စာသင်ကျောင်း ဗုံးကွဲမှု အရပ်သား ၇၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်။

ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် “ရွေး” ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း ဗုံးပေါက်ကွဲ မီးလောင်မှုနှင့် ပတ်သက်၍ ဒေသခံ ၇၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးသွားသည်။

နိုဝင်ဘာလ ၅ ရက်နေ့(ယနေ့) နံနက်ပိုင်းက စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းသို့ ရောက်ရှိလာပြီး ရွာ ရှိ လူကြီးလူငယ်များအား မသင်္ကာသူများဟု စွပ်စွဲပြီး ရိုက်နှက်စစ်ဆေးကာ ဖမ်းသွားခြင်း ဖြစ်သည်ဟု ဒေသခံ များက ပြောသည်။

“ရုပ်ရှင်ထဲမှာ မြင်ဖူးတဲ့ ရွာထဲ သူပုန်ဝင် သလိုပါပဲ။ ဆဲဆိုကြိမ်းမောင်းတာ မိုးမွန်တယ်။ လက်ပြန်ကြိုး တုတ်ပြီး ဖမ်းတာ။ ရိုက်တာများ မမြင်ရက်ဘူး” ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက ပြောသည်။

ကျေးလက် မီးလင်းရေး စီမံကိန်း လုပ်ဆောင်ပေးနေသည့်အဖွဲ့မှ မီးဆင်နေသူ ၁၉ ဦး၊ ရွေး ကျောင်း အစောင့်နှင့် လယ်ယာလုပ်ကိုင်နေသူ အယောက် ၅၀ ကျော်ကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင် အချို့က အတည်ပြု ပြောသည်။

အကြောင်းမဲ့ မစာမနာရိုက်နှက်မှုကြောင့် ဒေသခံများအနေဖြင့် စစ်ကောင်စီ လက်အောက်ခံ စစ်တပ်နှင့် ရဲတပ်ဖွဲ့ ဝင်များကို ထိတ်လန့် ရွံရှာနေကြသည်ဟု ဒေသခံများက ဆိုသည်။

“ရွေး” ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် နိုဝင်ဘာလ ၄ ရက်နေ့၊ ညပိုင်းက ဆရာ/ဆရာမများ နားနေဆောင်အတွင်း ဗုံးပေါက်ကွဲပြီးနောက် အခန်း ၂ ခန်း မီးလောင်ကျွမ်းသွားသည်ဟု ဒေသခံများက ဆိုသည်။

ထို့အပြင် အဆိုပါကျောင်းအတွင်း လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သူက
ကျောင်းဝန်းအတွင်း မပေါက်ကွဲသေးသည့် ဗုံး တစ်လုံးကို ထပ်မံတွေ့ရှိရသည်ဟု ပြောဆိုခဲ့ကြောင်း ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် အချို့က ပြောသည်။

*** ZAWGYI ***
စာသင္ေက်ာင္း ဗုံးကြဲမႈ အရပ္သား ၇၀ ေက်ာ္ကို စစ္ေကာင္စီ ဖမ္းဆီး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၅ ရက္။

ဧရာဝတီတိုင္း ကန္ႀကီးေထာင့္ၿမိဳ႕နယ္ “ေ႐ြး” ေက်း႐ြာ အေျခခံပညာ အထက္တန္းေက်ာင္း ဗုံးေပါက္ကြဲ မီးေလာင္မႈႏွင့္ ပတ္သက္၍ ေဒသခံ ၇၀ ေက်ာ္ကို စစ္ေကာင္စီတပ္ဖြဲ႕က ႐ိုက္ႏွက္ဖမ္းဆီးသြားသည္။

ႏိုဝင္ဘာလ ၅ ရက္ေန႔(ယေန႔) နံနက္ပိုင္းက စစ္တပ္ႏွင့္ရဲတပ္ဖြဲ႕ဝင္မ်ားက ေက်း႐ြာအတြင္းသို႔ ေရာက္ရွိလာၿပီး ႐ြာ ရွိ လူႀကီးလူငယ္မ်ားအား မသကၤာသူမ်ားဟု စြပ္စြဲၿပီး ႐ိုက္ႏွက္စစ္ေဆးကာ ဖမ္းသြားျခင္း ျဖစ္သည္ဟု ေဒသခံ မ်ားက ေျပာသည္။

“႐ုပ္ရွင္ထဲမွာ ျမင္ဖူးတဲ့ ႐ြာထဲ သူပုန္ဝင္ သလိုပါပဲ။ ဆဲဆိုႀကိမ္းေမာင္းတာ မိုးမြန္တယ္။ လက္ျပန္ႀကိဳး တုတ္ၿပီး ဖမ္းတာ။ ႐ိုက္တာမ်ား မျမင္ရက္ဘူး” ဟု မ်က္ျမင္ေတြ႕ရွိသည့္ ေဒသခံတစ္ဦးက ေျပာသည္။

ေက်းလက္ မီးလင္းေရး စီမံကိန္း လုပ္ေဆာင္ေပးေနသည့္အဖြဲ႕မွ မီးဆင္ေနသူ ၁၉ ဦး၊ ေ႐ြး ေက်ာင္း အေစာင့္ႏွင့္ လယ္ယာလုပ္ကိုင္ေနသူ အေယာက္ ၅၀ ေက်ာ္ကို ဖမ္းဆီးသြားျခင္းျဖစ္သည္ဟု ေက်း႐ြာအုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္ အခ်ိဳ႕က အတည္ျပဳ ေျပာသည္။

အေၾကာင္းမဲ့ မစာမနာ႐ိုက္ႏွက္မႈေၾကာင့္ ေဒသခံမ်ားအေနျဖင့္ စစ္ေကာင္စီ လက္ေအာက္ခံ စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕ ဝင္မ်ားကို ထိတ္လန္႔ ႐ြံရွာေနၾကသည္ဟု ေဒသခံမ်ားက ဆိုသည္။

“ေ႐ြး” ေက်း႐ြာ အေျခခံပညာ အထက္တန္းေက်ာင္းတြင္ ႏိုဝင္ဘာလ ၄ ရက္ေန႔၊ ညပိုင္းက ဆရာ/ဆရာမမ်ား နားေနေဆာင္အတြင္း ဗုံးေပါက္ကြဲၿပီးေနာက္ အခန္း ၂ ခန္း မီးေလာင္ကြၽမ္းသြားသည္ဟု ေဒသခံမ်ားက ဆိုသည္။

ထို႔အျပင္ အဆိုပါေက်ာင္းအတြင္း လာေရာက္စစ္ေဆးသည့္ စစ္ေကာင္စီတပ္ဖြဲ႕၏ ေခါင္းေဆာင္ျဖစ္သူက
ေက်ာင္းဝန္းအတြင္း မေပါက္ကြဲေသးသည့္ ဗုံး တစ္လုံးကို ထပ္မံေတြ႕ရွိရသည္ဟု ေျပာဆိုခဲ့ေၾကာင္း ေက်း႐ြာ အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္ အခ်ိဳ႕က ေျပာသည္။