့်အပ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေ ဇာ (Ms , Noeleen Heyzer) အား ကြိုဆိုပြီး တိုင်းပြည်တွင်း ကြုံတွေ့နေရသော အထွေထွေ အကျပ်အတည်း ဖြေရှင်းရေး ကိစ္စနှင့် ပတ်သက်သည့် ၎င်း၏ လုပ်ငန်းစဉ်များကို PPST က လက်တွဲ လုပ်ဆောင်သွားမည်ဖြစ် သည်ဟု ဆိုသည်။

အဆိုပါ ဆွေးနွေးညှိနှိုင်းရေး ကော်မတီသည် NCA အပစ်ရပ် ၆ နှစ်ပြည့်စဉ်က ထုတ်ပြန်ထားသည့် PPST ၏ နိုင်ငံ ရေး ရည်မှန်းချက် ၇ ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ် ဖွဲ့စည်းထားခြင်းဖြစ်ပြီး သက်ဆိုင် ရာ Stakeholders အားလုံးနှင့် ညှိနှိုင်းဆောင်ရွက်သွားရန်ရှိသည်ဟု PPST က ဆိုသည်။

PPST က NCA ၆ နှစ်ပြည့် က ထုတ်ပြတ်ထားသည့် နိုင်ငံရေး ရည်မှန်းချက် ၇ ချက်မှာ စစ်အာဏာသိမ်းယူပြီး နောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေး ခေါင်းဆောင်များအပါအဝင် ပုဂ္ဂိုလ်များအားလုံးကို ခြွင်းချက် မရှိ အမြန်ဆုံးလွှတ်ပေးပြီး နိုင်ငံရေး မတူညီမှုများအား အမြန်ဆုံး ဆွေးနွေးအဖြေရှာသွားရန်၊ အနာဂတ် နိုင်ငံရေး ဆွေးနွေးပွဲများတွင် သက်ဆိုင်သူများ အားလုံးပါဝင်ပြီး နိုင်ငံတကာ၏ ကူညီပံ့ပိုးမှုများနှင့် နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာသွားရန်၊ တိုင်းပြည် အာဏာကို အရပ်သား ကိုယ်စားလှယ်များ အုပ်ချုပ်မှုနှင့် ဒီမိုကရေစီ မူဘောင်အ တွင်း ဆောလျင်စွာ ပြန်လွှဲပြောင်းရေးကို ဝိုင်းဝန်း အဖြေရှာကြရန် တို့ဖြစ်သည်။

ထို့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ပြည်ထောင်စု မြန်မာနိုင်ငံ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးအတွက် တိုင်းပြည်၏ အခြေခံ အဆောက်အအုံ (Institutions) များကို ပြုပြင် ပြောင်းလဲမှုများ ( Reforms) ပြုလုပ်သွား ရန်၊ တိုင်းပြည်ရေရှည်တည်တံ့ရေး၊ တည်ငြိမ်ရေး၊ သာယာ၀ပြောရေးတို့ကို ရှေ့ရှုးပြီး လူထုကို ကာကွယ်မှုပေး သော လုံခြုံရေး စနစ်တည်ဆောက်သွားရန်၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ် ပေး ခြင်းနှင့် ပြည်သူလူထုများ၏ ဆုံးရှုံးနစ်နာမှုများအတွက် ဘ၀ပြန် လည်ထူထောင်ရေးနှင့်ပြန်လည်ကုစားရေး အစီအစဉ်များ ဆောင်ရွက်သွားရန်နှင့် ရေရှည်တည်ငြိမ် ငြိမ်းချမ်း သာယာ၀ပြော ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည် ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်သွားရန် စသည် အချက်တို့ဖြစ်သည်။

NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင် စီ RCSS၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF၊ ချင်းအမျိုးသား တပ်ဦး CNF၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချူပ် PNLO၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ ALP၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုး ပြုတပ်မတော် DKBA၊ မွန်ပြည်သစ်ပါ တီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ပါဝင်သည်။

*** ZAWGYI ***
ျပည္တြင္းျပည္ပ ညႇိႏႈိင္းေရးအတြက္ အပစ္ရပ္အဖြဲ႕မ်ား ေကာ္မတီ တစ္ရပ္ဖြဲ႕စည္း

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၅ ရက္။

ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္တြင္ ပါဝင္သည့္ သက္ဆိုင္ရာ ျပည္တြင္းျပည္ပ အဖြဲ႕အစည္းမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးညႇိႏႈိင္းရန္ ေကာ္မတီတစ္ရပ္ကို ဖြဲ႕စည္းလိုက္သည္ဟု PPST က ေျပာသည္။

ႏိုဝင္ဘာလ ၄ ရက္ေန႔ မွ ၅ ရက္ေန႔အထိ ၂ ရက္တာ က်င္းပခဲ့ျပဳလုပ္သည့္ NCA အပစ္ရပ္အဖြဲ႕မ်ား၏ ၿငိမ္းခ်မ္း ေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ PPST ၏ အစည္းအေဝးတြင္ ဖြဲ႕စည္းလိုက္ျခင္းျဖစ္သည္။

PPST ေျပာေရးဆိုခြင့္ရွိသူ ဦးမ်ိဳးဝင္းက “အခုလက္တေလာေတာ့ က်ေနာ္တို႔ ၉ ဦးေကာ္မတီေပါ့ အဲဒီ ေကာ္မတီ မွာလည္းပဲ ဒီ ဆက္သြယ္ညႇိႏႈိင္းေဆာင္႐ြက္ဖို႔အတြက္ေတာ့ ေကာ္မတီ တာဝန္ခံကို က်ေနာ္ကိုေတာ့ တာဝန္ ေပး ထားတာ ရွိတာေပါ့ေနာ္။ က်န္တာကေတာ့ က်ေနာ္တို႔ အဖြဲ႕ဝင္ေတြေပါ့ အဲမွာ က်ေနာ္တို႔ ဆရာမ ေစာျမရာဇာ လင္းတို႔ က်ေနာ္တို႔ ကိုခြန္ျမင့္ထြန္းတို႔ ေဒါက္တာစိုင္းဦးတို႔ စိုင္းလ်န္းတို႔ ဆရာမ မိစူးပြင့္တို႔ ႏိုင္ေအာင္မေငးတို႔ ပါ ၾကတာေပါ့ေနာ္။ အားလုံး ၉ ဦး ရွိပါတယ္လို႔” ဟု ေျပာသည္။

၂ ရက္တာ က်င္းပျပဳလုပ္သည့္ PPST ၏ အစည္းအေဝးအၿပီး ထုတ္ျပန္ခ်က္ထဲတြင္လည္း ျပည္တြင္း ျပည္ပ ရွိ သက္ဆိုင္သူမ်ားႏွင့္ ေတြ႕ဆုံၿပီး လက္ရွိႏိုင္ငံေရး အက်ပ္အတည္း ေျဖရွင္းေရးႏွင့္ ဖက္ဒရယ္ ျပည္ေထာင္ စုတည္ေဆာက္ေရးဆိုင္ရာ သေဘာထားမ်ား စုစည္းႏိုင္ရန္ PPST ၏ ေဆြးေႏြးညႇိႏႈိင္းေရး ေကာ္မတီကို ဖြဲ႕စည္း လိုက္သည္ဟု ထည့္သြင္းထားသည္။

ဦးမ်ိဳးဝင္းက “က်ေနာ္တို႔ ျပည္ပအင္အားစုေတြလည္း ခ်ိတ္ဆက္ၿပီးေတာ့မွ ႏိုင္ငံတကာလည္း ခ်ိတ္ဆက္ ေဆာင္႐ြက္ေနတဲ့အပိုင္းေပါ့။ ခုျပည္တြင္းနဲ႔အပိုင္းမွ ျပည္တြင္းမွာရွိတဲ့ အင္အားစု Stakeholders ေတြဆိုတာ ေျပာမွေတာ့ သူအဆက္လိုက္ သြားရမွေပါ့ေနာ။ ပထမအဆင့္မွာေတာ့ က်ေနာ္တို႔ ႏိုင္ငံေရး ပါတီေတြရယ္ အရပ္ဖက္အဖြဲ႕အစည္းေတြရယ္၊ ဘာသာေရး ေခါင္းေဆာင္ေတြရယ္၊ အဲဒါနဲ႔ ပထမဦးဆုံး က်ေနာ္တို႔ ေတြဖို႔အ တြက္ က်ေနာ္တို႔ ႀကိဳးပမ္းေနတာေပါ့။ ၿပီးေတာ့မွ က်န္တဲ့ အင္အားစုေတြေပါ့ေနာ္။ ၿပီးေတာ့ က်ေနာ္တို႔ တိုင္း ရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းေတြ လက္မွတ္ထိုးတာေရာ မထိုးတာေရာ အားလုံးေပါ့ေနာ္ က်ေနာ္တို႔ ေတြ႕ၿပီးေတာ့ အခု ဒီအက်ပ္အတည္းကို ေျဖရွင္းႏိုင္ဖို႔အတြက္ နည္းလမ္းရွာရမွာေပါ့ အျမင္သေဘာထားကို က်ေနာ္တို႔ ညႇိၾကရမွာေပါ့ အဲဒီဟာကို ဦးစားေပးေဆာင္႐ြက္ဖို႔ တာဝန္ေပးတာျဖစ္ပါတယ္လို႔” ဟု ေျပာသည္။

ထို႔အျပင္ ကုလသမဂၢမွ အသစ္ေ႐ြးခ်ယ္ခန႔္အပ္ထားသည့္ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ ႏိုလင္းေဟ ဇာ (Ms , Noeleen Heyzer) အား ႀကိဳဆိုၿပီး တိုင္းျပည္တြင္း ႀကဳံေတြ႕ေနရေသာ အေထြေထြ အက်ပ္အတည္း ေျဖရွင္းေရး ကိစၥႏွင့္ ပတ္သက္သည့္ ၎၏ လုပ္ငန္းစဥ္မ်ားကို PPST က လက္တြဲ လုပ္ေဆာင္သြားမည္ျဖစ္ သည္ဟု ဆိုသည္။

အဆိုပါ ေဆြးေႏြးညႇိႏႈိင္းေရး ေကာ္မတီသည္ NCA အပစ္ရပ္ ၆ ႏွစ္ျပည့္စဥ္က ထုတ္ျပန္ထားသည့္ PPST ၏ ႏိုင္ငံ ေရး ရည္မွန္းခ်က္ ၇ ခ်က္ကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္ ရည္႐ြယ္ ဖြဲ႕စည္းထားျခင္းျဖစ္ၿပီး သက္ဆိုင္ ရာ Stakeholders အားလုံးႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္သြားရန္ရွိသည္ဟု PPST က ဆိုသည္။

PPST က NCA ၆ ႏွစ္ျပည့္ က ထုတ္ျပတ္ထားသည့္ ႏိုင္ငံေရး ရည္မွန္းခ်က္ ၇ ခ်က္မွာ စစ္အာဏာသိမ္းယူၿပီး ေနာက္ပိုင္း ဖမ္းဆီးထိန္းသိမ္းထားေသာ ႏိုင္ငံေရး ေခါင္းေဆာင္မ်ားအပါအဝင္ ပုဂၢိဳလ္မ်ားအားလုံးကို ႁခြင္းခ်က္ မရွိ အျမန္ဆုံးလႊတ္ေပးၿပီး ႏိုင္ငံေရး မတူညီမႈမ်ားအား အျမန္ဆုံး ေဆြးေႏြးအေျဖရွာသြားရန္၊ အနာဂတ္ ႏိုင္ငံေရး ေဆြးေႏြးပြဲမ်ားတြင္ သက္ဆိုင္သူမ်ား အားလုံးပါဝင္ၿပီး ႏိုင္ငံတကာ၏ ကူညီပံ့ပိုးမႈမ်ားႏွင့္ ႏိုင္ငံေရးနည္းလမ္းျဖင့္ အေျဖရွာသြားရန္၊ တိုင္းျပည္ အာဏာကို အရပ္သား ကိုယ္စားလွယ္မ်ား အုပ္ခ်ဳပ္မႈႏွင့္ ဒီမိုကေရစီ မူေဘာင္အ တြင္း ေဆာလ်င္စြာ ျပန္လႊဲေျပာင္းေရးကို ဝိုင္းဝန္း အေျဖရွာၾကရန္ တို႔ျဖစ္သည္။

ထို႔အျပင္ ႏိုင္ငံတကာ အသိုင္းအဝိုင္းတြင္ ျပည္ေထာင္စု ျမန္မာႏိုင္ငံ ဂုဏ္သိကၡာရွိစြာ ရပ္တည္ႏိုင္ေရးအတြက္ တိုင္းျပည္၏ အေျခခံ အေဆာက္အအုံ (Institutions) မ်ားကို ျပဳျပင္ ေျပာင္းလဲမႈမ်ား ( Reforms) ျပဳလုပ္သြား ရန္၊ တိုင္းျပည္ေရရွည္တည္တံ့ေရး၊ တည္ၿငိမ္ေရး၊ သာယာ၀ေျပာေရးတို႔ကို ေရွ႕ရႈးၿပီး လူထုကို ကာကြယ္မႈေပး ေသာ လုံၿခဳံေရး စနစ္တည္ေဆာက္သြားရန္၊ ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ကို အကာအကြယ္ ေပး ျခင္းႏွင့္ ျပည္သူလူထုမ်ား၏ ဆုံးရႈံးနစ္နာမႈမ်ားအတြက္ ဘ၀ျပန္ လည္ထူေထာင္ေရးႏွင့္ျပန္လည္ကုစားေရး အစီအစဥ္မ်ား ေဆာင္႐ြက္သြားရန္ႏွင့္ ေရရွည္တည္ၿငိမ္ ၿငိမ္းခ်မ္း သာယာ၀ေျပာ ဖြံ႕ၿဖိဳးတိုးတက္ေရးကို ဦးတည္ ၿပီး ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုကို တည္ေဆာက္သြားရန္ စသည္ အခ်က္တို႔ျဖစ္သည္။

NCA တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး အပစ္ရပ္ လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသား လက္နက္ ကိုင္ အဖြဲ႕အစည္းမ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ PPST တြင္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္ စီ RCSS၊ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္ တစ္တပ္ဦး ABSDF၊ ခ်င္းအမ်ိဳးသား တပ္ဦး CNF၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNLA/PC၊ ပအို႔ဝ္အမ်ိဳးသား လြတ္ေျမာက္ေရး အဖြဲ႕ ခ်ဴပ္ PNLO၊ ရခိုင္ျပည္လြတ္ ေျမာက္ေရးပါတီ ALP၊ ကရင္အမ်ိဳးသား ဒီမိုေရစီအက်ိဳး ျပဳတပ္မေတာ္ DKBA၊ မြန္ျပည္သစ္ပါ တီ NMSP ႏွင့္ လားဟူ ဒီမိုကရက္တစ္အစည္းအ႐ုံး LDU တို႔ ပါဝင္သည္။