ကျောင်းသားနှင့် မိခင်အား PDF များ ထောက်ပံ့သည်ဆိုကာ ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်။

ပြည်ခရိုင် ပန်းတောင်းမြို့နယ်နေ ရန်ကုန်ပညာရေး တက္ကသိုလ် ကျောင်းသား နှင့် မိခင်ဖြစ်သူ ကို PDF များကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးသွားသည်။

ဥသျှစ်ပင်မြို့၊ မကြီးထုံးကျေးရွာသား ပညာရေးတက္ကသိုလ် နောက်ဆုံးနှစ် တက်ရောက်နေသည့် ကိုထက်ရာဇာနှင့် မိခင်ဖြစ်သူ ဒေါ်သန်းသန်းဌေးတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၃ ရက်နေ့၊ နံနက်ပိုင်းအချိန်က နေအိမ်တွင် လာရောက်ဖမ်းဆီးသွား ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မကြီးထုံးကျေးရွာသား အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ”PDF ကို ငွေလှူတဲ့ဟာ ဖေ့ဘွတ်မှာ တင် တယ်ဆိုပြီး စွပ်စွဲဖမ်းတာလို့ပြောတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသူသည် စာတော်သူတစ်ဦးဖြစ်၍ မိခင်ဖြစ်သူကလည်း ဆိုင်ကယ်နှင့် ဈေးရောင်းပြီး ကျောင်းထား ပေးနေခြင်း ဖြစ်သည်။

ကိုထက်ရာဇာကို ပန်းတောင်းမြို့မ ရဲစခန်းတွင် ဖမ်းဆီးထားပြီး ပုဒ်မ ၅၀(ည) နှင့် အမှုဖွင့်ရန် လုပ်ဆောင်နေ သည်ဟု သိရသည်။

ပုဒ်မ ၅၀(ည) သည် နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည့် အဖွဲ့ကို ငွေကြေး ထောက်ပံ့ ခြင်းဆိုင်ရာ လုပ်ငန်းများ လုပ်ပါက တရားစွဲဆိုခံရမည့် ပုဒ်မ ဖြစ်သည်။ ထိုပြစ်မှု ထင်ရှားသည်ဟု တရားရုံး ဆုံးဖြတ်ပါက ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ဆယ်နှစ်မှ တသက်တကျွန်းနှင့် ငွေဒဏ်ကျခံရနိုင်သည့် ပုဒ်မ ဖြစ် သည်။

ကိုထက်ရာဇာနှင့် မိခင်ဖမ်းဆီးထားသည့် နောက်ဆက်တွဲ အခြားအခြေအနေ အသေးစိတ်ကိုမူ မသိရှိရသေး သဖြင့် ဆွေမျိုးသားချင်းများက စိတ်ပူနေကြသည်ဟု မိသားစုဝင်များနှင့် နီးစပ်သူများက ပြောသည်။

*** ZAWGYI ***
ေက်ာင္းသားႏွင့္ မိခင္အား PDF မ်ား ေထာက္ပံ့သည္ဆိုကာ ဖမ္းဆီး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၅ ရက္။

ျပည္ခ႐ိုင္ ပန္းေတာင္းၿမိဳ႕နယ္ေန ရန္ကုန္ပညာေရး တကၠသိုလ္ ေက်ာင္းသား ႏွင့္ မိခင္ျဖစ္သူ ကို PDF မ်ားကို ေငြေၾကးေထာက္ပံ့သည္ဟုဆိုကာ စစ္ေကာင္စီက ဖမ္းဆီးသြားသည္။

ဥသွ်စ္ပင္ၿမိဳ႕၊ မႀကီးထုံးေက်း႐ြာသား ပညာေရးတကၠသိုလ္ ေနာက္ဆုံးႏွစ္ တက္ေရာက္ေနသည့္ ကိုထက္ရာဇာႏွင့္ မိခင္ျဖစ္သူ ေဒၚသန္းသန္းေဌးတို႔ကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ႏိုဝင္ဘာလ ၃ ရက္ေန႔၊ နံနက္ပိုင္းအခ်ိန္က ေနအိမ္တြင္ လာေရာက္ဖမ္းဆီးသြား ျခင္းျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

မႀကီးထုံးေက်း႐ြာသား အသက္ ၄၅ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးက ”PDF ကို ေငြလႉတဲ့ဟာ ေဖ့ဘြတ္မွာ တင္ တယ္ဆိုၿပီး စြပ္စြဲဖမ္းတာလို႔ေျပာတယ္” ဟု ေျပာသည္။

ဖမ္းဆီးခံရသူသည္ စာေတာ္သူတစ္ဦးျဖစ္၍ မိခင္ျဖစ္သူကလည္း ဆိုင္ကယ္ႏွင့္ ေဈးေရာင္းၿပီး ေက်ာင္းထား ေပးေနျခင္း ျဖစ္သည္။

ကိုထက္ရာဇာကို ပန္းေတာင္းၿမိဳ႕မ ရဲစခန္းတြင္ ဖမ္းဆီးထားၿပီး ပုဒ္မ ၅၀(ည) ႏွင့္ အမႈဖြင့္ရန္ လုပ္ေဆာင္ေန သည္ဟု သိရသည္။

ပုဒ္မ ၅၀(ည) သည္ ႏိုင္ငံေတာ္အစိုးရက အၾကမ္းဖက္အဖြဲ႕ဟု သတ္မွတ္ထားသည့္ အဖြဲ႕ကို ေငြေၾကး ေထာက္ပံ့ ျခင္းဆိုင္ရာ လုပ္ငန္းမ်ား လုပ္ပါက တရားစြဲဆိုခံရမည့္ ပုဒ္မ ျဖစ္သည္။ ထိုျပစ္မႈ ထင္ရွားသည္ဟု တရား႐ုံး ဆုံးျဖတ္ပါက ျပစ္ဒဏ္အျဖစ္ ေထာင္ဒဏ္ ဆယ္ႏွစ္မွ တသက္တကြၽန္းႏွင့္ ေငြဒဏ္က်ခံရႏိုင္သည့္ ပုဒ္မ ျဖစ္ သည္။

ကိုထက္ရာဇာႏွင့္ မိခင္ဖမ္းဆီးထားသည့္ ေနာက္ဆက္တြဲ အျခားအေျခအေန အေသးစိတ္ကိုမူ မသိရွိရေသး သျဖင့္ ေဆြမ်ိဳးသားခ်င္းမ်ားက စိတ္ပူေနၾကသည္ဟု မိသားစုဝင္မ်ားႏွင့္ နီးစပ္သူမ်ားက ေျပာသည္။