CNG ကားများ ဓါတ်ငွေ့လေပေါင်မပြည့်၍ အခက်ကြုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်။

CNG လောင်စာသုံး အငှါးယာဉ်မောင်းများ နိုဝင်ဘာလဆန်းမှ စတင်၍ ဓါတ်ငွေ့လေပေါင် မပြည့်နိုင်၍ အခက် အခဲဖြစ်နေရသည်ဟု ယာဉ်မောင်းများက ပြောသည်။

CNG ယာဉ်မောင်းများအနေဖြင့် ဓါတ်ငွေ့လေပေါင် တစ်ကြိမ်တန်းစီလျှင် ၃နာရီကျော်ကြာမြင့်ကာ တန်းစီချိန် များပြီး ယာဉ်မောင်းချိန်နည်းသွားကြသည်။

ယာဉ်မောင်းအတွေ့အကြုံ အနှစ် ၂၀ ခန့်ရှိသူ အငှားယာဉ်မောင်းတစ်ဦး က “ဘယ်လိုပြောရမလဲ ဂက်စ်လည်း အကုန် မြန်တယ်။ အရည်အသွေးလည်း မကောင်းတော့ စလိုးဒေါင်းတွေ ဘာတွေလည်း မမှန်တော့ဘူး။ ဘယ် ဆိုင်က ပေါင်ပြည့်လဲဆိုပြီး လိုက်ဖြည့်နေရတယ်“ ဟု ရှင်းပြသည်။

ယခင်က ၇၀ လီတာ အိုးတစ်အိုး တစ်ကြိမ်ဖြည့်လျှင် ကီလိုမီတာ ၁၄၀ ခန့် အထိ မောင်းနိုင်သော်လည်း ယခု ကီ လိုမီတာ ၉၀ ခန့်သာ မောင်းနိုင်သဖြင့် ဓါတ်ငွေ့ကုန်လျှင် သွားပြန်ပြန်ဖြည့်နေရပြီး CNG ဆိုင်မှာပဲ အချိန်ကုန်နေရ သည်ဟု လှိုင်မြို့နယ်က CNG ယာဉ်မောင်းတစ်ဦးက ပြောသည်။

CNG ခဏခဏ ပြန်ဖြည့်နေကြရသဖြင့် စောင့်ဆိုင်းချိန်သည် နံနက် ၆ နာရီ တန်းစီလျှင် နံနက် ၉ နာရီခွဲ အချိန်ခန့်မှ ဖြည့်ခွင့်ရသော်လည်း လေပေါင်မပြည့်သည့်အပြင် CNG အရည်အသွေးလည်း မကောင်းဟု အငှားယာဉ် မောင်း အတွေ့အကြုံ နှစ် ၂၀ ရှိသူ ယာဉ်မောင်းက ဆက်ပြောသည်။

CNG ဈေးနှုန်းမှာမူ ယခင်အတိုင်း ၇၀ လီတာ တစ်အိုးဖြည့်လျှင် ၂၈၀၀ ကျပ်၊ ၃၀၀၀ ကျပ် ခန့်သာ ပေးရသော်လည်း ယာဉ်မောင်းချိန် လျော့သဖြင့် ဝင်ငွေကျဆင်းသည်ဟု အငှားယာဉ်မောင်းများက ပြောသည်။

လက်ရှိ အချိန်တွင် ရန်ကုန်မြို့၌ CNG ဂတ်စ် ဆိုင်ပေါင်း ၄၁ ဆိုင် ရှိပြီး ၁၀ ဆိုင်မှာ တက္ကစီ သီးသန့်ဆိုင်များ ဖြစ် သည်။ အဆိုပါဆိုင်များမှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန၊ ရေနံနှင့် သဘောဝ ဓာတ်ငွေ့ လုပ်ငန်းက ဟု သိရ သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း AA၊ BB၊ CC စသည့် နံပါတ် အနီအငှားယာဉ် စုစုပေါင်း ၄ သောင်းနီးပါးခန့် ရှိပြီး ကိုယ်ပိုင်ကား နံပတ် အနက်မှ အငှားယာဉ် အဖြစ် ပြောင်းလာသည့် ယာဉ်အရေအတွက်မှာ ၂၇၀၀၀ ခန့်ရှိရာ ပျှမ်းမျှအစီးရေ ၆၆၀၀၀ ကျော်ရှိသည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ယခင်စာရင်းများအရ သိရသည်။

*** ZAWGYI ***
CNG ကားမ်ား ဓါတ္ေငြ႕ေလေပါင္မျပည့္၍ အခက္ႀကဳံ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၇ ရက္။

CNG ေလာင္စာသုံး အငွါးယာဥ္ေမာင္းမ်ား ႏိုဝင္ဘာလဆန္းမွ စတင္၍ ဓါတ္ေငြ႕ေလေပါင္ မျပည့္ႏိုင္၍ အခက္ အခဲျဖစ္ေနရသည္ဟု ယာဥ္ေမာင္းမ်ားက ေျပာသည္။

CNG ယာဥ္ေမာင္းမ်ားအေနျဖင့္ ဓါတ္ေငြ႕ေလေပါင္ တစ္ႀကိမ္တန္းစီလွ်င္ ၃နာရီေက်ာ္ၾကာျမင့္ကာ တန္းစီခ်ိန္ မ်ားၿပီး ယာဥ္ေမာင္းခ်ိန္နည္းသြားၾကသည္။

ယာဥ္ေမာင္းအေတြ႕အႀကဳံ အႏွစ္ ၂၀ ခန႔္ရွိသူ အငွားယာဥ္ေမာင္းတစ္ဦး က “ဘယ္လိုေျပာရမလဲ ဂက္စ္လည္း အကုန္ ျမန္တယ္။ အရည္အေသြးလည္း မေကာင္းေတာ့ စလိုးေဒါင္းေတြ ဘာေတြလည္း မမွန္ေတာ့ဘူး။ ဘယ္ ဆိုင္က ေပါင္ျပည့္လဲဆိုၿပီး လိုက္ျဖည့္ေနရတယ္“ ဟု ရွင္းျပသည္။

ယခင္က ၇၀ လီတာ အိုးတစ္အိုး တစ္ႀကိမ္ျဖည့္လွ်င္ ကီလိုမီတာ ၁၄၀ ခန႔္ အထိ ေမာင္းႏိုင္ေသာ္လည္း ယခု ကီ လိုမီတာ ၉၀ ခန႔္သာ ေမာင္းႏိုင္သျဖင့္ ဓါတ္ေငြ႕ကုန္လွ်င္ သြားျပန္ျပန္ျဖည့္ေနရၿပီး CNG ဆိုင္မွာပဲ အခ်ိန္ကုန္ေနရ သည္ဟု လႈိင္ၿမိဳ႕နယ္က CNG ယာဥ္ေမာင္းတစ္ဦးက ေျပာသည္။

CNG ခဏခဏ ျပန္ျဖည့္ေနၾကရသျဖင့္ ေစာင့္ဆိုင္းခ်ိန္သည္ နံနက္ ၆ နာရီ တန္းစီလွ်င္ နံနက္ ၉ နာရီခြဲ အခ်ိန္ခန႔္မွ ျဖည့္ခြင့္ရေသာ္လည္း ေလေပါင္မျပည့္သည့္အျပင္ CNG အရည္အေသြးလည္း မေကာင္းဟု အငွားယာဥ္ ေမာင္း အေတြ႕အႀကဳံ ႏွစ္ ၂၀ ရွိသူ ယာဥ္ေမာင္းက ဆက္ေျပာသည္။

CNG ေဈးႏႈန္းမွာမူ ယခင္အတိုင္း ၇၀ လီတာ တစ္အိုးျဖည့္လွ်င္ ၂၈၀၀ က်ပ္၊ ၃၀၀၀ က်ပ္ ခန႔္သာ ေပးရေသာ္လည္း ယာဥ္ေမာင္းခ်ိန္ ေလ်ာ့သျဖင့္ ဝင္ေငြက်ဆင္းသည္ဟု အငွားယာဥ္ေမာင္းမ်ားက ေျပာသည္။

လက္ရွိ အခ်ိန္တြင္ ရန္ကုန္ၿမိဳ႕၌ CNG ဂတ္စ္ ဆိုင္ေပါင္း ၄၁ ဆိုင္ ရွိၿပီး ၁၀ ဆိုင္မွာ တကၠစီ သီးသန႔္ဆိုင္မ်ား ျဖစ္ သည္။ အဆိုပါဆိုင္မ်ားမွာ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီး ဌာန၊ ေရနံႏွင့္ သေဘာဝ ဓာတ္ေငြ႕ လုပ္ငန္းက ဟု သိရ သည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္း AA၊ BB၊ CC စသည့္ နံပါတ္ အနီအငွားယာဥ္ စုစုေပါင္း ၄ ေသာင္းနီးပါးခန႔္ ရွိၿပီး ကိုယ္ပိုင္ကား နံပတ္ အနက္မွ အငွားယာဥ္ အျဖစ္ ေျပာင္းလာသည့္ ယာဥ္အေရအတြက္မွာ ၂၇၀၀၀ ခန႔္ရွိရာ ပွ်မ္းမွ်အစီးေရ ၆၆၀၀၀ ေက်ာ္ရွိသည္ဟု ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာန၏ ယခင္စာရင္းမ်ားအရ သိရသည္။