ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း ဖောက်ခွဲဖျက်ဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်၊

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် မီးရထားလမ်းပိုင်း ဖောက်ခွဲ ဖျက်စီးခံရသည် ဟု ဒေသခံများက ပြောသည်။

ရန်ကုန်-မော်လမြိုင် မုကျိကျေးရွာအနီး မီးရထားလမ်းပိုင်း မိုင်တိုင် ၁၆၂/၈ တံတားအမှတ် ၁၂၅ သံတံတား နိုဝင်ဘာလ ၅ ရက်နေ့၊ ည ၈ နာရီဝန်းကျင် အချိန်ခန့်က မိုင်းဖောက်ခွဲခံရခြင်းဖြစ်သည်။

“ပေါက်ကွဲအသံတော့ ကြားလိုက်တယ် ညက။ မနက်ကျမှ ရထားလမ်းမှာ ပေါက်ကွဲမှုဖြစ်တယ်ဆိုတာ သိ တယ်။ ပေါင်မှာလည်း အခုတလော ပေါက်ကွဲမှုတွေက ခနခနဖြစ်နေတယ်။ လူသေတဲ့အထိတော့ မကြားမိသေး ဘူး” ဟု ပေါင်ဒေသခံတစ်ဦး က ပြောသည်။

မီးရထားလမ်းပိုင်း ဖောက်ခွဲခံရမှုကြောင့် မီးရထားသံလမ်းများ ပျက်စီးမှုရှိခဲ့သည့်အပြင် တံတားဘောင်လည်း ပျက်စီးသွားသည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ မီးရထားလမ်းပိုင်း ဖောက်ခွဲခံမှုဖြစ်စဥ်သည် KNU တပ်မဟာ (၁) တပ်ခွဲ (၃) နှင့် ပေါင်မြို့နယ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Special Force Paung) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပေါင်မြို့နယ် ဒေသခံကာကွယ်ရေး တပ်ဖွဲ့က ထုတ် ပြန်ထားသည်။

အာဏာသိမ်း စစ်ကောင်စီသည် ရထားလမ်းများကို စစ်လက်နက် ရိက္ခာများ သယ်ယူနေခြင်းကဲ့သို့သော စစ်ရေး အတွက် အသုံးပြုနေသည့်အတွက် ယခုကဲ့သို့ ပူးပေါင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပေါင်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

ထို့အပြင် ပြည်သူများအနေဖြင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဝေးရာတွင် နေပေးကြရန်လည်း ပေါင်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးနှိုးဆော် ထုတ်ပြန်ထားသည်။

ပေါင်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ဖုန်းတာဝါတိုင်ဖောက်ခွဲခံရမှုများ အပါအဝင် ပေါက်ကွဲဖြစ်စဥ်များ ဆက် တိုက်ဖြစ်ပွားလာနေသည်ဟု ဒေသခံများက ပြောသည်။

မြို့နယ်အတွင်းရှိ ရဲစခန်း၊ လျှပ်စစ်ရုံးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော် ကိုယ်စား လှယ် နေအိမ်များ၊ စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူများ၏ နေအိမ်တို့တွင်လည်း ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားနေသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဥ်များနှင့် ပတ်သက်၍ ပေါင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၎င်းတို့ လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားပြီးနောက်တွင် ထုတ်ပြန်ထားသည်။

*** ZAWGYI ***
ရန္ကုန္-ေမာ္လၿမိဳင္ ရထားလမ္းပိုင္း ေဖာက္ခြဲဖ်က္ဆီးခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၇ ရက္၊

မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္အတြင္း ရန္ကုန္-ေမာ္လၿမိဳင္ မီးရထားလမ္းပိုင္း ေဖာက္ခြဲ ဖ်က္စီးခံရသည္ ဟု ေဒသခံမ်ားက ေျပာသည္။

ရန္ကုန္-ေမာ္လၿမိဳင္ မုက်ိေက်း႐ြာအနီး မီးရထားလမ္းပိုင္း မိုင္တိုင္ ၁၆၂/၈ တံတားအမွတ္ ၁၂၅ သံတံတား ႏိုဝင္ဘာလ ၅ ရက္ေန႔၊ ည ၈ နာရီဝန္းက်င္ အခ်ိန္ခန႔္က မိုင္းေဖာက္ခြဲခံရျခင္းျဖစ္သည္။

“ေပါက္ကြဲအသံေတာ့ ၾကားလိုက္တယ္ ညက။ မနက္က်မွ ရထားလမ္းမွာ ေပါက္ကြဲမႈျဖစ္တယ္ဆိုတာ သိ တယ္။ ေပါင္မွာလည္း အခုတေလာ ေပါက္ကြဲမႈေတြက ခနခနျဖစ္ေနတယ္။ လူေသတဲ့အထိေတာ့ မၾကားမိေသး ဘူး” ဟု ေပါင္ေဒသခံတစ္ဦး က ေျပာသည္။

မီးရထားလမ္းပိုင္း ေဖာက္ခြဲခံရမႈေၾကာင့္ မီးရထားသံလမ္းမ်ား ပ်က္စီးမႈရွိခဲ့သည့္အျပင္ တံတားေဘာင္လည္း ပ်က္စီးသြားသည္ဟု ေဒသခံမ်ားက ဆိုသည္။

အဆိုပါ မီးရထားလမ္းပိုင္း ေဖာက္ခြဲခံမႈျဖစ္စဥ္သည္ KNU တပ္မဟာ (၁) တပ္ခြဲ (၃) ႏွင့္ ေပါင္ၿမိဳ႕နယ္ ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (Special Force Paung) တို႔ ပူးေပါင္း တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္ဟု ေပါင္ၿမိဳ႕နယ္ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕က ထုတ္ ျပန္ထားသည္။

အာဏာသိမ္း စစ္ေကာင္စီသည္ ရထားလမ္းမ်ားကို စစ္လက္နက္ ရိကၡာမ်ား သယ္ယူေနျခင္းကဲ့သို႔ေသာ စစ္ေရး အတြက္ အသုံးျပဳေနသည့္အတြက္ ယခုကဲ့သို႔ ပူးေပါင္း တိုက္ခိုက္မႈ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္ဟု ေပါင္ၿမိဳ႕နယ္ ေဒသခံျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕က ထုတ္ျပန္ခ်က္ထဲတြင္ ေျပာဆိုထားသည္။

ထို႔အျပင္ ျပည္သူမ်ားအေနျဖင့္ အာဏာသိမ္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားႏွင့္ ေဝးရာတြင္ ေနေပးၾကရန္လည္း ေပါင္ၿမိဳ႕နယ္ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က အသိေပးႏႈိးေဆာ္ ထုတ္ျပန္ထားသည္။

ေပါင္ၿမိဳ႕နယ္တြင္ ယခုရက္ပိုင္းအတြင္း ဖုန္းတာဝါတိုင္ေဖာက္ခြဲခံရမႈမ်ား အပါအဝင္ ေပါက္ကြဲျဖစ္စဥ္မ်ား ဆက္ တိုက္ျဖစ္ပြားလာေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

ၿမိဳ႕နယ္အတြင္းရွိ ရဲစခန္း၊ လွ်ပ္စစ္႐ုံးႏွင့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီက လႊတ္ေတာ္ ကိုယ္စား လွယ္ ေနအိမ္မ်ား၊ စစ္ေကာင္စီ သတင္းေပးဟု သတ္မွတ္ခံရသူမ်ား၏ ေနအိမ္တို႔တြင္လည္း ဗုံးေပါက္ကြဲမႈ ဆက္တိုက္ျဖစ္ပြားေနသည္။

အဆိုပါ ေပါက္ကြဲမႈျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ ေပါင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က ၎တို႔ လုပ္ေဆာင္ ခဲ့ျခင္းျဖစ္ေၾကာင္း အခင္းျဖစ္ပြားၿပီးေနာက္တြင္ ထုတ္ျပန္ထားသည္။