နဂါးလေး သေနတ်ပစ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်။

တပ်မတော် ထောက်ခံသူ နာမည်ကျော်လူမိုက် နဂါးလေး(ခ) အောင်နိုင်မြင့်ကို လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်သွားသည်။

လက်နက်ကိုင် လူအချို့က နိုဝင်ဘာလ ၇ ရက်နေ့၊ နေ့လည်ပိုင်းတွင် တောင်ဒဂုံမြို့နယ်တွင်နေထိုင်သူ လူမိုက်နဂါးလေး(ခ)အောင်နိုင်မြင့်ကို သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သည်ဟု ရပ်ကွက်အတွင်းနေထိုင်သူများက ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာအနီး တွင်နေထိုင်သည့် အသက် ၄၀ ကျော်အရွယ်အမျိုးသားတစ်ဦး က “သူတို့ လမ်းထိပ်မှာပဲ အပစ်ခံရတာ။ လာပစ်တဲ့သူတွေက မျက်နှာဖုံး စွပ်ထားတယ်။ နဂါးလေးကတောင် သေပြီ လို့ ကြားတယ်။ သူကအဲ့ဒီ လမ်းထိပ်မှာအမြဲထိုင်နေကျ” ဟု ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံလိုက်ရသည့် လူမိုက်နဂါးလေးမှာ သေဆုံးသွားပြီဟု သတင်းများထွက်ပေါ်နေသော်လည်း သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုချက် မရရှိသေးပေ။

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် လူမိုက်နဂါးလေး(ခ) အောင်နိုင်မြင့်သည် တပ်မတော်ထောက်ခံသူ အမာခံဖြစ်ပြီး လက်ရှိတွင်လည်း စစ်ကောင်စီ သတင်းပေးလုပ်နေသည်ဟု ရပ်ကွက်အတွင်းနေထိုင်သူများက ပြောသည်။

တောင်ဒဂုံမြို့နယ်၊ ၂၀ ရပ်ကွက်အတွင်းနေထိုင်သူ တစ်ဦးက “သေနတ်သံက နှစ်ချက်ပဲကြားလိုက်တယ်။ လုံခြုံ ရေးတွေကတော့ အများကြီးပဲ။ အရွယ်ကောင်းတဲ့သူတွေ ဝင် ဆွဲမယ်လို့လည်း ကြားနေတယ်။ အခုအဲ့ဒီဖက်မှာ ဆိုင်တွေအကုန်ပိတ် ထားတယ်” ဟု ပြောသည်။

နဂါးလေးသည် မူးယစ်ဆေးဝါးမှု၊ လုယက်မှုတို့ကို ကျူးလွန်ခဲ့သဖြင့် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ဖမ်းဆီးထောင်ကျဖူးသူဖြစ်ပြီး စစ်ကောင်စီက အာဏာသိမ်းပြီးနောက် လွတ်ငြိမ်းဖြင့် ပြန်လည် လွတ်မြောက် လာသူ ဖြစ်သည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှု၏ တရားခံ အောင်ဝင်းဇော်သည် ၂၀၁၆ ခုနှစ်အတွင်းက နဂါးလေး ထံ ဆက်သွယ်ပြီး ဦးကိုနီအား သတ်ဖြတ်ပေးရန် ငွေကျပ်သိန်း ၂၀ဝ ဖြင့်ငှားရမ်းခဲ့ဖူးသည်။

*** ZAWGYI ***
နဂါးေလး ေသနတ္ပစ္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၇ ရက္။

တပ္မေတာ္ ေထာက္ခံသူ နာမည္ေက်ာ္လူမိုက္ နဂါးေလး(ခ) ေအာင္ႏိုင္ျမင့္ကို လူတစ္စုက ေသနတ္ျဖင့္ ပစ္ခတ္သြားသည္။

လက္နက္ကိုင္ လူအခ်ိဳ႕က ႏိုဝင္ဘာလ ၇ ရက္ေန႔၊ ေန႔လည္ပိုင္းတြင္ ေတာင္ဒဂုံၿမိဳ႕နယ္တြင္ေနထိုင္သူ လူမိုက္နဂါးေလး(ခ)ေအာင္ႏိုင္ျမင့္ကို ေသနတ္ျဖင့္ ပစ္ခတ္သြားခဲ့သည္ဟု ရပ္ကြက္အတြင္းေနထိုင္သူမ်ားက ေျပာသည္။

ပစ္ခတ္မႈျဖစ္ပြားခဲ့သည့္ေနရာအနီး တြင္ေနထိုင္သည့္ အသက္ ၄၀ ေက်ာ္အ႐ြယ္အမ်ိဳးသားတစ္ဦး က “သူတို႔ လမ္းထိပ္မွာပဲ အပစ္ခံရတာ။ လာပစ္တဲ့သူေတြက မ်က္ႏွာဖုံး စြပ္ထားတယ္။ နဂါးေလးကေတာင္ ေသၿပီ လို႔ ၾကားတယ္။ သူကအဲ့ဒီ လမ္းထိပ္မွာအၿမဲထိုင္ေနက်” ဟု ေျပာသည္။

ေသနတ္ျဖင့္ ပစ္ခတ္ခံလိုက္ရသည့္ လူမိုက္နဂါးေလးမွာ ေသဆုံးသြားၿပီဟု သတင္းမ်ားထြက္ေပၚေနေသာ္လည္း သတင္းႏွင့္မီဒီယာကြန္ရက္ သတင္းဌာနအေနျဖင့္ သီးျခားအတည္ျပဳခ်က္ မရရွိေသးေပ။

ေသနတ္ျဖင့္ ပစ္ခတ္ခံရသည့္ လူမိုက္နဂါးေလး(ခ) ေအာင္ႏိုင္ျမင့္သည္ တပ္မေတာ္ေထာက္ခံသူ အမာခံျဖစ္ၿပီး လက္ရွိတြင္လည္း စစ္ေကာင္စီ သတင္းေပးလုပ္ေနသည္ဟု ရပ္ကြက္အတြင္းေနထိုင္သူမ်ားက ေျပာသည္။

ေတာင္ဒဂုံၿမိဳ႕နယ္၊ ၂၀ ရပ္ကြက္အတြင္းေနထိုင္သူ တစ္ဦးက “ေသနတ္သံက ႏွစ္ခ်က္ပဲၾကားလိုက္တယ္။ လုံၿခဳံ ေရးေတြကေတာ့ အမ်ားႀကီးပဲ။ အ႐ြယ္ေကာင္းတဲ့သူေတြ ဝင္ ဆြဲမယ္လို႔လည္း ၾကားေနတယ္။ အခုအဲ့ဒီဖက္မွာ ဆိုင္ေတြအကုန္ပိတ္ ထားတယ္” ဟု ေျပာသည္။

နဂါးေလးသည္ မူးယစ္ေဆးဝါးမႈ၊ လုယက္မႈတို႔ကို က်ဴးလြန္ခဲ့သျဖင့္ ၂၀၁၇ ခုႏွစ္၊ ေဖေဖာ္ဝါရီလအတြင္းက ဖမ္းဆီးေထာင္က်ဖူးသူျဖစ္ၿပီး စစ္ေကာင္စီက အာဏာသိမ္းၿပီးေနာက္ လြတ္ၿငိမ္းျဖင့္ ျပန္လည္ လြတ္ေျမာက္ လာသူ ျဖစ္သည္။

တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီလုပ္ႀကံခံရမႈ၏ တရားခံ ေအာင္ဝင္းေဇာ္သည္ ၂၀၁၆ ခုႏွစ္အတြင္းက နဂါးေလး ထံ ဆက္သြယ္ၿပီး ဦးကိုနီအား သတ္ျဖတ္ေပးရန္ ေငြက်ပ္သိန္း ၂၀ဝ ျဖင့္ငွားရမ္းခဲ့ဖူးသည္။