ကသာ အထက်တွင် တိုက်ပွဲဖြစ်။ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုများ ရှိဟု PDF ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်။
စစ်ကိုင်းဒေသကြီး၊ ကသာမြို့နယ် အထက်ပိုင်းတွင် စစ်ကောင်စီတပ်နှင်င့် PDF တပ်တို့ အကြား တိုက်ပွဲများ ဖြစ်ပွာနေသည့်အတွက် ဒေသခံများနေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။
နိုဝင်ဘာလ ၅ ရက်နေ့၊ ည ၄နာရီခန့်က ဝဲကြီးကျေးရွာသစ်အနီးတွင် ကသာ-ဗန်းမော် ကားလမ်းအတိုင်း မင်းကျောင်းကုန်းဘက်မှ ခြေလျင် လျှောက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ဒေသခံ PDF များကို မိုင်း ၅ လုံးဆွဲ ခြုံခိုတိုက်ခိုက်ခဲ့ပြီး အပြန် အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့သည်ဟု PDF အဖွဲ့တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောသည်။
“ပြင်ဆင်ချိန်လည်း ပိုရတာရယ် မိုင်း ၅ လုံး တောင်ဆိုတော့ သူတို့ထိတာကတော့ တော်တော်ထိလိမ့်မယ်။ ပွင့်ပွင့် လင်းလင်းပြောရရင် ကျနော်တို့ဘက်က လူနည်းနည်းပဲဆိုတော့ အထိအခိုက်မရှိဘူးပေါ့“ ဟု PDF အဖွဲ့ တာဝန်ရှိသူက ပြောသည်။
ပြည်သူအချို့၏ ကြိုတင် သတင်းပေးပို့မှုကြောင့် အကာအကွယ်ကောင်းယူကာ အလစ်အငိုက်ယူတိုက်နိုင်ခဲ့ပြီး ကားလမ်းအတိုင်း ခြေလျင်လျှောက်သည့် စစ်ကောင်စီတပ်များ အထိအခိုက်များနိုင်သည်သော်လည်း PDF ဘက်ကတော့ ထိခိုက်မှုမရှိဘူးဟု PDF တာဝန်ရှိသူက ဆိုသည်။
စစ်ကောင်စီတပ်နှင်င့် PDF တပ်တို့အကြားက တိုက်ပွဲကြောင့် ဝဲကြီးကျေးရွာသစ်က ရွာသားထက်ဝက် ကျော် ခန့်သည် တိုက်ပွဲဖြစ်ပြီးနောက် ရွာ၏အနောက်ဖက်ကျွန်းပင်ကျေးရွာနှင့် ဟဲနားကျေးရွာဘုန်းကြီးကျောင်းတို့တွင် စစ်ဘေးရှောင်တိမ်းနေရသည်ဟု ဒေသခံများက ပြောသည်။
ငွေကြေးတတ်နိုင်သူများသည် ကသာမြို့၊ သဖန်းကိုင်းရွာနှင့် ရပ်ကွက် ၉ တို့တွင် ပြောင်းရွှေ့ကာ အိမ်ငှားနေထိုင် သူများလည်း ရှိသည်ဟု သိရသည်။
ဝဲကြီးကျေးရွာသစ်သည် ကသာမြို့မှ ၁၃ မိုင်ခန့် ကွာဝေးပြီး မြစ်ရေတိုက်စားမှုကြောင့် မကြာသေးခင်က ကုန်း ပေါ်တွင် ရွာသစ်တည်ထားသည့် ကျေးရွာတစ်ရွာ ဖြစ်သည်။
***ZAWGYI ***
ကသာ အထက္တြင္ တိုက္ပြဲျဖစ္။ စစ္ေကာင္စီတပ္ဘက္က ထိခိုက္မႈမ်ား ရွိဟု PDF ေျပာ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၇ ရက္။
စစ္ကိုင္းေဒသႀကီး၊ ကသာၿမိဳ႕နယ္ အထက္ပိုင္းတြင္ စစ္ေကာင္စီတပ္ႏွင္င့္ PDF တပ္တို႔ အၾကား တိုက္ပြဲမ်ား ျဖစ္ပြာေနသည့္အတြက္ ေဒသခံမ်ားေနရပ္စြန႔္ခြာ ထြက္ေျပးေနရသည္။
ႏိုဝင္ဘာလ ၅ ရက္ေန႔၊ ည ၄နာရီခန႔္က ဝဲႀကီးေက်း႐ြာသစ္အနီးတြင္ ကသာ-ဗန္းေမာ္ ကားလမ္းအတိုင္း မင္းေက်ာင္းကုန္းဘက္မွ ေျခလ်င္ ေလွ်ာက္လာသည့္ စစ္ေကာင္စီစစ္ေၾကာင္းကို ေဒသခံ PDF မ်ားကို မိုင္း ၅ လုံးဆြဲ ၿခဳံခိုတိုက္ခိုက္ခဲ့ၿပီး အျပန္ အလွန္ပစ္ခတ္မႈ မိနစ္ ၃၀ ခန႔္ျဖစ္ပြားခဲ့သည္ဟု PDF အဖြဲ႕တာဝန္ရွိသူ တစ္ဦးက အတည္ျပဳေျပာသည္။
“ျပင္ဆင္ခ်ိန္လည္း ပိုရတာရယ္ မိုင္း ၅ လုံး ေတာင္ဆိုေတာ့ သူတို႔ထိတာကေတာ့ ေတာ္ေတာ္ထိလိမ့္မယ္။ ပြင့္ပြင့္ လင္းလင္းေျပာရရင္ က်ေနာ္တို႔ဘက္က လူနည္းနည္းပဲဆိုေတာ့ အထိအခိုက္မရွိဘူးေပါ့“ ဟု PDF အဖြဲ႕ တာဝန္ရွိသူက ေျပာသည္။
ျပည္သူအခ်ိဳ႕၏ ႀကိဳတင္ သတင္းေပးပို႔မႈေၾကာင့္ အကာအကြယ္ေကာင္းယူကာ အလစ္အငိုက္ယူတိုက္ႏိုင္ခဲ့ၿပီး ကားလမ္းအတိုင္း ေျခလ်င္ေလွ်ာက္သည့္ စစ္ေကာင္စီတပ္မ်ား အထိအခိုက္မ်ားႏိုင္သည္ေသာ္လည္း PDF ဘက္ကေတာ့ ထိခိုက္မႈမရွိဘူးဟု PDF တာဝန္ရွိသူက ဆိုသည္။
စစ္ေကာင္စီတပ္ႏွင္င့္ PDF တပ္တို႔အၾကားက တိုက္ပြဲေၾကာင့္ ဝဲႀကီးေက်း႐ြာသစ္က ႐ြာသားထက္ဝက္ ေက်ာ္ ခန႔္သည္ တိုက္ပြဲျဖစ္ၿပီးေနာက္ ႐ြာ၏အေနာက္ဖက္ကြၽန္းပင္ေက်း႐ြာႏွင့္ ဟဲနားေက်း႐ြာဘုန္းႀကီးေက်ာင္းတို႔တြင္ စစ္ေဘးေရွာင္တိမ္းေနရသည္ဟု ေဒသခံမ်ားက ေျပာသည္။
ေငြေၾကးတတ္ႏိုင္သူမ်ားသည္ ကသာၿမိဳ႕၊ သဖန္းကိုင္း႐ြာႏွင့္ ရပ္ကြက္ ၉ တို႔တြင္ ေျပာင္းေ႐ႊ႕ကာ အိမ္ငွားေနထိုင္ သူမ်ားလည္း ရွိသည္ဟု သိရသည္။
ဝဲႀကီးေက်း႐ြာသစ္သည္ ကသာၿမိဳ႕မွ ၁၃ မိုင္ခန႔္ ကြာေဝးၿပီး ျမစ္ေရတိုက္စားမႈေၾကာင့္ မၾကာေသးခင္က ကုန္း ေပၚတြင္ ႐ြာသစ္တည္ထားသည့္ ေက်း႐ြာတစ္႐ြာ ျဖစ္သည္။