မအူပင် တက္ကသိုလ်တွင် ကျောင်းသူ/ကျောင်းသားများအား နည်းပြရာထူး ခန့်အပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်။

မအူပင်တက္ကသိုလ် သမိုင်းဌာနတွင် ကျောင်းသား/ကျောင်းသူ ၉ ဦးကို နည်းပြ ရာထူးနေရာ ခန့်အပ်လိုက်သည်ဟု မအူပင်တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့က ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် CDM ပြုလုပ်နေသည့် ဆရာ/ဆရာမများ ၏ နေရာတွင် ကျောင်းသား ၁ ဦးနှင့် ကျောင်းသူ ၈ ဦးတို့ကို နည်းပြရာထူး ခန့်အပ်ခြင်းဖြစ်သည်။

မအူပင်တက္ကသိုလ်ကျောင်းသားသမဂ္ဂက ကျောင်းသားဟောင်းတစ်ဦး က ”တခြားတော့ မရှိပါဘူး။ သူတို့က တည်ငြိမ်နေပါတယ် အဆင်ပြေနေတယ်။ အေးအေးဆေးဖြစ်နေတယ် ဆိုပြီး ပြချင်တာသက်သက်ပါ“ ဟု ပြော သည်။

စစ်ကောင်စီက ခန့်ထားသည့် ပါမောက္ခချုပ် ဒေါက်တာနီနီဦး က ခန့်အပ်ခြင်းဖြစ်ပြီး CDM ပြုလုပ်နေသည့် ဆရာ မ ၇ ဦး ကိုလည်း တာဝန်မှ အသီးသီး ထုတ်ပယ်ခဲ့သည်ဟု မအူပင်တက္ကသိုလ်ကျောင်းသားသမဂ္ဂက ဆိုသည်။

စစ်တပ်၏ အာဏာသိမ်းမှုကို မလိုလားသဖြင့် နည်းပြလျှောက်လွှာမတင်သည့် ကျောင်းသား/ကျောင်းသူ များ လည်းရှိနေသည်ဟု သိရသည်။

မအူပင်တက္ကသိုလ်တွင် ဆရာမ ၃၀ ရာခိုင်နှုန်းခန့် လက်ရှိအချိန်ထိ CDM ဝင်ထားဆဲဖြစ်သည်ဟု တက္ကသိုလ်နည်း ပြ ဆရာမတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ကျောင်းသား/ကျောင်းသူများကို နည်းပြနေရာတွင် ခန့်အပ်ခြင်းကို မအူပင် သမိုင်းအထူးပြု ကျောင်း သား/ကျောင်းသူများအသင်းက လက်မခံဆန့်ကျင်ကြောင်း နိုဝင်ဘာလ ၅ ရက်နေ့က သဘောထား တစ်စောင် ထုတ်ပြန် ထားသည်။

မအူပင် တက္ကသိုလ်တွင် သမိုင်းအထူးပြု အပါအဝင် အထူးပြုဘာသာရပ် ၁၂ ဘာသာ ရှိပြီး အခြားဌာနများတွင် လည်း သမိုင်းဌာနကဲ့သို့ ကျောင်းသား/ကျောင်းသူများကို ဆက်လက် ခန့်အပ်သွားမည် ဟု သိရသည်။

စစ်ကောင်စီခန့် ပါမောက္ခချုပ်က ကျောင်းသား/သူများကို နည်းပြရာထူးခန့်အပ်ပေးနေသည့် အခြားတဖက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUD ၏ ပညာရေးဝန်ကြီးဌာနကလည်း မအူပင်တက္ကသိုလ်အပါအဝင် မြန်မာ နိုင်ငံတဝှမ်း တက္ကသိုလ်များတွင် စစ်ကောင်စီအလိုကျ တာဝန်ထမ်းဆောင်နေကြသူ ၁၀၇ ဦးကို ရာထူးမှ ထုတ် ပယ်ကြောင်း အောက်တိုဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ထားသည်။

*** ZAWGYI ***
မအူပင္ တကၠသိုလ္တြင္ ေက်ာင္းသူ/ေက်ာင္းသားမ်ားအား နည္းျပရာထူး ခန႔္အပ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၇ ရက္။

မအူပင္တကၠသိုလ္ သမိုင္းဌာနတြင္ ေက်ာင္းသား/ေက်ာင္းသူ ၉ ဦးကို နည္းျပ ရာထူးေနရာ ခန႔္အပ္လိုက္သည္ဟု မအူပင္တကၠသိုလ္ေက်ာင္းသား သမဂၢအဖြဲ႕က ေျပာသည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ CDM ျပဳလုပ္ေနသည့္ ဆရာ/ဆရာမမ်ား ၏ ေနရာတြင္ ေက်ာင္းသား ၁ ဦးႏွင့္ ေက်ာင္းသူ ၈ ဦးတို႔ကို နည္းျပရာထူး ခန႔္အပ္ျခင္းျဖစ္သည္။

မအူပင္တကၠသိုလ္ေက်ာင္းသားသမဂၢက ေက်ာင္းသားေဟာင္းတစ္ဦး က ”တျခားေတာ့ မရွိပါဘူး။ သူတို႔က တည္ၿငိမ္ေနပါတယ္ အဆင္ေျပေနတယ္။ ေအးေအးေဆးျဖစ္ေနတယ္ ဆိုၿပီး ျပခ်င္တာသက္သက္ပါ“ ဟု ေျပာ သည္။

စစ္ေကာင္စီက ခန႔္ထားသည့္ ပါေမာကၡခ်ဳပ္ ေဒါက္တာနီနီဦး က ခန႔္အပ္ျခင္းျဖစ္ၿပီး CDM ျပဳလုပ္ေနသည့္ ဆရာ မ ၇ ဦး ကိုလည္း တာဝန္မွ အသီးသီး ထုတ္ပယ္ခဲ့သည္ဟု မအူပင္တကၠသိုလ္ေက်ာင္းသားသမဂၢက ဆိုသည္။

စစ္တပ္၏ အာဏာသိမ္းမႈကို မလိုလားသျဖင့္ နည္းျပေလွ်ာက္လႊာမတင္သည့္ ေက်ာင္းသား/ေက်ာင္းသူ မ်ား လည္းရွိေနသည္ဟု သိရသည္။

မအူပင္တကၠသိုလ္တြင္ ဆရာမ ၃၀ ရာခိုင္ႏႈန္းခန႔္ လက္ရွိအခ်ိန္ထိ CDM ဝင္ထားဆဲျဖစ္သည္ဟု တကၠသိုလ္နည္း ျပ ဆရာမတစ္ဦးက ေျပာသည္။

ယခုကဲ့သို႔ ေက်ာင္းသား/ေက်ာင္းသူမ်ားကို နည္းျပေနရာတြင္ ခန႔္အပ္ျခင္းကို မအူပင္ သမိုင္းအထူးျပဳ ေက်ာင္း သား/ေက်ာင္းသူမ်ားအသင္းက လက္မခံဆန႔္က်င္ေၾကာင္း ႏိုဝင္ဘာလ ၅ ရက္ေန႔က သေဘာထား တစ္ေစာင္ ထုတ္ျပန္ ထားသည္။

မအူပင္ တကၠသိုလ္တြင္ သမိုင္းအထူးျပဳ အပါအဝင္ အထူးျပဳဘာသာရပ္ ၁၂ ဘာသာ ရွိၿပီး အျခားဌာနမ်ားတြင္ လည္း သမိုင္းဌာနကဲ့သို႔ ေက်ာင္းသား/ေက်ာင္းသူမ်ားကို ဆက္လက္ ခန႔္အပ္သြားမည္ ဟု သိရသည္။

စစ္ေကာင္စီခန႔္ ပါေမာကၡခ်ဳပ္က ေက်ာင္းသား/သူမ်ားကို နည္းျပရာထူးခန႔္အပ္ေပးေနသည့္ အျခားတဖက္တြင္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUD ၏ ပညာေရးဝန္ႀကီးဌာနကလည္း မအူပင္တကၠသိုလ္အပါအဝင္ ျမန္မာ ႏိုင္ငံတဝွမ္း တကၠသိုလ္မ်ားတြင္ စစ္ေကာင္စီအလိုက် တာဝန္ထမ္းေဆာင္ေနၾကသူ ၁၀၇ ဦးကို ရာထူးမွ ထုတ္ ပယ္ေၾကာင္း ေအာက္တိုဘာလ ၂၇ ရက္ေန႔က ထုတ္ျပန္ထားသည္။